အမွားတိုင္းကသင္႔ဘ၀တုိးတတ္ေရးအတြက္လက္ဦးဆရာပါပဲ…….👇

လူတိုင္းကေတာ႔အမွန္ေတြနဲ႕မေတြ႕ခင္မွာမွားတတ္ျကပါတယ္….ေလာကျကီးမွာလူတုိင္းကေတာ႔အမွားနဲ႕ကင္းတယ္ရယ္မရွိပါဘူးေလ ဆုိတဲ႔စကားကေသခ်ာေတြးျကည္႔ရင္ေလးနက္ပါတယ္။
လူတုိင္းဘာလို႕အမွားနဲ႕မကင္းျကာတာလည္းေပါ႔… အမွားနဲ႕မကင္းျကဘူးဆိုတဲ႔သူေတြကအမွန္နဲ႕မေတြ႕ခင္ မွာအမွားနဲ႕အရင္ေတြ႕ျကတာပါ။

 

အျမဲတမ္းမွားေနမွာမဟုတ္သလုိ အမွန္နဲ႕ေတြ႕သြားတဲ႔အခါ အမွားဆိုတာေတြကို ေက်းဇူးတင္မိလာပါလိမ္႔မယ္။ ဒီလုိအမွားေတြေျကာင္႔ပဲမ်ားျပားလွတဲ႔ဘ၀သင္ခန္းစာအမ်ိဳးမ်ိဳးကိုသင္ရရွိခဲ႔ျပီး
အခုလုိအမွန္ဆိုတဲ႔စစ္မွန္တဲ႔အရာေတြနဲ႕ဆံုစည္းခြင္႔ရခဲ႔တာမဟုတ္ေလဘူးလား။ ဒါေျကာင္႔သင္႔ဘ၀မွာျကံုခဲ႔သမွ်အမွားတုိင္းက တန္ဖိုးရွိတဲ႔ေက်းဇူးရွင္ေတြပါ။


တစ္ခုခုကိုမွားမွန္းသိရင္ထပ္တူမွားတာမ်ိဳးေတာ႔မလုပ္မိေစနဲ႕ေပါ႔ လုပ္မိသြားလုိ႕ထပ္မွားရင္လည္းသင္ခန္းစာအသစ္တစ္ခုေတာ႔က်န္ေအာင္ယူပါ။ ကိုယ္႔ရဲ႕အမွားေတြကကိုယ္႔ဘ၀တက္လမ္းအတြက္ေလွကားထစ္ေတြပါပဲ။အမွားေတြကို မွားတယ္လို႕ခံယူလိုက္တာက ေျကာက္စရာမေကာင္းပါဘူး။ တကယ္တမ္းသင္႔ဘ၀ကိုပ်က္စီးေစတဲ႔အရာကမွားတာကိုမွားမွန္းသိရက္နဲ႕ေပကပ္ျပီးမျပင္ရင္းနဲ႕ဒုကၡပင္လယ္ေ၀ေနတာမ်ိဳးပါ။ ဒါေျကာင္႔ အမွားလုပ္မိတိုင္းကိုယ္႔ကိုယ္ကိုယ္မသိမ္ငယ္ပဲကိုယ္႔ဘ၀အတြက္သင္ခန္းစာတစ္ခုရတယ္လို႕သတ္မွတ္ျပီးအခ်ိန္မွီျပင္ဆင္ရင္းအမွန္ေတြနဲ႕အျမန္ဆံုးေတြ႕နုိင္ျကပါေစ…အမွားတိုင္းကသင္႔ဘ၀တုိးတတ္ေရးရဲ႕လက္ဦးဆရာပါပဲ…

Unicode

လူတိုင်းကတော့အမှန်တွေနဲ့မတွေ့ခင်မှာမှားတတ်ကြပါတယ်….လောကကြီးမှာလူတိုင်းကတော့အမှားနဲ့ကင်းတယ်ရယ်မရှိပါဘူးလေ ဆိုတဲ့စကားကသေချာတွေးကြည့်ရင်လေးနက်ပါတယ်။
လူတိုင်းဘာလို့အမှားနဲ့မကင်းကြာတာလည်းပေါ့… အမှားနဲ့မကင်းကြဘူးဆိုတဲ့သူတွေကအမှန်နဲ့မတွေ့ခင် မှာအမှားနဲ့အရင်တွေ့ကြတာပါ။

အမြဲတမ်းမှားနေမှာမဟုတ်သလို အမှန်နဲ့တွေ့သွားတဲ့အခါ အမှားဆိုတာတွေကို ကျေးဇူးတင်မိလာပါလိမ့်မယ်။ ဒီလိုအမှားတွေကြောင့်ပဲများပြားလှတဲ့ဘဝသင်ခန်းစာအမျိုးမျိုးကိုသင်ရရှိခဲ့ပြီး
အခုလိုအမှန်ဆိုတဲ့စစ်မှန်တဲ့အရာတွေနဲ့ဆုံစည်းခွင့်ရခဲ့တာမဟုတ်လေဘူးလား။ ဒါကြောင့်သင့်ဘဝမှာကြုံခဲ့သမျှအမှားတိုင်းက တန်ဖိုးရှိတဲ့ကျေးဇူးရှင်တွေပါ။

တစ်ခုခုကိုမှားမှန်းသိရင်ထပ်တူမှားတာမျိုးတော့မလုပ်မိစေနဲ့ပေါ့ လုပ်မိသွားလို့ထပ်မှားရင်လည်းသင်ခန်းစာအသစ်တစ်ခုတော့ကျန်အောင်ယူပါ။ ကိုယ့်ရဲ့အမှားတွေကကိုယ့်ဘဝတက်လမ်းအတွက်လှေကားထစ်တွေပါပဲ။အမှားတွေကို မှားတယ်လို့ခံယူလိုက်တာက ကြောက်စရာမကောင်းပါဘူး။ တကယ်တမ်းသင့်ဘဝကိုပျက်စီးစေတဲ့အရာကမှားတာကိုမှားမှန်းသိရက်နဲ့ပေကပ်ပြီးမပြင်ရင်းနဲ့ဒုက္ခပင်လယ်ဝေနေတာမျိုးပါ။ ဒါကြောင့် အမှားလုပ်မိတိုင်းကိုယ့်ကိုယ်ကိုယ်မသိမ်ငယ်ပဲကိုယ့်ဘဝအတွက်သင်ခန်းစာတစ်ခုရတယ်လို့သတ်မှတ်ပြီးအချိန်မှီပြင်ဆင်ရင်းအမှန်တွေနဲ့အမြန်ဆုံးတွေ့နိုင်ကြပါစေ…အမှားတိုင်းကသင့်ဘဝတိုးတတ်ရေးရဲ့လက်ဦးဆရာပါပဲ…

186 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.