အကောင်းဆုံးမိတ်ကပ်တွေ ဘယ်လောက်သုံးသုံး အသားရည်ကို ဂရုစိုက်တတ်ဖို့လည်းလို

ဈေးကြီးပေးရတဲ့ မိတ်ကပ်တွေဟာ တကယ်လည်း အသားရည်အတွက် ကောင်းမွန်စေတာ အမှန်ပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့နေထိုင်မှုပုံစံဟာ စနစ်မကျ ၊ သန့်ရှင်းမှုမရှိရင် အသားရည်အတွက် ဘယ်လောက်ကောင်းတဲ့ ပစ္စည်းတွေပဲ သုံးနေပါစေ။ အလကားပဲ ဖြစ်သွားမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့အသားရည်ကိုတကယ်ဂရုစိုက်တယ်ဆိုရင် ကိုယ့်ရဲ့နေထိုင်မှုပုံစံလေးကိုလည်း ပြောင်းလဲပေးဖို့လိုပါတယ်။

နေ့လည်စာမတိုင်ခင် ကော်ဖီသောက်

ဟောလိဝုဒ်ရဲ့ အလှပရေးရာပညာရှင် Joanna Vargas က ကော်ဖီချစ်သူတွေအတွက် ဒီလိုအကြံပြုထားပါတယ်။ ကော်ဖီကို မနက်စောစောသောက်ပေးခြင်းက ဦးနှောက်ကိုလည်း ကြည်လင်စေသလို အသားရည်အတွက်လည်း မကောင်းတဲ့အကျိုးသက်ရောက်မှု မဖြစ်စေပါဘူးတဲ့။ မနက်ပိုင်းဆို ခန္ဓာကိုယ်ရဲ့metabolism က ပိုလျင်မြန်ပြီး အစာခြေစနစ်ကို ပိုကောင်းစေပါတယ်။ ညနေပိုင်းမှ ကော်ဖီသောက်မယ်ဆို ကဖင်းဓာတ်ကြောင့် လူကိုအိပ်မပျော်ဖြစ်စေပြီး အသားရည်အတွက်လည်း အကျိုးမရှိပါဘူး။ ကော်ဖီအစား ရေ ၊ Herbal tea နဲ့ သစ်သီးဖျော်ရည်တို့ကို သောက်ပေးပါ။ ဒီအရည်တွေက သင့်ရဲ့အသားရည်ကိုကောင်းမွန်စေပါတယ်။

နေ့စဉ်သုံး တာဝါ


အသားရည်အတွက် နေ့စဉ်သုံး တာဝါကလည်း အရေးပါပါတယ်။ တာဝါတွေဟာ အသားရည်နဲ့ တိုက်ရိုက်ထိတွေ့နေရတော့ သန့်နေမှဖြစ်မှာပါ။ အိပ်တဲ့အခါ အိပ်ရာခင်းတွေကိုလည်း လဲပေးသင့်ပါတယ်။ ညစ်ပတ်နေရင် ဘတ်တီးရီးယားတွေ ပိုအောင်းလို့ကောင်းပြီး အရေပြားကို မည်းညစ်စေပါတယ်။ဒါကြောင့် တာဝါတွေကို သုံးရက်ခြား တစ်ခါ ဒါမှမဟုတ် တစ်ပတ်တစ်ခါ လဲပေးသင့်ပါတယ်။

ထိတွေ့မှု နူးညံ့တဲ့ မျက်နှာသစ်ဆေး


ဝက်ခြံ (သို့) နီမြန်းလွယ်တဲ့ အသားရည်ပိုင်ရှင်တွေအနေနဲ့ scrub မသုံးပါနဲ့။ အဲ့ဒီအစား နူးညံ့မှုရှိတဲ့ မျက်နှာသစ်ဆေးကို သုံးပေးပါ။ မျက်နှာသစ်ဆေးကောင်းရင် ဝက်ခြံတွေလည်း သက်သာစေပြီး နီမြန်းတာတွေကို လျော့ကျစေပါတယ်။

Eye cream ပုံမှန်လိမ်းပေး


Loreal မိတ်ကပ် ပညာရှင် John Barnet က day and night ပါ Eye cream ကိုပုံမှန်သုံးပေးဖို့ ပြောထားပါတယ်။ Eye cream မှာ မျက်လုံးကို အာဟာရဖြည့်တင်းပေးနိုင်တဲ့ဓာတ်တွေ များစွာပါဝင်တဲ့အတွက် မျက်လုံးနားတစ်ဝှိက် အရေးကြောင်းတွေနဲ့ အားလျော့နေတဲ့ အရေပြားတွေကို ပြန်လည်ဝင်းလဲ့တောက်ပလာစေပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး အစိုဓာတ်ပြည့်ဝတာကြောင့် မျက်ကွင်းညိုတာတွေလည်း အတော်လေးသက်သာပါတယ်။ အသားရေခြောက်တတ်တဲ့ လက်နဲ့ ခြေထောက်ကိုလည်း အမြဲတမ်း lotion လေး လိမ်းပေဖို့မမေ့ပါနဲ့နော်။

စောနိုင်သလောက် စောစောအိပ်


အိပ်စက်ခြင်းဟာ အလှပရေးရာနဲ့ဆက်စပ်နေတာ ပျိုမေတိုင်း သိမှာပါ။ ပုံမှန်အိပ်နေကျထက် ၁ဝမိနစ်ဆီပိုပိုစောအိပ်ပေးသွားပါ။ ကောင်းမွန်တဲ့ အနားယူမှေးစက်မှုလည်းဖြစ်စေသလို အသားရည်အတွက်လည်း ပိုမို ထိရောက်တဲ့အကျိုးအာနိသင် ရရှိစေပါတယ်။

259 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.