တတိယေျမာက္ရင္ေသြးေလးလြယ္ထားရျပီျဖစ္တဲ႔ Sophie Hunter 🧡

Sherlock Holmes ၊ Doctor Strange မင္းသား Benedict Cumberbatch ရဲ ႔ပရိသတ္ေတြၾကားရင္ ၀မ္းသာရမယ့္သတင္းေကာင္းေလးရွိေနပါျပီ 👀

Related image

ဘာသတင္းေကာင္းေလးလဲဆုိေတာ့ သူ႔ရဲ႔ခ်စ္ဇနီးေခ်ာေလး Sophie Hunter မွာ တတိယေျမာက္ရင္ေသြးေလးရွိေနပါျပီတဲ႔။သူငယ္ခ်င္းသံေယာဇဥ္ သက္တမ္း၁၇ႏွစ္ၾကာျပီးတဲ႔ေနာက္ လြန္ခဲ႔တဲ႔ 2015 ခုႏွစ္၊ေဖေဖာ္၀ါရီ ၁၄ရက္မွာ လက္ထပ္ခဲ႔ၾကတဲ႔သူတုိ႔စံုတြဲေလးဟာ ၃ႏွစ္အရြယ္ Christopher Carlton Cumberbatch နဲ႔ ၁ႏွစ္အရြယ္ Hal Auden Cumberbatch ဆုိတဲ႔သားေလးႏွစ္ေယာက္ပုိင္ဆုိင္ထားျပီးသားလည္း ျဖစ္ပါတယ္။

စက္တင္ဘာ ၁၇ရက္ေန႔က အၾကိမ္ ၇၀ေျမာက္က်င္းပတဲ႔ Annual Emmy Awards ဆုေပးပြဲကိုစံုတြဲလိုက္ပြဲတက္ခဲ႔ၾကတယ္လုိ႔သိရပါတယ္။အဲ႔ဒီပြဲကုိ Sophie ဟာ ေတာက္ပတဲ႔အ၀ါေရာင္ခပ္ပြပြဂါ၀န္ေလး လွပေၾကာ့ရွင္းစြာ၀တ္ဆင္လာခဲ႔ျပီး ရင္ေသြးေလးရွိေနတဲ႔အေၾကာင္း အသိေပးလိုက္တာပဲျဖစ္ပါတယ္။

ဆုေပးပြဲမွာ Benedict ဟာ Patrick Melrose ဇာတ္လမ္းတြဲအတြက္ Outstanding Lead Actor အျဖစ္ ေရြးခ်ယ္ျခင္းခံခဲ့ရတယ္လုိ႔သိရပါတယ္။အႏုပညာဘက္မွာ အားသာကြ်မ္းက်င္လွတဲ႔ အသက္ ၄၂ႏွစ္အရြယ္မင္းသား Benedict Cumberbatch ဟာ သူ႔ရဲ ႔ထူးခြ်န္လွတဲ႔အရည္အခ်င္းေတြေၾကာင့္ဆုမ်ားစြာခ်ီးျမွင့္ခံခဲ႔ရတဲ႔အႏုပညာရွင္တစ္ေယာက္ပါ။အခုထိတုိင္ သူ႔ရဲ ႔ပရိသတ္ေတြက ေလ်ာ့မသြားပဲ တျဖည္းျဖည္းတိုးလာတာကုိျမင္ေတြ႔ရပါတယ္။

အထူးသျဖင့္ Sherlock ဇာတ္ေကာင္အျဖစ္နဲ႔ ပုိျပီးအသားက်ရင္းႏွီးတဲ႔ပရိသတ္ေတြရွိေနပါတယ္။အႏုပညာဘက္မွာလည္း ေအာင္ျမင္မႈေတြပုိင္ဆုိင္ထားသလုိမိသားစုဘ၀က်ေတာ့လည္း သာယာေပ်ာ္ရႊင္ဖြယ္အတိပါပဲ။တတိယေျမာက္ရင္ေသြးေလးမၾကာခင္ေရာက္ရွိလာေတာ့မယ့္ သတင္းေကာင္းေလးအတြက္ ပရိသတ္ေတြလည္းေက်နပ္၀မ္းသာၾကမယ္ထင္ပါတယ္ 💕

Unicode

Sherlock Holmes ၊ Doctor Strange မင်းသား Benedict Cumberbatch ရဲ ့ပရိသတ်တွေကြားရင် ဝမ်းသာရမယ့်သတင်းကောင်းလေးရှိနေပါပြီ

ဘာသတင်းကောင်းလေးလဲဆိုတော့ သူ့ရဲ့ချစ်ဇနီးချောလေး Sophie Hunter မှာ တတိယမြောက်ရင်သွေးလေးရှိနေပါပြီတဲ့။သူငယ်ချင်းသံယောဇဉ် သက်တမ်း၁ရနှစ်ကြာပြီးတဲ့နောက် လွန်ခဲ့တဲ့ 2015 ခုနှစ်၊ဖေဖော်ဝါရီ ၁၄ရက်မှာ လက်ထပ်ခဲ့ကြတဲ့သူတို့စုံတွဲလေးဟာ ၃နှစ်အရွယ် Christopher Carlton Cumberbatch နဲ့ ၁နှစ်အရွယ် Hal Auden Cumberbatch ဆိုတဲ့သားလေးနှစ်ယောက်ပိုင်ဆိုင်ထားပြီးသားလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၁ရရက်နေ့က အကြိမ် ရဝမြောက်ကျင်းပတဲ့ Annual Emmy Awards ဆုပေးပွဲကိုစုံတွဲလိုက်ပွဲတက်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီပွဲကို Sophie ဟာ တောက်ပတဲ့အဝါရောင်ခပ်ပွပွဂါဝန်လေး လှပကြော့ရှင်းစွာဝတ်ဆင်လာခဲ့ပြီး ရင်သွေးလေးရှိနေတဲ့အကြောင်း အသိပေးလိုက်တာပဲဖြစ်ပါတယ်။

ဆုပေးပွဲမှာ Benedict ဟာ Patrick Melrose ဇာတ်လမ်းတွဲအတွက် Outstanding Lead Actor အဖြစ် ရွေးချယ်ခြင်းခံခဲ့ရတယ်လို့သိရပါတယ်။အနုပညာဘက်မှာ အားသာကျွမ်းကျင်လှတဲ့ အသက် ၄၂နှစ်အရွယ်မင်းသား Benedict Cumberbatch ဟာ သူ့ရဲ ့ထူးချွန်လှတဲ့အရည်အချင်းတွေကြောင့်ဆုများစွာချီးမြှင့်ခံခဲ့ရတဲ့အနုပညာရှင်တစ်ယောက်ပါ။အခုထိတိုင် သူ့ရဲ ့ပရိသတ်တွေက လျော့မသွားပဲ တဖြည်းဖြည်းတိုးလာတာကိုမြင်တွေ့ရပါတယ်။

အထူးသဖြင့် Sherlock ဇာတ်ကောင်အဖြစ်နဲ့ ပိုပြီးအသားကျရင်းနှီးတဲ့ပရိသတ်တွေရှိနေပါတယ်။အနုပညာဘက်မှာလည်း အောင်မြင်မှုတွေပိုင်ဆိုင်ထားသလိုမိသားစုဘဝကျတော့လည်း သာယာပျော်ရွှင်ဖွယ်အတိပါပဲ။တတိယမြောက်ရင်သွေးလေးမကြာခင်ရောက်ရှိလာတော့မယ့် သတင်းကောင်းလေးအတွက် ပရိသတ်တွေလည်းကျေနပ်ဝမ်းသာကြမယ်ထင်ပါတယ် 💕

92 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.