ပရိတ်သတ်များ စောင့်မျှော်နေတဲ့ Captain Marvel Trailer ထွက်ပြီ

Captain Marvel ဟာ အမေရိကန် စူပါဟီးရိုး ဇာတ်ကားဖြစ်ပြီး Marvel Comics မှ ဇာတ်ကောင် Carol Danvers/Captain Marvel ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

Related image

ဒီဇာတ်ကားအတွက် ဒါရိုက်တာ Anna Boden, Ryan Fleck ၊ screen play တွေကတော့ Meg LeFauve ၊ Nicole Perlman ၊ Geneva Robertson-Dworet ၊ Liz Flahive ၊ Carly Mensch တို့ဖြစ်ပါတယ်။

Related image

အနုပညာရှင်များကတော့ Brie Larson ,Samuel L. Jackson, Ben Mendelsohn နဲ့ Djimon Hounsou တို့ပါဝင်သရုပ်ဆောင်သွားမှာပါ။ ၂ဝ၁၉ မတ်လ ၈ရက်နေ့ ထွက်ရှိတော့မှာပါ ။

Image result for captain marvel

ဂြိုလ်နှစ်ခု စစ်ဖြစ်ချိန် ကြားညှပ်နေတဲ့ ကမ္ဘာကိုကာကွယ်ဖို့အတွက် Danvers ဟာ Captain Marvel တစ်ယောက်ဖြစ်လာပုံဇာတ်လမ်းကို ရိုက်ထားတာဖြစ်ပါတယ်။ First Trailer ပဲရှိသေးတာမို့ နောက်ထပ် အကြမ်းတွေ ဘယ်လိုလာဦးမလဲဆိုတာ စောင့်မျှော်အားပေးလိုက်ရအောင်နော်.. Marvel fan တွေ.. ready ပဲလား ?

51 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.