မထင်မှတ်ထားလောက်အောင် ဝိတ်အလွန်ကျသွားတဲ့ Jiyeon အတွက် ပရိတ်သတ်များ စိုးရိမ်နေ

T-ARA အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jiyeon ဟာ မကြာခင်က အင်စတာဂရမ်မှာ တက်လာတဲ့ သူမရဲ့ပုံရိပ်တွေကြောင့် ပရိတ်သတ်တွေများ အံ့သြခဲ့ရပါတယ်။

ဝိတ်တွေ မတရားကျသွားတာ သူမ ကျန်းမာရေးရော ကောင်းရဲ့လားဆိုပြီး အားလုံးက စိုးရိမ်နေကြတာဖြစ်ပါတယ်။

jiyeon

လှပတဲ့ ပင်လယ်ကြီးကို နောက်ခံထားရိုက်ထားတဲ့ သူမရဲ့ဓာတ်ပုံဟာ ပြည့်စုံနေပေမယ့် သူမရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်လူတစ်ယောက်ထက် ပိုပြီးပိန်ကျနေတာကို တွေ့ခဲ့ရပါတယ်။ လက်မောင်းနဲ့ ပေါင်တံလေးတွေဟာ သေးသေးလေးတွေပဲ မြင်ရတော့တယ်။ ပရိတ်သတ်တွေက သူမကို ကျန်းမာရေးဂရုစိုက်ဖို့ ပြောကြတယ်။

Screen Shot 2018-09-17 at 3.06.10 PM

ကျန်းမာရေးကြောင့် ဟောင်ကောင်က Fan Meeting ပွဲတောင် သူမနောက်ကျခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာ သွက်လက်တဲ့ အရင် Jiyeon လေးကို ပြန်တွေ့ရဖို့ ပရိတ်သတ်တွေက မျှော်လင့်နေပါတယ်။

726 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.