၁ဝနှစ်ပြည့် အထိမ်းမှတ်အနေနဲ့ Fan Meetingပွဲလေး လုပ်ခဲ့တဲ့ IU

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ဝရက်နေ့မှာ IUရဲ့ (၁ဝ)နှစ်ပြည့် အထိမ်းမှတ် Fan Meeting ပွဲလေးကတော့ ပရိတ်သတ်များအတွက် အမြဲတမ်းအမှတ်ရနေမယ့်ပွဲလေးပါပဲ။ ဒီပွဲလေးကို ဆိုးလ်မြို့ က Universal Art Center မှာကျင်းပခဲ့ပြီး IU နဲ့ ပရိတ်သတ်တွေအားလုံး တွေဆုံပွဲလေးပြုလုပ်ခဲ့ပါတယ်။ ပွဲသို့ တက်ရောက်လာသူအားလုံးကို လက်စွပ်လှလှလေးတွေ ၊ CD ချပ်တွေ၊ ခြေအိတ်နဲ့ photocards လေးတွေ လက်ဆောင်ပေးခဲ့ပါတယ်။

ပွဲစစချင်းမှာ IU က ပရိတ်သတ်တွေနဲ့ နှစ်နာရီကြာအောင် တွေ့ဆုံခဲ့ပါတယ်။ လတ်တလော ခေတ်စားနေတဲ့ အကြောင်းရာတွေနဲ့ လူငယ်တွေနဲ့ပတ်သတ်တဲ့ tips လေးတွေကို ဝေမျှပြောဆိုသွားပါတယ်။ “A Dreamer” “Someday” နဲ့ “Teacher” သီချင်းတွေကိုလည်း ဖျော်ဖြေသွားရင်း သီချင်းရဲ့အဓိပ္ပာယ်လေးတွေကိုလည်း ရှင်းပြသွားပါတယ်။

ဒီပွဲလေးကို တက်ရောက်အားပေးကြတဲ့ ပရိတ်သတ်တွေ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ကြောင်းနဲ့ နောက်ထပ် အနုပညာရှင်လှုပ်ရှားမှုတွေမှာလည်း ဆက်လက်အားပေးဖို့ ပြောခဲ့ပါတယ်။

” ပထမအပိုင်းမှာတော့ ပရိတ်သတ်တွေက ပြောပြချင်တဲ့ အကြောင်းရာတွေကို ကျွန်မ နားထောင်ပေးခဲ့ပါတယ်။ နောက်တော့ ကျွန်မရဲ့အနုပညာသက်တမ်းတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံတွေ၊ ပျော်ရွှင်စရာ ၊ ဝမ်းနည်းမှုတွေ အားလုံးမျှဝေခဲ့ပါတယ်။ ဒီလိုလုပ်လိုက်တော့ ပရိတ်သတ်တွေနဲ့ပိုပြီး ရင်းနှီးသွားသလို ခံစားရတယ်။ အဲ့ဒီလိုခံစားတာနဲ့ တစ်ပြိုင်တည်း ဒီထက် ခက်ခဲတဲ့အလုပ်တွေကိုလည်း ငါလုပ်နိုင်တယ် လို့ စိတ်ထဲယုံကြည်ချက်တွေ အပြည့်ဝင်လာတယ် .. နောက်ထပ်လည်း ဒီလိုပျော်စရာကောင်းတဲ့ ပွဲလေးတွေ ဖန်တီးပြီး ပရိတ်သတ်တွေနဲ့ အမှတ်တရတွေ လုပ်ချင်ပါသေးတယ် ” – IU

124 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.