ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဖိစီးမှုကင်းကင်းနေချင်တယ်ဆိုရင်

စိတ်အလိုမကျမှု ၊ စိတ်ဖိစီးမှုတွေဟာ လူအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။ အရွယ်ရောက်ပြီးသူ၇ဝရာခိုင်နှုန်းလောက်ဟာ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုတွေကို ခံစားနေရပါတယ်။ ဒါတွေကိုလျော့ချဖို့အတွက် ကိုယ်ဟာ တစ်နေ့တာအချိန်ဇယားတွေကို သေချာခွဲခြားစိတ်ဖြာတတ်ဖို့ လိုပါတယ်။

လေ့ကျင့်ခန်း
လေ့ကျင့်ခန်းကတော့ နေ့စဉ်နေ့တိုင်း ပုံမှန်လုပ်ပေးသင့်တဲ့ အရာပါ။ ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်စေသလို စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။ ရုံးမှာ အထိုင်များ၊ ကွန်ပျူတာပဲ အမြဲတစေကြည့်နေရတဲ့သူတွေဆိုရင် မျက်စိလေ့ကျင့်ခန်းနဲ့ ဗိုက်နဲ့ ပေါင်အတွက် ပိုပြီးဦးစားပေး လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

ကဖင်းဓာတ်လျော့ချ
တစ်နေ့ကို ကော်ဖီ၊ လက်ဖက်ရည်တွေ ဘယ်နခွက်လောက်သောက်လဲ? သုံးခွက်ထက် ပိုခဲ့မယ်ဆိုရင် ဘာလုပ်လုပ် စိတ်မရှည်၊ စိတ်ဖိစီးမှုတွေ ပိုများစေပါတယ်။ ဆေးတွေ အလွန်ကျွံသောက်သုံးခြင်းဟာလည်းမကောင်းပါဘူးနော်။ ကော်ဖီသောက်ရင် ခေါင်းကြည်မယ်လို့ တစ်ချို့ ကထင်ပြီး အရမ်းသောက်ကြတယ်။ တကယ်တော့ ကော်ဖီကို မနက်ပိုင်းသောက်ပေးတာ အကောင်းဆုံးပါပဲ။

ဒိုင်ယာရီ


တစ်နေ့တာ ဖြစ်ပျက်သမျှကို ဒိုင်ယာရီရေးသားခြင်းဟာလည်း သင့်အတွက် ကောင်းမွန်တဲ့အကျင့်တစ်ခုဖြစ်စေမှာပါ။ စိတ်ကိုလည်း ပေါ့ပါးစေသလို မကောင်းတဲ့အမှတ်တရမဟုတ်ပဲ ကြည်နူးစရာကောင်းတဲ့ အဖြစ်ပျက်လေးတွေကို ချရေးတာက သင့်အတွက် အမှတ်တရကောင်းလေးတွေ ဖန်တီးထားခြင်းတစ်မျိုးပါပဲ။

မိသားစု ၊ မိတ်ဆွေတွေနဲ့ အချိန်ကုန်ဆုံးပါ…
အားရှိ အင်တာနက်သုံးပြီး တစ်ယောက်တည်းမနေပဲ သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့လည်း စကားပြောပါ။ ဘဝထဲက အဓိပ္ပာယ်မရှိတဲ့လူတွေကို ထုတ်ဖယ်ပြီး တန်ဖိုးရှိတဲ့လူတွေကို နေရာပေးပါ။ ဒီလူတွေနဲ့ပျော်စရာအချိန်တွေ ဖန်တီးယူပါ။ တောင်တွေး မြောက်တွေး လျှောက်တွေးနေမယ့်အစား အလုပ်လုပ်၊ ကောင်းကောင်း အနားယူ ၊ ကောင်းကောင်းပျော်ပစ်ဖို့ အရေးကြီးပါတယ်။

ရယ်မောခြင်း


တစ်နေ့ကို မင်းဘယ်နခေါက်လောက် ရယ်မောလဲ? ရယ်မောခြင်းဟာ ကျန်းမာရေးအတွက်ကောင်းစေတယ်ဆိုတာ သိတယ်မလား ။ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ တင်းနေတဲ့ ကြွက်သားတွေကိုလျော့ကျစေပြီး ကိုယ်စိတ်နှလုံး ကျန်းမာရွှင်လန်းစေပါ တယ်။ ကိုယ်ခံအား စနစ်ကိုလည်း ကောင်းမွန်စေသတဲ့။ သက်ရှည်ကျန်းမာ နုပျိုရွှင်လန်းစေဖို့များများရယ်ကြပါ။

ငြင်းတတ်ပါစေ


တစ်ချို့ သောအရာတွေမှာ ကိုယ်မလုပ်နိုင်ရင် ငြင်းသာငြင်းလိုက်ပါ။ သူကအတင်းတောင်းဆိုလို့
အားနာပြီး လုပ်ပေးလိုက်တာတို့ဟာ သင့်ကိုစိတ်ဖိစီးမှုပဲ ပိုများစေပါတယ်။ ငါငြင်းလိုက်ရင် အကောင်းသားလို့ နောက်မှတွေးပြီးနောင်တရနေရင် ဘာမှမထူးပါဘူး။ ဒါကြောင့်ကိစ္စတစ်ခုကို မလုပ်ချင်ရင် အစတည်းကပြတ်ပြတ်သားသားငြင်းလိုက်ပါ။ သူ့အတွက်လည်း ကောင်းသလို မလိုအပ်တဲ့စိတ်ဖိစီးမှုတွေလည်း မရတော့ဘူးပေါ့။

82 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.