ယူတုိ႔စံုတြဲေတြရဲ႔အခ်စ္ေရးအေနအထားကုိ ဒီလုိ Type ေလးေတြနဲ႔ခြဲထားတယ္ 💕

အီလီႏြိဳက္ျပည္နယ္မွာရွိတဲ႔တကၠသုိလ္တစ္ခုက သိပၸံပညာရွင္ေတြဟာ စံုတြဲ ၃၇၆ တြဲကုိ ၉လၾကာစမ္းသပ္ေလ့လာခဲ႔ၾကပါတယ္တဲ႔။သူတုိ႔သိခ်င္တာကေတာ့ အခ်ိန္ေတြၾကာေလ ခံစားခ်က္ေတြဘယ္လိုေျပာင္းလဲလာၾကလဲဆုိတာပါပဲ။ဒီလုိေလ့လာခ်က္အေျဖအရ စံုတြဲအမ်ိဳးအစားေလးမ်ိဳးရွိတာကုိေတ႔ြရွိခဲ့ရျပီး ၉လၾကာစစ္ေဆးခ်က္အရ အခ်စ္ေရးတစ္ခုက ဘယ္လိုေျပာင္းလဲလာႏုိင္လဲ၊ဘယ္လိုအဆံုးသတ္ႏုိင္လဲဆုိတာ ခန္႔မွန္းေဖာ္ျပခဲ႔ၾကပါတယ္။ဒီေတာ့ ယူတုိ႔စံုတြဲကေရာ ဘယ္လုိစံုတြဲအမ်ိဳးအစားထဲမွာပါ၀င္ေနလဲ၊ဘယ္လိုအခ်စ္ေရးမ်ိဳးျဖစ္မလဲဆုိတာ ဆန္းစစ္ၾကည့္လိုက္ပါဦး

Conflicting but passionate

ဒီလုိစံုတြဲေလးေတြကေတာ့
*အတူတူရွိၾကတဲ႔အခ်ိန္ေတြမ်ားတယ္
*ေတြ႔ဆံုတုိင္းလည္း တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ခင္တြယ္တာမႈေတြအျပည့္
*ဒါေပမဲ႔ ခံစားခ်က္ေတြကေတာ့ မၾကာခဏေျပာင္းလဲေနေလ့ရွိတယ္(အခု အရမ္းခ်စ္လုိက္၊အခုစိတ္ဆုိးသြားလုိက္)
*စိတ္ဆုိးလို႔လမ္းခြဲလုိက္လုည္း တစ္ေယာက္နဲ႔တစ္ေယာက္ ျပန္လြမ္း ျပန္သတိရျပီး ေနာက္ထပ္တစ္ခါ ျပန္ခ်စ္ၾကျပန္ေရာ။
ဒီလုိ စံုတြဲေလးေတြရဲ ႔အေျခအေနကိုေဖာ္ျပရမယ္ဆုိရင္ နည္းနည္းေတာ့ရႈပ္ေထြးတယ္ေပါ့။ဒါေပမဲ႔လည္း တစ္ျခားစံုတြဲအမ်ိဳးအစားေတြထက္ သူတုိ႔က တြဲလက္ေတြပုိုျပီးခုိင္ျမဲၾကပါတယ္တဲ႔။

Drama lovers

ဒီစံုတြဲေတြကေတ့ာ…
*စိတ္ညစ္စရာနဲ႔ေပ်ာ္ရႊင္စရာဆုိတာ တစ္လွည့္စီျဖစ္ေနမယ္
*အတိတ္တုန္းကၾကံဳခဲ႔ရတဲ႔ မေကာင္းတဲ႔အျဖစ္အပ်က္ေတြေၾကာင့္ ဒီအခ်စ္ေရးမွာလည္းမေကာင္းျမင္စိတ္ေတြ၊မေကာင္းျမင္အေတြးေတြရွိေနတယ္။ဆံုးျဖတ္ခ်က္အမွားေတြခ်ဖုိ႔ၾကိဳးစားေနတတ္တယ္
*ခ်စ္သူနဲ႔အတူတူေလ်ွာက္သြားေလ်ွာက္လာတာထက္ သူငယ္ခ်င္းေတြနဲ႔အတူေလ်ွာက္သြားရတာကုိပုိျပီးလိုလားတယ္
ဒီလုိစံုတြဲေတြဟာ တစ္ျခားစံုတြဲေတြထက္စာရင္ ၂ဆေလာက္ လမ္းခြဲျခင္းနဲ႔အဆံုးသတ္လုိက္ရတာမ်ားတယ္။ဒီလုိစံုုတြဲတစ္၀က္ရဲ ႔အနည္းငယ္ေလာက္သာလက္ထပ္ဖုိ႔ထိ သူတုိ႔ရဲ႔အခ်စ္ေရးကုိ ဆြဲဆန္႔ႏုိင္ၾကတယ္။

Party people

ဒီလုိစံုတြဲေလးေတြက…
*အျပင္မွာေတြ႔ဆံုခ်ိန္ထက္ ဆုိရွယ္မီဒီယာေပၚမွာပဲ စကားေျပာျဖစ္၊ဆက္သြယ္ျဖစ္ၾကတာပုိမ်ားတယ္
*ႏွစ္ေယာက္လံုးက လူခ်စ္လူခင္မ်ားတဲ႔သူေတြျဖစ္သလုိ သူငယ္ခ်င္းေတြလည္းအမ်ားၾကီးရွိၾကတယ္
*သီးသန္႔ႏွစ္ေယာက္တည္းေတြ႔ဆံုတာမ်ိဳးမဟုတ္ပဲ သူငယ္ခ်င္းေတြနဲ႔အုပ္စုလိုက္အတူတူရွိရတာကုိႏွစ္သက္တယ္။အားလပ္ရက္ဆုိ အိမ္မွာသူငယ္ခ်င္းေတြစုျပီးေပ်ာ္ေပ်ာ္ပါးပါးစားၾကေသာက္ၾကတယ္။ထမင္းဟင္းေတြအတူတူခ်က္ၾကတယ္။ဒါမွမဟုတ္ ညဘက္အုပ္စုလိုက္အျပင္ထြက္ေလ်ွာက္လည္ၾကတယ္
*ခ်စ္သူႏွစ္ဦး တစ္ေယာက္နဲ႔တစ္ေယာက္ မျခြင္းမခ်န္ ပြင့္ပြင့္လင္းလင္းေျပာျဖစ္ၾကျပီး သက္ေတာင့္သက္သာေႏြးေႏြးေထြးေထြးရွိၾကတယ္။

ဒီစံုတြဲေလးေတြရဲ႔အခ်စ္ေရးကေတာ့ ေပါ့ပါးေပမဲ႔ ခုိင္မာတယ္လုိ႔ယူဆလို႔ရပါတယ္။ဘာလုိ႔လဲဆုိေတာ့ ႏွစ္ေယာက္သားကသူငယ္ခ်င္းလုိလည္းခံစားခ်က္သံေယာဇဥ္ရွိၾကသလို ခ်စ္သူလိုလည္းနားလည္မႈအျပည့္ရွိၾကတယ္။ဒီလုိစံုတြဲသံုးပံုမွာႏွစ္ပံုက လက္ထပ္ၾကတဲ႔အထိအခ်စ္ေတြခိုင္ျမဲသြားၾကတယ္။

Oriented toward each other

ဒါကေတာ့ ေနာက္ဆံုးစံုတြဲအမ်ိဳးအစားေလးေပါ့
*ႏွစ္ေယာက္သား အတူတူအခ်ိန္ကုန္ဆံုးၾကတာမ်ားတယ္
*ႏွစ္ေယာက္လံုးမွာတူညီတဲ႔၀ါသနာ၊တူညီတ႔ဲစိတ္၀င္စားမႈေတြရွိၾကတယ္။အၾကိဳက္ခ်င္းညီၾကတယ္ေပါ့
*အခ်စ္ေရးနဲ႔ပတ္သက္လုိ႔ အက်ိဳးရွိေစမယ့္အခြင့္အလမ္းေတြကုိပဲေရြးခ်ယ္ျပီးဆံုးျဖတ္ခ်က္ခ်တတ္ၾကတယ္
*ႏွစ္ေယာက္လံုးက တစ္ေယာက္ကုိတစ္ေယာက္အေတာ္လည္းခ်စ္ၾကသလုိ ရႈေထာင့္အျမင္ခ်င္းလည္းတူညီၾကတယ္။အျငင္းပြားစရာသိပ္မရွိ။
*အျငင္းပြားစရာ၊ျပႆနာတစ္ခုခုရွိလာျပီဆုိရင္လည္း အေပးအယူမ်ွတစြာနဲ႔ ေျဖရွင္းတတ္ၾကတယ္
ဒီလုိစံုတြဲကေတာ့ အခ်စ္ေရးမွာေပ်ာ္ရႊင္မႈ ၉၀ရာခုိင္ႏႈန္းေတာင္ရွိၾကပါတယ္။သူတုိ႔ရဲ႔အခ်စ္ေရးကခိုင္မာျပီးသာယာတဲ႔မိသားစုဘ၀ေလးကုိ တည္ေဆာက္သြားႏုိင္ၾကတဲ႔စံုတြဲပဲျဖစ္ပါတယ္။

ဒီလိုေတြ႔ရွိခဲ့ၾကတယ္ဆုိေပမဲ႔လည္း  ကုိယ့္အခ်စ္ေရးကဘယ္လုိပံုစံမ်ိဳးလဲဆုိတာနားလည္ရင္ သက္ဆံုးတုိင္ဆုိတဲ႔လမ္းအထိေကာင္းမြန္တဲ႔အေျပာင္းအလဲေလးေတြနဲ႔ ေလ်ွာက္လွမ္းလို႔ရပါတယ္။Trend ပ်ိဳေမေတြလည္း ခိုင္ျမဲတဲ႔အခ်စ္ေရးေလး ပုိင္ဆုိင္နုိင္ပါေစေနာ္

Unicode

အီလီနွိုက်ပြည်နယ်မှာရှိတဲ့တက္ကသိုလ်တစ်ခုက သိပ္ပံပညာရှင်တွေဟာ စုံတွဲ ၃၇၆ တွဲကို ၉လကြာစမ်းသပ်လေ့လာခဲ့ကြပါတယ်တဲ့။သူတို့သိချင်တာကတော့ အချိန်တွေကြာလေ ခံစားချက်တွေဘယ်လိုပြောင်းလဲလာကြလဲဆိုတာပါပဲ။ဒီလိုလေ့လာချက်အဖြေအရ စုံတွဲအမျိုးအစားလေးမျိုးရှိတာကိုတွေ့ရှိခဲ့ရပြီး ၉လကြာစစ်ဆေးချက်အရ အချစ်ရေးတစ်ခုက ဘယ်လိုပြောင်းလဲလာနိုင်လဲ၊ဘယ်လိုအဆုံးသတ်နိုင်လဲဆိုတာ ခန့်မှန်းဖော်ပြခဲ့ကြပါတယ်။ဒီတော့ ယူတို့စုံတွဲကရော ဘယ်လိုစုံတွဲအမျိုးအစားထဲမှာပါဝင်နေလဲ၊ဘယ်လိုအချစ်ရေးမျိုးဖြစ်မလဲဆိုတာ ဆန်းစစ်ကြည့်လိုက်ပါဦး

Conflicting but passionate
ဒီလိုစုံတွဲလေးတွေကတော့
*အတူတူရှိကြတဲ့အချိန်တွေများတယ်
*တွေ့ဆုံတိုင်းလည်း တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်တွယ်တာမှုတွေအပြည့်
*ဒါပေမဲ့ ခံစားချက်တွေကတော့ မကြာခဏပြောင်းလဲနေလေ့ရှိတယ်(အခု အရမ်းချစ်လိုက်၊အခုစိတ်ဆိုးသွားလိုက်)
*စိတ်ဆိုးလို့လမ်းခွဲလိုက်လုည်း တစ်ယောက်နဲ့တစ်ယောက် ပြန်လွမ်း ပြန်သတိရပြီး နောက်ထပ်တစ်ခါ ပြန်ချစ်ကြပြန်ရော။
ဒီလို စုံတွဲလေးတွေရဲ ့အခြေအနေကိုဖော်ပြရမယ်ဆိုရင် နည်းနည်းတော့ရှုပ်ထွေးတယ်ပေါ့။ဒါပေမဲ့လည်း တစ်ခြားစုံတွဲအမျိုးအစားတွေထက် သူတို့က တွဲလက်တွေပိုုပြီးခိုင်မြဲကြပါတယ်တဲ့။

Drama lovers
ဒီစုံတွဲတွေကတေ့ာ…
*စိတ်ညစ်စရာနဲ့ပျော်ရွှင်စရာဆိုတာ တစ်လှည့်စီဖြစ်နေမယ်
*အတိတ်တုန်းကကြုံခဲ့ရတဲ့ မကောင်းတဲ့အဖြစ်အပျက်တွေကြောင့် ဒီအချစ်ရေးမှာလည်းမကောင်းမြင်စိတ်တွေ၊မကောင်းမြင်အတွေးတွေရှိနေတယ်။ဆုံးဖြတ်ချက်အမှားတွေချဖို့ကြိုးစားနေတတ်တယ်
*ချစ်သူနဲ့အတူတူလျှောက်သွားလျှောက်လာတာထက် သူငယ်ချင်းတွေနဲ့အတူလျှောက်သွားရတာကိုပိုပြီးလိုလားတယ်
ဒီလိုစုံတွဲတွေဟာ တစ်ခြားစုံတွဲတွေထက်စာရင် ၂ဆလောက် လမ်းခွဲခြင်းနဲ့အဆုံးသတ်လိုက်ရတာများတယ်။ဒီလိုစုုံတွဲတစ်ဝက်ရဲ ့အနည်းငယ်လောက်သာလက်ထပ်ဖို့ထိ သူတို့ရဲ့အချစ်ရေးကို ဆွဲဆန့်နိုင်ကြတယ်။

Party people
ဒီလိုစုံတွဲလေးတွေက…
*အပြင်မှာတွေ့ဆုံချိန်ထက် ဆိုရှယ်မီဒီယာပေါ်မှာပဲ စကားပြောဖြစ်၊ဆက်သွယ်ဖြစ်ကြတာပိုများတယ်
*နှစ်ယောက်လုံးက လူချစ်လူခင်များတဲ့သူတွေဖြစ်သလို သူငယ်ချင်းတွေလည်းအများကြီးရှိကြတယ်
*သီးသန့်နှစ်ယောက်တည်းတွေ့ဆုံတာမျိုးမဟုတ်ပဲ သူငယ်ချင်းတွေနဲ့အုပ်စုလိုက်အတူတူရှိရတာကိုနှစ်သက်တယ်။အားလပ်ရက်ဆို အိမ်မှာသူငယ်ချင်းတွေစုပြီးပျော်ပျော်ပါးပါးစားကြသောက်ကြတယ်။ထမင်းဟင်းတွေအတူတူချက်ကြတယ်။ဒါမှမဟုတ် ညဘက်အုပ်စုလိုက်အပြင်ထွက်လျှောက်လည်ကြတယ်
*ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက် မခြွင်းမချန် ပွင့်ပွင့်လင်းလင်းပြောဖြစ်ကြပြီး သက်တောင့်သက်သာနွေးနွေးထွေးထွေးရှိကြတယ်။

ဒီစုံတွဲလေးတွေရဲ့အချစ်ရေးကတော့ ပေါ့ပါးပေမဲ့ ခိုင်မာတယ်လို့ယူဆလို့ရပါတယ်။ဘာလို့လဲဆိုတော့ နှစ်ယောက်သားကသူငယ်ချင်းလိုလည်းခံစားချက်သံယောဇဉ်ရှိကြသလို ချစ်သူလိုလည်းနားလည်မှုအပြည့်ရှိကြတယ်။ဒီလိုစုံတွဲသုံးပုံမှာနှစ်ပုံက လက်ထပ်ကြတဲ့အထိအချစ်တွေခိုင်မြဲသွားကြတယ်။

Oriented toward each other
ဒါကတော့ နောက်ဆုံးစုံတွဲအမျိုးအစားလေးပေါ့
*နှစ်ယောက်သား အတူတူအချိန်ကုန်ဆုံးကြတာများတယ်
*နှစ်ယောက်လုံးမှာတူညီတဲ့ဝါသနာ၊တူညီတဲ့စိတ်ဝင်စားမှုတွေရှိကြတယ်။အကြိုက်ချင်းညီကြတယ်ပေါ့
*အချစ်ရေးနဲ့ပတ်သက်လို့ အကျိုးရှိစေမယ့်အခွင့်အလမ်းတွေကိုပဲရွေးချယ်ပြီးဆုံးဖြတ်ချက်ချတတ်ကြတယ်
*နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်အတော်လည်းချစ်ကြသလို ရှုထောင့်အမြင်ချင်းလည်းတူညီကြတယ်။အငြင်းပွားစရာသိပ်မရှိ။
*အငြင်းပွားစရာ၊ပြဿနာတစ်ခုခုရှိလာပြီဆိုရင်လည်း အပေးအယူမျှတစွာနဲ့ ဖြေရှင်းတတ်ကြတယ်
ဒီလိုစုံတွဲကတော့ အချစ်ရေးမှာပျော်ရွှင်မှု ၉ဝရာခိုင်နှုန်းတောင်ရှိကြပါတယ်။သူတို့ရဲ့အချစ်ရေးကခိုင်မာပြီးသာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်သွားနိုင်ကြတဲ့စုံတွဲပဲဖြစ်ပါတယ်။

ဒီလိုတွေ့ရှိခဲ့ကြတယ်ဆိုပေမဲ့လည်း  ကိုယ့်အချစ်ရေးကဘယ်လိုပုံစံမျိုးလဲဆိုတာနားလည်ရင် သက်ဆုံးတိုင်ဆိုတဲ့လမ်းအထိကောင်းမွန်တဲ့အပြောင်းအလဲလေးတွေနဲ့ လျှောက်လှမ်းလို့ရပါတယ်။Trend ပျိုမေတွေလည်း ခိုင်မြဲတဲ့အချစ်ရေးလေး ပိုင်ဆိုင်နိုင်ပါစေနော်

287 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.