Hyun Bin တစ္ေယာက္ အခုခ်ိန္ထိလူပ်ိဳၾကီးလုပ္ေနရတဲ႔အေၾကာင္းရင္းက…🤔

ေတာင္ကုိရီးယားမင္းသားေခ်ာ Hyun Bin ဟာ အသက္ ၃၅ႏွစ္ရွိျပီဆုိေပမဲ႔  လက္တြဲေဖာ္အိမ္ေထာင္ဖက္မရွိေသးပဲ အခုခ်ိန္ထိ Single ျဖစ္ေနဆဲပါ။ ၂၀၁၇ ဒီဇင္ဘာတုန္းက တစ္ႏွစ္နီးပါးလက္တြဲလာတဲ႔ခ်စ္သူ မင္းသမီး Kang Sora နဲ႔လမ္းခြဲေၾကာင္းေၾကညာခဲ႔ျပီး လက္ရွိအခ်ိန္ထိ အခ်စ္ေရးနဲ႔ပတ္သက္ျပီး ဘာလႈပ္ရွားမႈမွမေတြ႔ရေသးပါဘူး 🤔

စက္တင္ဘာလ ၁၇ရက္ေန႔ကေတာ့ ကုိရီးယားမီဒီယာတစ္ခုကေန အသစ္ထြက္ရွိလာမယ့္ “The Negotiation” ဇာတ္ကားနဲ႔ပတ္သက္လို႔အင္တာဗ်ဴးရင္း အခ်စ္ေရးအေၾကာင္းေမးျမန္းခဲ႔တယ္လုိ႔သိရပါတယ္။

အခုလက္ရွိအခ်ိန္မွာ အႏုပညာလႈပ္ရွားမႈကိုေျပာရမယ္ဆုိရင္ ‘Rampant ဇာတ္ကားကုိရုိက္ကူးျပီး ေနာက္ထပ္ ၃လပဲနားခဲ႔ရပါတယ္။အဲ႔ဒီေနာက္ မင္းသမီး Son Ye Jin နဲ႔ “Negotiation” ဇာတ္ကား၊Park Shin Hye နဲ႔အတူ “Memories of the Alhambra” ဇာတ္လမ္းတြဲစတဲ႔ ရုိက္ကူးေရးေတြက တရစပ္ရွိလာခဲ့တာပဲျဖစ္ပါတယ္တဲ႔။

အခ်စ္ေရးနဲ႔ပတ္သက္လို႔ ဘာလုိ႔မဒိတ္ေသးတာလဲေမးျမန္းၾကည့္ေတာ့ Hyun Bin က “ဘာလို႔လဲဆုိေတာ့ ကြ်န္ေတာ္ အလုပ္မ်ားေနလုိ႔ပါ။ဒိတ္ဖုိ႔ အစီအစဥ္ေတြမရွိေသးသလို အခုခ်ိန္မွာ ဒိတ္လည္းမဒိတ္ခ်င္ေသးပါဘူး။‘Negotation’ ဇာတ္ကားအတြက္ အၾကိဳျပသပြဲေတြ၊ပရိုမုိးရွင္းပြဲေတြနဲ႔လံုးပမ္းေနရမွာျဖစ္သလို ‘Rampant’  ပရိုမုိးရွင္းပြဲအတြက္ မၾကာခင္စတင္လႈပ္ရွားေတာ့မွာျဖစ္ပါတယ္။အဲ႔ဒါျပီးသြားတဲ႔အခါမွာလည္း ဒရာမာဇာတ္လမ္းတြဲနဲ႔ပတ္သက္ျပီးအလုပ္ေတြ တစ္လွည့္ျပန္ရႈပ္လာဦးမွာပါ“ဆုိျပီးသူ မဒိတ္ျဖစ္ေသးတဲ႔အေၾကာင္းကုိ ေျဖၾကားထားပါတယ္။အလုုပ္တစ္ခုျပီးသြားရင္ ေနာက္အလုပ္တစ္ခုက အသင့္ေစာင့္ေနတာျဖစ္လုိ႔ အခ်စ္ေရးအေၾကာင္း ေတြးခ်ိန္ေတာင္မရွိဘူးဆုိသလိုုပါပဲ 😅Kang Sora နဲ႔တုန္းကလည္း ႏွစ္ေယာက္သားမ်ားျပားလွတဲ႔အလုပ္ခ်ိန္ဇယားေတြေၾကာင့္လမ္းခြဲဖို႔ဆံုးျဖတ္ခဲ႔ၾကတာပါတဲ႔။

ဒီေတာ့ အခုခ်ိန္ထိ Hyun Bin လူပ်ိဳၾကီးလုပ္ေနရတဲ႔အေၾကာင္းက အလုပ္ေတြရႈပ္ေနတာေၾကာင့္ေရာ၊တကယ္ခ်စ္ရတဲ႔ခ်စ္သူမိန္းကေလးထပ္မေတြ႔ေသးတာေၾကာင့္ေရာလို႔ေျပာရမွာပါပဲ။တကယ္ခ်စ္တဲ႔သူနဲ႔ေတြ႔ရင္ေတာ့ အလုပ္ခ်ိန္ဇယားေတြဘယ္ေလာက္ရႈပ္ရႈပ္ ႏွလံုးသားခ်င္းေတာ့ေ၀းမွာမဟုတ္ပါဘူး 💗အသက္ၾကီးလာေလ ခန္႔ေခ်ာၾကီးျဖစ္လာေလဆုိေတာ့ မစြံမွာေတာ့ပူစရာမရွိပါဘူး 🤭😉

Hyun Bin ရဲ ႔“The Negotiation”အၾကိဳျပသပြဲဟာ မနက္ျဖန္စက္တင္ဘာ ၁၉ရက္ဆုိ စတင္က်င္းပမွာပါ။သိပ္မၾကာခင္မွာေတာ့ သူ႔ရဲ႔ရုပ္ရွင္ကားသစ္ေတြအမ်ားၾကီး ၾကည့္ရႈရေတာ့မွာပဲျဖစ္ပါတယ္။အားေပးၾကဦးေနာ္ ပရိသတ္ၾကီး…💕

Unicode

တောင်ကိုရီးယားမင်းသားချော Hyun Bin ဟာ အသက် ၃၅နှစ်ရှိပြီဆိုပေမဲ့  လက်တွဲဖော်အိမ်ထောင်ဖက်မရှိသေးပဲ အခုချိန်ထိ Single ဖြစ်နေဆဲပါ။ ၂၀၁၇ ဒီဇင်ဘာတုန်းက တစ်နှစ်နီးပါးလက်တွဲလာတဲ့ချစ်သူ မင်းသမီး Kang Sora နဲ့လမ်းခွဲကြောင်းကြေညာခဲ့ပြီး လက်ရှိအချိန်ထိ အချစ်ရေးနဲ့ပတ်သက်ပြီး ဘာလှုပ်ရှားမှုမှမတွေ့ရသေးပါဘူး

စက်တင်ဘာလ ၁ရရက်နေ့ကတော့ ကိုရီးယားမီဒီယာတစ်ခုကနေ အသစ်ထွက်ရှိလာမယ့် “The Negotiation” ဇာတ်ကားနဲ့ပတ်သက်လို့အင်တာဗျူးရင်း အချစ်ရေးအကြောင်းမေးမြန်းခဲ့တယ်လို့သိရပါတယ်။

အခုလက်ရှိအချိန်မှာ အနုပညာလှုပ်ရှားမှုကိုပြောရမယ်ဆိုရင် ‘Rampant ဇာတ်ကားကိုရိုက်ကူးပြီး နောက်ထပ် ၃လပဲနားခဲ့ရပါတယ်။အဲ့ဒီနောက် မင်းသမီး Son Ye Jin နဲ့ “Negotiation” ဇာတ်ကား၊Park Shin Hye နဲ့အတူ “Memories of the Alhambra” ဇာတ်လမ်းတွဲစတဲ့ ရိုက်ကူးရေးတွေက တရစပ်ရှိလာခဲ့တာပဲဖြစ်ပါတယ်တဲ့။

အချစ်ရေးနဲ့ပတ်သက်လို့ ဘာလို့မဒိတ်သေးတာလဲမေးမြန်းကြည့်တော့ Hyun Bin က “ဘာလို့လဲဆိုတော့ ကျွန်တော် အလုပ်များနေလို့ပါ။ဒိတ်ဖို့ အစီအစဉ်တွေမရှိသေးသလို အခုချိန်မှာ ဒိတ်လည်းမဒိတ်ချင်သေးပါဘူး။‘Negotation’ ဇာတ်ကားအတွက် အကြိုပြသပွဲတွေ၊ပရိုမိုးရှင်းပွဲတွေနဲ့လုံးပမ်းနေရမှာဖြစ်သလို ‘Rampant’  ပရိုမိုးရှင်းပွဲအတွက် မကြာခင်စတင်လှုပ်ရှားတော့မှာဖြစ်ပါတယ်။အဲ့ဒါပြီးသွားတဲ့အခါမှာလည်း ဒရာမာဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးအလုပ်တွေ တစ်လှည့်ပြန်ရှုပ်လာဦးမှာပါ”ဆိုပြီးသူ မဒိတ်ဖြစ်သေးတဲ့အကြောင်းကို ဖြေကြားထားပါတယ်။အလုုပ်တစ်ခုပြီးသွားရင် နောက်အလုပ်တစ်ခုက အသင့်စောင့်နေတာဖြစ်လို့ အချစ်ရေးအကြောင်း တွေးချိန်တောင်မရှိဘူးဆိုသလိုုပါပဲ 😅Kang Sora နဲ့တုန်းကလည်း နှစ်ယောက်သားများပြားလှတဲ့အလုပ်ချိန်ဇယားတွေကြောင့်လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြတာပါတဲ့။

ဒီတော့ အခုချိန်ထိ Hyun Bin လူပျိုကြီးလုပ်နေရတဲ့အကြောင်းက အလုပ်တွေရှုပ်နေတာကြောင့်ရော၊တကယ်ချစ်ရတဲ့ချစ်သူမိန်းကလေးထပ်မတွေ့သေးတာကြောင့်ရောလို့ပြောရမှာပါပဲ။တကယ်ချစ်တဲ့သူနဲ့တွေ့ရင်တော့ အလုပ်ချိန်ဇယားတွေဘယ်လောက်ရှုပ်ရှုပ် နှလုံးသားချင်းတော့ဝေးမှာမဟုတ်ပါဘူး 💗အသက်ကြီးလာလေ ခန့်ချောကြီးဖြစ်လာလေဆိုတော့ မစွံမှာတော့ပူစရာမရှိပါဘူး 🤭😉

Hyun Bin ရဲ ့“The Negotiation”အကြိုပြသပွဲဟာ မနက်ဖြန်စက်တင်ဘာ ၁၉ရက်ဆို စတင်ကျင်းပမှာပါ။သိပ်မကြာခင်မှာတော့ သူ့ရဲ့ရုပ်ရှင်ကားသစ်တွေအများကြီး ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။အားပေးကြဦးနော် ပရိသတ်ကြီး…💕

382 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.