ႏုိင္ငံျခားမွာရုိက္ကူးေရးလုပ္ေနတုန္း လ်ွိဳ႔၀ွက္ကင္မရာနဲ႔ၾကံဳခဲ႔ရတဲ႔ မင္းသမီးႏွစ္လက္ 😑

Hidden Camera လုိ႔ေခၚတဲ႔ ကင္မရာေလးေတြဟာ  ရုတ္တရက္အလြယ္တကူသတိမထားမိႏုိင္တဲ႔ပစၥညး္ပံုစံေလးေတြပါ။ဘယ္ေနရာမဆုိ ထားထားလုိ႔ရျပီး ဒီအႏၱရာယ္မ်ိဳးကုိ မိန္းကေလးေတာ္ေတာ္မ်ားမ်ားၾကံဳခဲ့ရဖူးပါတယ္။အခုေတာ့ ေတာင္ကုိရီးယားက နာမည္ေက်ာ္အႏုပညာရွင္မင္းသမီး ႏွစ္လက္ဟာ ကုိယ္တုိင္ၾကံဳခဲ႔ရပါျပီ 😑

ေတာင္ကုိရီးယားေကေပ့ါပ္အဆုိေတာ္အဖြဲ႔ Apink အဖြဲ႔၀င္ Bomi နဲ႔ မင္းသမီးေခ်ာ Shin Se Kyung တုိ႔ဟာ cable network O’live က ထုတ္လႊင့္ျပသမယ့္ Pocha Without Borders ဆုိတဲ႔အစီအစဥ္အတြက္ ႏုိင္ငံျခားမွာ ရုိက္ကူးေနရင္း လ်ွိဳ႔၀ွက္ကင္မရာကုိ ေတြ႔ခဲ႔ရတာပဲျဖစ္ပါတယ္။ ကင္မရာကုိ မင္းသမီးႏွစ္ေယာက္ရဲ ႔အခန္းထဲမွာေတြ႔ရွိခဲ႔တာပါတဲ႔။ကင္မရာက ဘက္ထရီအားသြင္းတံုးပံုစံမ်ိဳးျဖစ္လုိ႔သတိမထားမိခဲ႔ၾကပါဘူး။ဒီကင္မရာကုိ ပထမဆံုးသတိထားမိခဲ႔တာကေတာ့ မင္းသမီး Shin Se Kyung ပါ။

ဒီကိစၥနဲ႔ပတ္သက္ျပီးသူတုိ႔ရဲ ႔သက္ဆုိင္ရာေအဂ်င္စီေတြက အတည္ျပဳ ခဲ့ၾကသလို “Pocha Beyond Borders” ကလည္း စက္တင္ဘာ ၁၈ရက္ေန႔က “ျပည္ပမွာ သြားေရာက္ရုိက္ကူးေနရင္း ေနာက္ဆံုးတစ္ရက္ စက္တင္ဘာ ၁၅ရက္ေန႔မွာ Shin Se Kyung နဲ႔ Yoon Bomi တုိ႔ရဲ႔ အခန္းထဲ hidden camera တစ္ခုေတြ႔ခဲ႔ရပါတယ္။ကင္မရာက အားသြင္းတံုးပံုစံပါ။ရုပ္ရွင္ရုိက္ဖုိ႔ကင္မရာေတြတပ္ဆင္ေပးခဲ႔တဲ႔ကုမၸဏီက ၀န္ထမ္းတစ္ေယာက္က သူ႔ဆႏၵနဲ႔သူ ဒီပစၥည္းကုိယူလာျပီး လွိ်ဳ႔၀ွက္ ထားပစ္ခဲ႔႔ပံုရပါတယ္။ဒါကုိ Shin Se Kyung က စသတိထားမိခဲ႔ျပီး အဲ႔ကင္မရာထဲမွာ ျပႆနာတစ္စံုတစ္ခုျဖစ္ပြားေစတဲ႔အရာမ်ိဳးမရွိဘူးဆုိတာ စစ္ေဆးၾကည့္ခဲ႔လို႔ သိခဲ႔ရပါတယ္။ရိုက္ကူးေရးအဖြဲ႔နဲ႔ေအဂ်င္စီက ဒီကင္မရာေတြကုိသိမ္းဆည္းခဲ႔ျပီး ကုိရီးယားကုိခ်က္ခ်င္းျပန္လာခဲ႔ပါတယ္။ဒီေရာက္ေတာ့ မင္းသမီး Se Kyung ရဲ ႔ ေအဂ်င္စီက သက္ဆုိင္ရာကုိတုိင္ၾကားခဲ႔ျပီး ရိုက္ကူးေရးအဖြဲ႔၀င္ေတြဟာလည္း ဒီလုိက်ဴးလြန္တဲ႔သူေတြကုိ အျပစ္ေပးႏုိင္ဖုိ႔ စစ္ေဆးေရးမွာ ပူးေပါင္းပါ၀င္ေပးခဲ႔ပါတယ္။ကင္မရာလ်ွိဳ႔၀ွက္ထားခဲ့ျပီးရုိက္ကူးဖုိ႔ၾကိဳးစားတာဟာ လိင္ပုိင္းဆုိင္ရာအေနွာင့္အယွက္တစ္ခုျဖစ္တဲ႔အတြက္ ဖမ္းဆီး မိန္႔ထုတ္ႏုိင္ဖုိ႔ ရဲေတြက ၾကိဳးစားရွာေဖြေနတယ္လုိ႔လည္းသိရပါတယ္။ ဂန္းနမ္ရဲစခန္းရဲ ႔စစ္ေဆးေဖာ္ျပခ်က္အရေတာ့ ကင္မရာထဲကအေၾကာင္းအရာေတြနဲ႔ပတ္သက္ျပီးေပါက္ၾကားတာမ်ိဳးမရွိေသးဘူးလုိ႔အတည္ျပဳ ထားပါတယ္။ဒီကိစၥနဲ႔ပတ္သက္လို႔ မလိုအပ္တဲ႔ေကာလဟာလ ေတြမျဖန္႔ၾကဖို႔လည္းေမတၱာရပ္ခံပါတယ္”ဆုိျပီး ထုတ္ျပန္ေၾကညာခဲ႔ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ ျပစ္မႈက်ဴးလြန္ႏုိင္ေခ်ရွိတဲ႔သူေတြကုိ ေသခ်ာစံုစမ္းစစ္ေဆးေနဆဲအေျခအေနပါ။မၾကာခင္မွာေတာ့ ဒီျပႆနာေတြရွင္းရွင္းလင္းလင္းျပီးဆံုးသြားမယ္လို႔ေမ်ွာ္လင့္ရပါတယ္။

Unicode

Hidden Camera လို့ခေါ်တဲ့ ကင်မရာလေးတွေဟာ  ရုတ်တရက်အလွယ်တကူသတိမထားမိနိုင်တဲ့ပစ္စညး်ပုံစံလေးတွေပါ။ဘယ်နေရာမဆို ထားထားလို့ရပြီး ဒီအန္တရာယ်မျိုးကို မိန်းကလေးတော်တော်များများကြုံခဲ့ရဖူးပါတယ်။အခုတော့ တောင်ကိုရီးယားက နာမည်ကျော်အနုပညာရှင်မင်းသမီး နှစ်လက်ဟာ ကိုယ်တိုင်ကြုံခဲ့ရပါပြီ

တောင်ကိုရီးယားကေပေ့ါပ်အဆိုတော်အဖွဲ့ Apink အဖွဲ့ဝင် Bomi နဲ့ မင်းသမီးချော Shin Se Kyung တို့ဟာ cable network O’live က ထုတ်လွှင့်ပြသမယ့် Pocha Without Borders ဆိုတဲ့အစီအစဉ်အတွက် နိုင်ငံခြားမှာ ရိုက်ကူးနေရင်း လျှို့ဝှက်ကင်မရာကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ ကင်မရာကို မင်းသမီးနှစ်ယောက်ရဲ ့အခန်းထဲမှာတွေ့ရှိခဲ့တာပါတဲ့။ကင်မရာက ဘက်ထရီအားသွင်းတုံးပုံစံမျိုးဖြစ်လို့သတိမထားမိခဲ့ကြပါဘူး။ဒီကင်မရာကို ပထမဆုံးသတိထားမိခဲ့တာကတော့ မင်းသမီး Shin Se Kyung ပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ရဲ ့သက်ဆိုင်ရာအေဂျင်စီတွေက အတည်ပြု ခဲ့ကြသလို “Pocha Beyond Borders” ကလည်း စက်တင်ဘာ ၁၈ရက်နေ့က “ပြည်ပမှာ သွားရောက်ရိုက်ကူးနေရင်း နောက်ဆုံးတစ်ရက် စက်တင်ဘာ ၁၅ရက်နေ့မှာ Shin Se Kyung နဲ့ Yoon Bomi တို့ရဲ့ အခန်းထဲ hidden camera တစ်ခုတွေ့ခဲ့ရပါတယ်။ကင်မရာက အားသွင်းတုံးပုံစံပါ။ရုပ်ရှင်ရိုက်ဖို့ကင်မရာတွေတပ်ဆင်ပေးခဲ့တဲ့ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်က သူ့ဆန္ဒနဲ့သူ ဒီပစ္စည်းကိုယူလာပြီး လှိျု့ဝှက် ထားပစ်ခဲ့့ပုံရပါတယ်။ဒါကို Shin Se Kyung က စသတိထားမိခဲ့ပြီး အဲ့ကင်မရာထဲမှာ ပြဿနာတစ်စုံတစ်ခုဖြစ်ပွားစေတဲ့အရာမျိုးမရှိဘူးဆိုတာ စစ်ဆေးကြည့်ခဲ့လို့ သိခဲ့ရပါတယ်။ရိုက်ကူးရေးအဖွဲ့နဲ့အေဂျင်စီက ဒီကင်မရာတွေကိုသိမ်းဆည်းခဲ့ပြီး ကိုရီးယားကိုချက်ချင်းပြန်လာခဲ့ပါတယ်။ဒီရောက်တော့ မင်းသမီး Se Kyung ရဲ ့ အေဂျင်စီက သက်ဆိုင်ရာကိုတိုင်ကြားခဲ့ပြီး ရိုက်ကူးရေးအဖွဲ့ဝင်တွေဟာလည်း ဒီလိုကျူးလွန်တဲ့သူတွေကို အပြစ်ပေးနိုင်ဖို့ စစ်ဆေးရေးမှာ ပူးပေါင်းပါဝင်ပေးခဲ့ပါတယ်။ကင်မရာလျှို့ဝှက်ထားခဲ့ပြီးရိုက်ကူးဖို့ကြိုးစားတာဟာ လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်တစ်ခုဖြစ်တဲ့အတွက် ဖမ်းဆီး မိန့်ထုတ်နိုင်ဖို့ ရဲတွေက ကြိုးစားရှာဖွေနေတယ်လို့လည်းသိရပါတယ်။ ဂန်းနမ်ရဲစခန်းရဲ ့စစ်ဆေးဖော်ပြချက်အရတော့ ကင်မရာထဲကအကြောင်းအရာတွေနဲ့ပတ်သက်ပြီးပေါက်ကြားတာမျိုးမရှိသေးဘူးလို့အတည်ပြု ထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ မလိုအပ်တဲ့ကောလဟာလ တွေမဖြန့်ကြဖို့လည်းမေတ္တာရပ်ခံပါတယ်”ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်နိုင်ချေရှိတဲ့သူတွေကို သေချာစုံစမ်းစစ်ဆေးနေဆဲအခြေအနေပါ။မကြာခင်မှာတော့ ဒီပြဿနာတွေရှင်းရှင်းလင်းလင်းပြီးဆုံးသွားမယ်လို့မျှော်လင့်ရပါတယ်။

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.