မကြာခဏ ချစ်ရည်လူးပေးခြင်းရဲ့အကျိုးကျေးဇူးလေးတွေ

တစ်လမှာ မင်းရဲ့လိင်စိတ်နိုးကြွမှုက ဘယ်နကြိမ်လောက်ရှိလဲ? လိင်ဆက်ဆံခြင်းမှာ သာယာပျော်ရွှင်သူတစ်ယောက်ဆိုတာ သူ့ရဲ့ပါတနာနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင် ချစ်ရည်လူးတဲ့ အကြိမ်ရေများလေ မင်းအတွက် အကျိုးကျေးဇူးကောင်းတွေ ပိုမိုရရှိလေဖြစ်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးမျိုးတွေ ဖြစ်မလဲ.. ကြည့်လိုက်ရအောင်

Related image

အချစ်တွေ ပိုမိုခိုင်မြဲ
သမိုင်းတစ်လျှောက် လေ့လာမှုများအရ စုံတွဲတွေမှာ ချစ်ရည်လူးခြင်းဟာ တစ်စိတ်တစ်ပိုင်းလိုဖြစ်နေပြီး သူ့ရဲ့ကောင်းမွန်စွာ ပြီးမြောက်သွားခြင်းဟာ စုံတွဲတွေကြားမှာ ဆက်ဆံရေးပိုမိုခိုင်မြဲစေတယ်။ နားလည်မှုတွေ၊ ယုံကြည်မှုတွေ နှစ်ယောက်ကြားပိုတိုးပြီး ချစ်မဝဖြစ်စေပါတယ်နော်။

ကောင်းကောင်း အိပ်စက်နိုင်

Related image
လိင်ဆက်ဆံပြီးတာနဲ့ ရှိသမျှအားတွေ ကုန်ခမ်းပြီး အရမ်းကို အိပ်ချင်လာကြမှာပါ။ မအိပ်ခင် ချစ်ရည်လူးလိုက်မယ်ဆိုရင် ညဘက်ကို နှစ်ခြိုက်စွာအိပ်ပျော်နိုင်ပြီး စိတ်ကြည်လင် လန်းဆန်းစေပါတယ်။
သြော်.. မအိပ်ခင် နွားနို့လေးတစ်ခွက် သောက်ပေးနော်။ အားလည်း ပြန်ပြည့်စေတာပေါ့။

ယောက်ျားလေးများ ပရော့စတိတ်ကင်ဆာ ကာကွယ်နိုင်


မကြာခဏ ချစ်ရည်လူးခြင်းနဲ့ သုတ်ကောင်းကောင်းလွှတ်နိုင်ခြင်းက ယောက်ျားသားများရဲ့plumbing system ကို ပိုအလုပ်လုပ်စေပါတယ်။ ပရော့စတိတ်ကင်ဆာကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။

နှလုံးရောဂါ

နှလုံးဟာ ခန္ဓာကိုယ်မှာ အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုပါပဲ။ နှလုံးရပ်သွားပြီဆိုတာနဲ့ ဘာမှလုပ်လို့ရတော့မှာမဟုတ်ပါဘူး။ လိင်ဆက်ဆံတဲ့အခါ ကြွက်သား လှုပ်ရှားမှုပိုများပြီး နှလုံးရောဂါနဲ့ ဖြစ်နိုင်ချေတွေကို လျော့ကျစေပါတယ်။

စိတ်ဖိစီးမှု လျော့ကျ

Image result for Making Love
ချစ်ရည်လူးခြင်းကနေ သင့်ကို ယုံကြည်မှုရရှိစေပြီး အာရုံစူးစိုက်မှုကောင်းကာ ပိုမိုပျော်ရွှင်စေပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း လျော့ချနိုင်ပါတယ်။ လိင်ကောင်းကောင်းဆက်ဆံပြီးမြောက်တဲ့အချိန်မှာ ရှိသမျှ စိတ်ဖိစီးမှုတွေကို အကုန်ပြေပျောက်စေမှာပါ။ သွေးလည်ပတ်မှုလည်း ကောင်းစေလို့
ကျန်းမာရေး ရှုထောင့်အရကြည့်မယ်ဆိုရင် တော်တော်အကျိုးကျေးဇူးများပါတယ်။

611 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.