ပရိသတ်တွေသည်းသည်းလှုပ်ချစ်နေကြတဲ့ Lee Byung Hun နဲ့ Lee Min Jung တို့ရဲ့ သားလေး 😍






Unicode

နောင်တစ်ခေတ်ရဲ့မင်းသားချောလေးလို့ပြောရမလား

တောင်ကိုရီးယားမင်းသားချော Lee Byung Hun နဲ့ မင်းသမီး Lee Min Jung တို့ရဲ့ချစ်စရာသားလေးဟာ အခုလတ်တလောမှာဆိုရင် ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်တာကိုခံနေရပါတယ်တဲ့။

သိပ်မကြာသေးခင်က အနုပညာရှင်စုံတွဲလေးဟာ သူတို့မိသားစုပုံရိပ်လေးကို အင်တာနက်စာမျက်နှာပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။တကယ်တော့ မင်းသမီး Lee Min Jung ဟာ သူမရဲ ့သားဖြစ်သူ Joon Hoo ရဲ ့ပုံတော်တော်များများကိုအင်စတာဂရမ်မှာတင်ခဲ့ဖူးပါတယ်။ဒါပေမဲ့ ဒါကတော့ ကလေးရဲ့မျက်နှာကို ပထမဆုံးအကြိမ်ဖော်ပြတာပါ 😮

လက်ချင်းတွဲထားတဲ့မိသားစုပုံလေးတင်ပြီးတဲ့နောက် ပရိသတ်တွေက “၀ိုးးသူတောင် တော်တော်လေးအရွယ်ရောက်လာပြီ””ချစ်စရာကောင်းလိုက်တာ””Joon Hoo လေး ကျန်းကျန်းမာမာနဲ့အရွယ်ရောက်လာပြီ”စသဖြင့် ကလေးကိုချစ်တဲ့အကြောင်း၊”မျက်လုံးလေးက အမေနဲ့တူတယ်၊နှာခေါင်းလေးက အဖေနဲ့တူတယ်စသဖြင့် Lee Min Jung နဲ့တူတယ်ပြောတဲ့သူကတစ်မျိုး Lee Byung Hun နဲ့တူတယ်ပြောတဲ့သူကတစ်ဖုံ comment များစွာရေးသားခဲ့ကြပါတယ်။နာမည်ကျော်တွေဖြစ်ကြတဲ့ Lee Byung Hun နဲ့ Lee Min Jung ဟာ ၂၀၁၃ မှာလက်ထပ်ခဲ့ကြတာဖြစ်ပြီး သားလေး Joon Hoo ကို ၂၀၁၅ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

မိဘနှစ်ပါးလုံးရဲ့ချောမောလှပမှုတွေလက်ဆင့်ကမ်းအမွေရထားတဲ့ Joon Hoo လေးဟာ ကြီးလာရင် သူ့အဖေနဲ့အမေလို အနုပညာလောကထဲပဲရောက်လာမလား၊၀ါသနာပါရာတစ်ခြားအလုပ်တွေပဲလုပ်မလားမသိပေမဲ့ အနုပညာလောကထဲရောက်လာရင်တော့ မိန်းကလေးတွေအသည်းစွဲမင်းသားချောလေးတစ်လက်ဖြစ်လာမှာမလွဲပါဘူး။ကြည်နူးစရာကောင်းတဲ့မိသားစုပုံရိပ်လေးတွေကြည့်လိုက်ပါဦး 💕

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.