ကုိယ့္ခႏၶာကုိယ္ပံုစံနဲ႔ပတ္သက္ျပီးအလိုမက်ျဖစ္ေနသူေတြအတြက္ Gigi ေျပာတဲ႔စကားတစ္ခ်ိဳ႔💙

တစ္ခါတစ္ေလ ကုိယ့္ရဲ႔ခႏၶာကုိယ္ပံုစံနဲ႔ပတ္သက္ျပီးအလိုမက်ျဖစ္တတ္ၾကတယ္။စိတ္အားငယ္တတ္ၾကတယ္။စိတ္ဓာတ္က်တတ္ၾကတယ္။ဒါေပမဲ႔ ဒီလုိကုိယ့္ခႏၶာကုိယ္နဲ႔ပတ္သက္ျပီးအေကာင္းျမင္တဲ႔စိတ္ေလး၊အေကာင္းျမင္တဲ႔အေတြးေလးရွိဖုိ႔ နာမည္ေက်ာ္ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ႔ Gigi Hadid က သူမရဲ႔အေတြ႔အၾကံဳနဲ႔အားေပးစကားေလးအနည္းငယ္ေျပာခဲ႔ပါတယ္။

အင္တာဗ်ဴးတစ္ခုမွာGigi က “အႏုပညာအလုပ္ကုိစလုပ္တဲ႔အခ်ိန္မွာ လူေတြက ကြ်န္မကုိ troll ၾကတယ္။လူေကာင္ကအရမ္းၾကီးေနတယ္ဆုိျပီးေတာ့ေပ့ါ။အခု ဒီအခ်ိန္မွာက်ေတာ့ ကြ်န္မကုိအရမ္းပိန္လြန္းတယ္ဆုိျပီး Troll ၾကျပန္ေရာ။တကယ္လုိ႔ ကြ်န္မေရြးခ်ယ္ခြင့္ရွိခဲ႔မယ္ဆုိရင္ လြန္ခဲ႔တဲ႔ႏွစ္ေတြက ကြ်န္မပံုစံကုိျပန္ျပီးလုိခ်င္ပါတယ္။ဒါေပမဲ႔  ျပန္လိုခ်င္လို႔မရေတာ့ပါဘူး။အဲ႔ဒီေနာက္ ကြ်န္မ ကုိယ့္ခႏၶာကုိယ္ကုိ ခ်စ္ခဲ႔တယ္။ျပီးေတာ့ အခု ကြ်န္မရဲ ႔ခႏၶာကုိယ္ ဘယ္လိုျဖစ္ျဖစ္ ခ်စ္ေနပါျပီ“လုိ႔ေျဖခဲ႔တာပါ။

ကုိယ့္ခႏၶာကုိယ္နဲ႔ပတ္သက္လို႔အလိုမက်ျဖစ္ေနတဲ႔သူေတြအတြက္ေျပာခဲ႔တာက “ဒီစာကုိဖတ္ေနတဲ႔သူဘယ္သူပဲျဖစ္ျဖစ္ပါ  အားလံုးကုိနားလည္ေစခ်င္တာက အခုကစလုိ႔ ေနာက္ထပ္သံုးႏွစ္အၾကာမွာ အခုရိုက္ထားတဲ႔ပံုကုိျပန္ၾကည့္မိပါလိမ့္မယ္။ျပီးရင္ ၀ုိးးငါအရင္တုန္းက ေတာ္ေတာ္ေခ်ာခဲ႔လန္းခဲ႔တာပဲ။ဘာလို႔မ်ား တစ္ေယာက္ေယာက္က မေကာင္းေျပာတာနဲ႔ကုိယ့္ကုိယ့္ကုိယ္ အျပစ္မကင္းသလုိ အလိုမက်သလို ဆုိးဆုိး၀ါး၀ါးခံစားမိခဲ႔တာပါလိမ့္ဆုိျပီးေတြးမိလာပါလိမ့္မယ္တဲ႔”။ကုိယ့္ရဲ႔အခုခႏၶာကုိယ္ကုိ ခ်စ္တတ္ဖုိ႔ေျပာျပထားတာပါ။

ျပီးေတာ့ “အြန္လုိင္းေပၚမွာျမင္ေတြ႔ေနရတဲ႔သူေတြနဲ႔ ကုိယ့္ကုိယ့္ကုိ ႏိႈင္းယွဥ္တတ္တာမ်ိဳး မလုပ္မိဖုိ႔ အေရးၾကီးပါတယ္။ဘာလို႔လဲဆုိေတာ့ ဒီလိုမ်ိဳးအျမဲလွေနဖုိ႔၊ခႏၶာကုိယ္ပံုက်ေနဖုိ႔က ကြ်န္မတုိ႔အလုပ္ မင္းသား၊မင္းသမီး၊ေမာ္ဒယ္လ္ေတြရဲ႔အလုပ္ပါ။ကြ်န္မတို႔ေတြ Gym သြားရတယ္။ထရိန္နာနဲ႔ေလ့က်င့္ရတယ္။က်န္းမာေရးနဲ႔ညီညြတ္ေအာင္စားရတယ္။ေနာက္တစ္ခုက ဓာတ္ပံုေတြရဲ ႔၉၉.၉ ရာခုိင္ႏႈန္းဟာPhotoshop ေတြခ်ည္းပါပဲ။ဒါက ကြ်န္မရဲ႔ အေတြ႔အၾကံဳကုိျပန္ျပီး မ်ွေ၀ေပးတာပါ။ခႏၶာကုိယ္က ေျပာင္းလဲမႈေတြအျမဲရွိေနမွာျဖစ္ျပီး ဘယ္လုိေျပာင္းလဲမႈေတြျဖစ္ျဖစ္ အဲ႔ဒီထဲမွာ လွပမႈဆိုတာအျမဲရွိေနပါတယ္”ဆုိတဲ႔စကားေလးနဲ႔ ကုိယ့္ခႏၶာကုိယ္ကုိ အေကာင္းျမင္ဖုိ႔ေျပာသြားခဲ႔တာပဲျဖစ္ပါတယ္။

Unicode

တစ်ခါတစ်လေ ကိုယ့်ရဲ့ခန္ဓာကိုယ်ပုံစံနဲ့ပတ်သက်ပြီးအလိုမကျဖြစ်တတ်ကြတယ်။စိတ်အားငယ်တတ်ကြတယ်။စိတ်ဓာတ်ကျတတ်ကြတယ်။ဒါပေမဲ့ ဒီလိုကိုယ့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးအကောင်းမြင်တဲ့စိတ်လေး၊အကောင်းမြင်တဲ့အတွေးလေးရှိဖို့ နာမည်ကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Gigi Hadid က သူမရဲ့အတွေ့အကြုံနဲ့အားပေးစကားလေးအနည်းငယ်ပြောခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာGigi က “အနုပညာအလုပ်ကိုစလုပ်တဲ့အချိန်မှာ လူတွေက ကျွန်မကို troll ကြတယ်။လူကောင်ကအရမ်းကြီးနေတယ်ဆိုပြီးတော့ပေ့ါ။အခု ဒီအချိန်မှာကျတော့ ကျွန်မကိုအရမ်းပိန်လွန်းတယ်ဆိုပြီး Troll ကြပြန်ရော။တကယ်လို့ ကျွန်မရွေးချယ်ခွင့်ရှိခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်တွေက ကျွန်မပုံစံကိုပြန်ပြီးလိုချင်ပါတယ်။ဒါပေမဲ့  ပြန်လိုချင်လို့မရတော့ပါဘူး။အဲ့ဒီနောက် ကျွန်မ ကိုယ့်ခန္ဓာကိုယ်ကို ချစ်ခဲ့တယ်။ပြီးတော့ အခု ကျွန်မရဲ ့ခန္ဓာကိုယ် ဘယ်လိုဖြစ်ဖြစ် ချစ်နေပါပြီ”လို့ဖြေခဲ့တာပါ။

ကိုယ့်ခန္ဓာကိုယ်နဲ့ပတ်သက်လို့အလိုမကျဖြစ်နေတဲ့သူတွေအတွက်ပြောခဲ့တာက “ဒီစာကိုဖတ်နေတဲ့သူဘယ်သူပဲဖြစ်ဖြစ်ပါ  အားလုံးကိုနားလည်စေချင်တာက အခုကစလို့ နောက်ထပ်သုံးနှစ်အကြာမှာ အခုရိုက်ထားတဲ့ပုံကိုပြန်ကြည့်မိပါလိမ့်မယ်။ပြီးရင် ဝိုးးငါအရင်တုန်းက တော်တော်ချောခဲ့လန်းခဲ့တာပဲ။ဘာလို့များ တစ်ယောက်ယောက်က မကောင်းပြောတာနဲ့ကိုယ့်ကိုယ့်ကိုယ် အပြစ်မကင်းသလို အလိုမကျသလို ဆိုးဆိုးဝါးဝါးခံစားမိခဲ့တာပါလိမ့်ဆိုပြီးတွေးမိလာပါလိမ့်မယ်တဲ့။ကိုယ့်ရဲ့အခုခန္ဓာကိုယ်ကို ချစ်တတ်ဖို့ပြောပြထားတာပါ။

ပြီးတော့ “အွန်လိုင်းပေါ်မှာမြင်တွေ့နေရတဲ့သူတွေနဲ့ ကိုယ့်ကိုယ့်ကို နှိုင်းယှဉ်တတ်တာမျိုး မလုပ်မိဖို့ အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ ဒီလိုမျိုးအမြဲလှနေဖို့၊ခန္ဓာကိုယ်ပုံကျနေဖို့က ကျွန်မတို့အလုပ် မင်းသား၊မင်းသမီး၊မော်ဒယ်လ်တွေရဲ့အလုပ်ပါ။ကျွန်မတို့တွေ Gym သွားရတယ်။ထရိန်နာနဲ့လေ့ကျင့်ရတယ်။ကျန်းမာရေးနဲ့ညီညွတ်အောင်စားရတယ်။နောက်တစ်ခုက ဓာတ်ပုံတွေရဲ ့၉၉.၉ ရာခိုင်နှုန်းဟာPhotoshop တွေချည်းပါပဲ။ဒါက ကျွန်မရဲ့ အတွေ့အကြုံကိုပြန်ပြီး မျှဝေပေးတာပါ။ခန္ဓာကိုယ်က ပြောင်းလဲမှုတွေအမြဲရှိနေမှာဖြစ်ပြီး ဘယ်လိုပြောင်းလဲမှုတွေဖြစ်ဖြစ် အဲ့ဒီထဲမှာ လှပမှုဆိုတာအမြဲရှိနေပါတယ်”ဆိုတဲ့စကားလေးနဲ့ ကိုယ့်ခန္ဓာကိုယ်ကို အကောင်းမြင်ဖို့ပြောသွားခဲ့တာပဲဖြစ်ပါတယ်။

393 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.