ကုိယ့္ခ်စ္သူကုိ ခ်စ္တဲ႔အေၾကာင္း အျမဲေဖာ္ျပေနဖုိ႔လိုအပ္လား??💕

တစ္ခါတစ္ေလကုိယ့္ခ်စ္သူက “မင္းက ကုိယ္ခ်စ္သေလာက္မခ်စ္ပါဘူးတုိ႔၊တကယ္ေရာ သူ႔ကုိခ်စ္ရဲ႔လား၊ခ်စ္တယ္လုိ႔ မခံစားရဘူး”တုိ႔စသျဖင့္ ေမးခြန္းမ်ိဳးေတြအေမးခံရဖူးမွာပါ။ဒီလုိအေမးခံရတဲ႔အခါ အခ်စ္ကုိမယံုရေကာင္းလားလုိ႔စိတ္ဆုိးလိုက္မယ့္အစား ကုိယ္သူ႔ကုိခ်စ္တယ္ဆုိတာ သူမျမင္မိေလာက္ေအာင္ အခ်စ္ကုိမေဖာ္ျပခဲ႔မိဘူးလား အရင္ဆံုးျပန္ေတြးၾကည့္ပါ။

တစ္ခ်ိဳ႔ေတြက အထူးသျဖင့္မိန္းကေလးေတြေပါ့ ခ်စ္ေတာ့ခ်စ္တယ္။ဒါေပမဲ႔ ခ်စ္တာကုိ တစ္ဖက္လူသိေအာင္မေျပာျပတတ္ဘူး။ခ်စ္လားေမးတဲ႔အခ်ိန္ကလြဲလို႔ ဘာသိဘာသာပဲေနတတ္ၾကတယ္။အဲ႔ဒီအခါက်ေတာ့ ေအးစက္စက္ႏုိင္လိုက္တာ၊တကယ္ေရာ သူ႔ကုိခ်စ္ရဲ႔လားဆုိတဲ႔အေတြးေတြ၀င္သြားေစမွာမလြဲပါဘူး။ေယာက်္ားေလးထဲမွာဆုိလည္း တစ္ခ်ိဳ႔တစ္ေလ ကုိယ့္ခ်စ္သူမိန္းကေလကုိ အသက္မကခ်စ္တယ္။ဒါေပမဲ႔ အခ်စ္ခံရတဲ႔ခံစားခ်က္မ်ိဳးမေပးနုိင္ဘူး။ဒါျဖင့္ ဘယ္လိုမ်ိဳးဆုိ ကုိယ္သူ႔ကုိခ်စ္တဲ႔အေၾကာင္း၊သူအခ်စ္ခံရတယ္ဆုိတဲ႔အေၾကာင္း သိသာေစမွာလဲ? ကုိယ့္ခ်စ္သူကုိ ခ်စ္ေၾကာင္းျပဖုိ႔ ရုိးစင္းတဲ႔နည္းလမ္းေလးေတြအမ်ားၾကီးရွိပါတယ္။ဘယ္ေလာက္ေသးေကြးတဲ႔အျပဳအမူပဲျဖစ္ပါေစ အဲဒါေတြက တန္ဖုိးၾကီးလက္ေဆာင္ေတြနဲ႔လဲလွယ္လုိ႔မရပါဘူး 🌻

*ဂရုတစုိက္အျပဳအမူေလးေတြ အျမဲရွိပါေစ
ခဏတျဖဳတ္ေတြ႔ရတဲ႔အခ်ိန္ေတြ၊တစ္ရက္တစ္ေလေတြ႔ခြင့္ရတဲ႔အခ်ိန္ေတြမွာ ကုိယ္သူ႔ကုိဂရုစုိက္တယ္ဆုိတာျပပါ။သူၾကိဳက္တတ္တ႔ဲေခ်ာကလက္ေလး၀ယ္လာတာ၊သူၾကိဳက္တတ္တဲ႔မုန္႔ေလးေတြ၀ယ္လာတာစတဲ႔အျပဳအမူေတြကလည္း ကုိုယ့္ကုိအေလးထားတယ္ဆုိတဲ႔ခံစားခ်က္မ်ိဳး
၀င္လာေစပါတယ္။အိမ္ျပန္ေရာက္တဲ႔အခါ ေကာင္းေကာင္းျပန္ေရာက္ရဲ႔လားဂရုတစုိက္ေမးျမန္းတာကလည္း မိန္းကေလးေတြစိတ္ထဲလိုခ်င္တဲ႔ဂရုစုိက္မႈတစ္ခုပါပဲ။သူၾကိဳက္တတ္တယ္ဆုိတာေလးေတြသတိရေနရင္ကုိ ဒါက ခ်စ္ျခင္းကိုေဖာ္ျပတဲ႔အျပဳအမူတစ္ခုပါပဲ။

*အာရံုစုိက္ျပီးနားေထာင္တတ္ပါေစ
အရင္တုန္းက သူဘာေျပာေျပာ ကုိယ္လည္းနားထဲ၀င္တစ္ခ်က္မ၀င္တစ္ခ်က္၊သူေျပာခဲ႔တာလည္းမမွတ္မိ၊သူၾကိဳက္တတ္တဲ႔အစားအစာ၊အေရာင္ေတြကုိလည္းသတိမထားမိလိုက္တာမ်ိဳးရွိပါလိမ့္မယ္။ကုိယ္က ကုိယ္သူ႔ကုိခ်စ္တယ္ဆုိတဲ႔အေၾကာင္း အေျပာနဲ႔တင္မက အျပဳအမူနဲ႔ပါသိေစခ်င္ရင္ ေနာက္ထပ္သူေျပာလာမယ့္စကားေတြကုိ အာရံုစုိက္ျပီးအေလးထားနားေထာင္ေပးပါ။

*ခ်စ္တယ္ဆုိတဲ႔စကားကုိ ေန႔တိုင္းေျပာဖုိ႔မေမ့ပါနဲ႔
အျမဲတမ္းေျပာေနတဲ႔စကားျဖစ္လို႔ ရုိးသြားတယ္ဆုိတာမရွိပါဘူး။ခ်စ္တယ္ဆုိတဲ႔စကား ေန႔တုိင္းေျပာေလ ထပ္ခါထပ္ခါေျပာေလ ယံုၾကည္မႈပုိျပီးတုိးလာေစပါတယ္။တစ္ရက္တစ္ေလ ခ်စ္တယ္ဆုိတဲ႔စကားမေျပာလိုက္မိရင္ နားမေထာင္ခဲ႔ရရင္ အခ်စ္ေရးမွာ တစ္ခုခုလိုအပ္ေနသလုိ ခံစားရတတ္ပါတယ္။ဒီစကားေလးေျပာဖုိ႔က မပင္ပန္းပါဘူးေနာ္ 😉

*ဘယ္ေလာက္အလုပ္ရႈပ္ရႈပ္ ခ်စ္တဲ႔သူအတြက္ အခ်ိန္ေပးပါ
ဘယ္ေလာက္ပဲအလုပ္မ်ားမ်ား ကုိယ့္ခ်စ္သူနဲ႔ေလ်ွာက္လည္ဖုိ႔၊စကားေျပာဖို႔ အခ်ိန္ေပးသင့္ပါတယ္။ဒါက ကုိယ္သူ႔ကုိခ်စ္တဲ႔အေၾကာင္းေဖာ္ျပဖုိ႔အေကာင္းဆံုးနည္းလမ္းတစ္ခုပါ။မတရားအလုပ္ေတြရႈပ္ေနရင္ေတာင္ အခ်ိန္နည္းနည္းေလးဖဲ႔ေပးတာက သူ႔ကုိ ကုိယ္ဘယ္ေလာက္အေလးထားတယ္၊
အေရးေပးတယ္။ဂရုစုိက္တယ္ဆုိတာ ျပႏုိင္တဲ႔ အျပဳအမူေလးတစ္ခုပါပဲ။

 

ခ်စ္တယ္ဆုိတာကုိ အျမဲတမ္းေဖာ္ျပေနဖုိ႔လိုသလားဆုိ လိုအပ္ပါတယ္လုိ႔ ေျဖရမွာပါပဲ။ကိုယ္ခ်စ္တဲ႔သူကုိ ခ်စ္တဲ႔အေၾကာင္းေျပာျပတာ၊အမူအရာအျပဳအမူေလးေတြနဲ႔သိေစတာက အက်ဳိးမယုတ္ပါဘူးေန္ာ။ကုိယ္သူ႔ကုိခ်စ္တယ္ဆိုတာ သူ႔စိတ္ထဲကေန လိႈက္လိႈက္လွဲလွဲခံစားရေစဖုိ႔ ၾကိဳးစားတာက ၾကည္ႏူးစရာလည္းေကာင္းတယ္ဆုိတာ သိလာပါလိမ့္မယ္။အခ်စ္မွာ ဘယ္သူကေတာ့ ပုိခ်စ္ရတယ္၊ဘယ္သူကေတာ့ အခ်စ္ေလ်ာ့တယ္ဆုိတာမရွိေပမ့ဲ တစ္ေယာက္ကုိတစ္ေယာက္ ခ်စ္တယ္ဆုိတာ အျမဲတမ္းေဖာ္ျပေပးမယ္ဆုိရင္ ဒီအခ်စ္ေရးမွာ သူကုိယ့္ကုိမခ်စ္ဘူးလို႔ခံစားရစရာ မလိုသလို မလံုေလာက္ဘူးဆုိျပီးအခ်စ္ကုိထပ္ရွာေနမယ့္ျပႆာနာမ်ိဳးေတြလည္းမၾကံဳရေတာ့ပါဘူး။ၾကီးၾကီးမားမားနဲ႔ခ်စ္တဲ႔အေၾကာင္းသက္ေသျပစရာမလိုပါဘူး။ေန႔တုိင္းျပဳမူေနက် အျပဳအမူေသးေသးေလးေတြကုိပဲ ပုိျပီးအေလးထားအာရံုစုိက္ေပးဖုိ႔လိုပါတယ္ 💕

Unicode

တစ်ခါတစ်လေကိုယ့်ချစ်သူက “မင်းက ကိုယ်ချစ်သလောက်မချစ်ပါဘူးတို့၊တကယ်ရော သူ့ကိုချစ်ရဲ့လား၊ချစ်တယ်လို့ မခံစားရဘူး”တို့စသဖြင့် မေးခွန်းမျိုးတွေအမေးခံရဖူးမှာပါ။ဒီလိုအမေးခံရတဲ့အခါ အချစ်ကိုမယုံရကောင်းလားလို့စိတ်ဆိုးလိုက်မယ့်အစား ကိုယ်သူ့ကိုချစ်တယ်ဆိုတာ သူမမြင်မိလောက်အောင် အချစ်ကိုမဖော်ပြခဲ့မိဘူးလား အရင်ဆုံးပြန်တွေးကြည့်ပါ။

တစ်ချို့တွေက အထူးသဖြင့်မိန်းကလေးတွေပေါ့ ချစ်တော့ချစ်တယ်။ဒါပေမဲ့ ချစ်တာကို တစ်ဖက်လူသိအောင်မပြောပြတတ်ဘူး။ချစ်လားမေးတဲ့အချိန်ကလွဲလို့ ဘာသိဘာသာပဲနေတတ်ကြတယ်။အဲ့ဒီအခါကျတော့ အေးစက်စက်နိုင်လိုက်တာ၊တကယ်ရော သူ့ကိုချစ်ရဲ့လားဆိုတဲ့အတွေးတွေဝင်သွားစေမှာမလွဲပါဘူး။ယောကျ်ားလေးထဲမှာဆိုလည်း တစ်ချို့တစ်လေ ကိုယ့်ချစ်သူမိန်းကလေကို အသက်မကချစ်တယ်။ဒါပေမဲ့ အချစ်ခံရတဲ့ခံစားချက်မျိုးမပေးနိုင်ဘူး။ဒါဖြင့် ဘယ်လိုမျိုးဆို ကိုယ်သူ့ကိုချစ်တဲ့အကြောင်း၊သူအချစ်ခံရတယ်ဆိုတဲ့အကြောင်း သိသာစေမှာလဲ? ကိုယ့်ချစ်သူကို ချစ်ကြောင်းပြဖို့ ရိုးစင်းတဲ့နည်းလမ်းလေးတွေအများကြီးရှိပါတယ်။ဘယ်လောက်သေးကွေးတဲ့အပြုအမူပဲဖြစ်ပါစေ အဲဒါတွေက တန်ဖိုးကြီးလက်ဆောင်တွေနဲ့လဲလှယ်လို့မရပါဘူး 🌻

*ဂရုတစိုက်အပြုအမူလေးတွေ အမြဲရှိပါစေ
ခဏတဖြုတ်တွေ့ရတဲ့အချိန်တွေ၊တစ်ရက်တစ်လေတွေ့ခွင့်ရတဲ့အချိန်တွေမှာ ကိုယ်သူ့ကိုဂရုစိုက်တယ်ဆိုတာပြပါ။သူကြိုက်တတ်တဲ့ချောကလက်လေးဝယ်လာတာ၊သူကြိုက်တတ်တဲ့မုန့်လေးတွေဝယ်လာတာစတဲ့အပြုအမူတွေကလည်း ကိုုယ့်ကိုအလေးထားတယ်ဆိုတဲ့ခံစားချက်မျိုး
ဝင်လာစေပါတယ်။အိမ်ပြန်ရောက်တဲ့အခါ ကောင်းကောင်းပြန်ရောက်ရဲ့လားဂရုတစိုက်မေးမြန်းတာကလည်း မိန်းကလေးတွေစိတ်ထဲလိုချင်တဲ့ဂရုစိုက်မှုတစ်ခုပါပဲ။သူကြိုက်တတ်တယ်ဆိုတာလေးတွေသတိရနေရင်ကို ဒါက ချစ်ခြင်းကိုဖော်ပြတဲ့အပြုအမူတစ်ခုပါပဲ။

*အာရုံစိုက်ပြီးနားထောင်တတ်ပါစေ
အရင်တုန်းက သူဘာပြောပြော ကိုယ်လည်းနားထဲဝင်တစ်ချက်မဝင်တစ်ချက်၊သူပြောခဲ့တာလည်းမမှတ်မိ၊သူကြိုက်တတ်တဲ့အစားအစာ၊အရောင်တွေကိုလည်းသတိမထားမိလိုက်တာမျိုးရှိပါလိမ့်မယ်။ကိုယ်က ကိုယ်သူ့ကိုချစ်တယ်ဆိုတဲ့အကြောင်း အပြောနဲ့တင်မက အပြုအမူနဲ့ပါသိစေချင်ရင် နောက်ထပ်သူပြောလာမယ့်စကားတွေကို အာရုံစိုက်ပြီးအလေးထားနားထောင်ပေးပါ။

*ချစ်တယ်ဆိုတဲ့စကားကို နေ့တိုင်းပြောဖို့မမေ့ပါနဲ့
အမြဲတမ်းပြောနေတဲ့စကားဖြစ်လို့ ရိုးသွားတယ်ဆိုတာမရှိပါဘူး။ချစ်တယ်ဆိုတဲ့စကား နေ့တိုင်းပြောလေ ထပ်ခါထပ်ခါပြောလေ ယုံကြည်မှုပိုပြီးတိုးလာစေပါတယ်။တစ်ရက်တစ်လေ ချစ်တယ်ဆိုတဲ့စကားမပြောလိုက်မိရင် နားမထောင်ခဲ့ရရင် အချစ်ရေးမှာ တစ်ခုခုလိုအပ်နေသလို ခံစားရတတ်ပါတယ်။ဒီစကားလေးပြောဖို့က မပင်ပန်းပါဘူးနော် 😉

*ဘယ်လောက်အလုပ်ရှုပ်ရှုပ် ချစ်တဲ့သူအတွက် အချိန်ပေးပါ
ဘယ်လောက်ပဲအလုပ်များများ ကိုယ့်ချစ်သူနဲ့လျှောက်လည်ဖို့၊စကားပြောဖို့ အချိန်ပေးသင့်ပါတယ်။ဒါက ကိုယ်သူ့ကိုချစ်တဲ့အကြောင်းဖော်ပြဖို့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။မတရားအလုပ်တွေရှုပ်နေရင်တောင် အချိန်နည်းနည်းလေးဖဲ့ပေးတာက သူ့ကို ကိုယ်ဘယ်လောက်အလေးထားတယ်၊
အရေးပေးတယ်။ဂရုစိုက်တယ်ဆိုတာ ပြနိုင်တဲ့ အပြုအမူလေးတစ်ခုပါပဲ။

ချစ်တယ်ဆိုတာကို အမြဲတမ်းဖော်ပြနေဖို့လိုသလားဆို လိုအပ်ပါတယ်လို့ ဖြေရမှာပါပဲ။ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်းပြောပြတာ၊အမူအရာအပြုအမူလေးတွေနဲ့သိစေတာက အကျိုးမယုတ်ပါဘူးနေ်ာ။ကိုယ်သူ့ကိုချစ်တယ်ဆိုတာ သူ့စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲခံစားရစေဖို့ ကြိုးစားတာက ကြည်နူးစရာလည်းကောင်းတယ်ဆိုတာ သိလာပါလိမ့်မယ်။အချစ်မှာ ဘယ်သူကတော့ ပိုချစ်ရတယ်၊ဘယ်သူကတော့ အချစ်လျော့တယ်ဆိုတာမရှိပေမဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာ အမြဲတမ်းဖော်ပြပေးမယ်ဆိုရင် ဒီအချစ်ရေးမှာ သူကိုယ့်ကိုမချစ်ဘူးလို့ခံစားရစရာ မလိုသလို မလုံလောက်ဘူးဆိုပြီးအချစ်ကိုထပ်ရှာနေမယ့်ပြဿာနာမျိုးတွေလည်းမကြုံရတော့ပါဘူး။ကြီးကြီးမားမားနဲ့ချစ်တဲ့အကြောင်းသက်သေပြစရာမလိုပါဘူး။နေ့တိုင်းပြုမူနေကျ အပြုအမူသေးသေးလေးတွေကိုပဲ ပိုပြီးအလေးထားအာရုံစိုက်ပေးဖို့လိုပါတယ် 💕

551 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.