မတည့်အတူနေ စုံတွဲပုံစံမျိုးမြင်တွေ့ရတော့မယ့် Cha Tae Hyun နဲ့ Bae Doona တို့ရဲ့ဇာတ်ကားသစ်

” The Greatest Divorce” ဇာတ်ကားမှာ Cha Tae Hyun နဲ့ Bae Doona တို့ကို နေ့စဉ် နေ့တိုင်း ဘာမဟုတ်တဲ့ပြဿနာလေးတွေနဲ့ ရန်ဖြစ်စကားများနေကြတဲ့ စုံတွဲပုံစံလေးမြင်တွေ့ရမှာဖြစ်ပါတယ်။

အချစ်တစ်ခုမှာ ယောက်ျားလေးနဲ့ မိန်းကလေးရဲ့အတွေးအမြင်ကွဲပြားသွားတဲ့အခါ ညှိမရတော့ရင်
စကားများ ရန်ဖြစ်တာကတော့ ထုံးစံပါပဲ။ Cha Tae Hyun နဲ့ Bae Doona တို့က ဒီမှာလက်ထပ်ထားတဲ့စုံတွဲ Kang Hwi Roo နဲ့ Jo Seok Moo ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ သရုပ်ဆောင်သွားမှာပါ။ Kang Hwi Roo ဟာ ဥာဏ်ကောင်းထက်မြက်သလောက် ကိုရို့ကားယားနေတတ်တဲ့ မိန်းကလေးမျိုးပါ။

Jo Seok Moo ကတော့ ခေါင်းကြောမာ ၊ ပြောရဆိုရခက်သူ ပြီးတော့ အရမ်းသေးစိတ်ကျတဲ့ ယောက်ျားမျိုးဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကျင့်စရိုက်ချင်း ကွာဟနေတဲ့ သူတို့နှစ်ယောက်ပေါင်းစုံမှုဟာ ရေရှည်တည်တံ့ပါ့မလား… နောက်ဆုံး သူတို့ဘယ်လိုညှိယူသွားကြမလဲဆိုတာ ဆက်လက်စောင့်မျှော်လိုက်ရအောင်နော်။

နှစ်ယောက်လုံးဟာ သရုပ်ဆောင်ကောင်းသူတွေမို့ ပရိတ်သတ်များကတော့ ဒီဇာတ်ကားအတွက် စိတ်လှုပ်ရှားနေကြပါပြီ။ လာမယ့် အောက်တိုဘာလ ၈ရက်နေ့ဆို ထွက်ရှိတော့မှာဖြစ်ပါတယ်။

115 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.