လမ္းခြဲျပီးေနာက္ပုိင္း မိန္းကေလးေတြပိုလွ ပုိရင့္က်က္သြားၾကတာ ဘာလို႔လဲဆုိေတာ့…💙

လမ္းခြဲျခင္းမွာေတာင္ မိန္းကေလးနဲ႔ေယာက်္ားေလး ခံစားခ်က္ကြာျခားတာေတြရွိပါတယ္။ယူတို႔လည္း လမ္းခြဲျပီးမွပုိလွလာတဲ႔မိန္းကေလးေတြ ေတြ႔ဖူးမွာပါ။ဒါမွမဟုတ္ ခ်စ္သူနဲ႔လမ္းခြဲျပီးေနာက္ပုိင္း ပုိလွလာတယ္လုိ႔ခ်ီးက်ဴးခံခဲ႔ဖူးမွွာေပါ့။ဒီလုိ လမ္းခြဲျပီးေနာက္ပုိင္းမွာ မိန္းကေလးေတြဘာေၾကာင့္ပုိလွလာၾကတာလဲ?အေပၚမွာေျပာခဲ႔သလို အဓိကက ခံစားခ်က္ကြာျခားတာေၾကာင့္ပါပဲ။ေလ့လာခ်က္ေတြအရေတာ့ လမ္းခြဲျပီးတဲ႔ေနာက္ပုိင္းမွာ အမ်ားအားျဖင့္ မိန္းကေလးနဲ႔ေယာက်ာ္းေလး ဒီလုိခံစားခ်က္ေတြကြာျခားၾကတယ္ဆုိတာကုိ ေတြ႔ခဲ႔ရပါတယ္။

စစလမ္းခြဲတဲ႔အခိ်န္မွာ မိန္းကေလးေတြအတြက္ အဲ႔ဒီအခ်ိန္ကာလက ငရဲပါပဲ။စားလုိ႔လည္းမရ၊အိပ္လို႔လည္းမရ၊ခ်စ္သူကုိပဲသတိေတြရေနတယ္။ျပန္စာမလာမွန္းသိေပမဲ႔ ညတုိင္းမက္ေဆ့ခ်္ေတြပို႔မိေနတယ္။သူ႔ကိုျပန္လိုခ်င္တဲ႔အေၾကာင္း၊ျပန္လာေပးပါဆုိတဲ႔အေၾကာင္းေျပာေနမိမယ္။တစ္ခါတစ္ေလ ခိုးေၾကာင္ခိုး၀ွက္သြားေတြ႔တာေတြရွိမယ္။သူနဲ႔ပုိ႔ခဲ႔တဲ႔ Conversation ေတာင္မဖ်က္ရက္ႏုိင္ေသးဘူး။ေသြးေအးသြားရင္ သူျပန္လာမွာပါဆုိျပီးေစာင့္ေနမိတယ္။ဆုိရွယ္မီဒီယာေပၚမွာလည္း သူ႔ကုိခ်စ္ေနဆဲဆုိတဲ႔အေၾကာင္းေတြတင္ေနဆဲ အခ်ိန္ကာလျဖစ္သလို သူ႔ေ၀ါလ္ထဲ ေခါက္တံု႔ေခါက္ျပန္သြားလာေနမိတဲ႔အခ်ိန္ကာလေတြလည္းျဖစ္တယ္။ဘယ္ေလာက္ထိျဖစ္တတ္လဲဆုိ အရင္လိုအတူတူရွိေနဖုိ႔ ကုိယ့္ဘက္က စေတာင္းပန္ဖုိ႔အဆင္သင့္ျဖစ္ေနတတ္တယ္။သူ မပါပဲ ေရွ႔ဆက္ေလ်ွာက္ရမယ့္ေန႔ေတြအတြက္ အဆင္သင့္မျဖစ္ေသးဘူး။ကုိယ္က တစ္ကမာၻလံုးမွာတစ္ေယာက္တည္းရွိေနသလုိခံစားေနရတတ္တယ္ 💔

ဒါေပမဲ႔ …မိန္းကေလးဘက္က ခ်စ္သူရဲ ႔လ်စ္လ်ဴရႈမွႈ၊ကုိယ္မပါလည္း ေပ်ာ္ေနႏုိင္တဲ႔သူကုိၾကည့္ရတဲ႔ခံစားခ်က္၊ေမ်ွာ္လင့္ထားသလိုမျဖစ္လာဘူးဆုိတာ သိလုိက္ရတဲ႔အခ်ိန္ေတြ၊သူျပန္လာဖုိ႔ေစာင့္ေနတာကုိရပ္လိုက္သင့္ျပီဆုိတဲ႔ေအးစက္စက္ခံစားခ်က္ေတြ၊သူမရဲ႔အခ်စ္နဲ႔ထုိက္တန္တဲ႔သူက သူမကုိယ္တိုင္ပဲျဖစ္တယ္ဆုိတာေတြ နားလည္သြားတဲ႔အခ်ိန္ကာလတစ္ခုမွာေတာ့ သူ႔ဆီလွမ္းဖုိ႔ၾကိဳးစားေနတဲ႔ေျခလွမ္းေတြကုိ ျပန္ျပီးျပင္ဆင္လုိက္ႏုိင္ပါျပီ။

ေယာက်္ားေလးေတြအတြက္ကေတာ့ လမ္းခြဲစအခ်ိန္တုန္းက လြတ္လပ္ျပီဆုိျပီး ေပ်ာ္စရာအတိျပီးခဲ႔ေပမဲ႔ အခ်ိန္ေတြၾကာလာေလ သူမကုိတကယ္ခ်စ္ခဲ႔မွန္းသိလာေလ၊သူ႔အေပၚ တကယ္ခ်စ္တဲ႔သူတစ္ေယာက္၊ျပန္လာဖုိ႔ေတာင္းပန္ေနတဲ႔သူတစ္ေယာက္အေပၚ ဘယ္လိုအမွားမ်ိဳးက်ဴးလြန္မိခဲ႔လဲဆုိတာ၊ျပီးေတာ့ သူမကုိပုိင္ဆုိင္ခဲ႔ရလို႔သူဘယ္ေလာက္ထိကံေကာင္းခဲ႔လဲဆုိတာေတြ၊သူမကုိ လိုအပ္ေနဆဲပဲလုိ႔ နားလည္သြားတဲ႔အခ်ိန္မွာေတာ့ သူ႔အတြက္ အလြမ္းအေဆြးအခ်ိန္ကာလဆုိတာ ေရွ႔ဆက္မယ့္ေန႔ရက္တစ္ေလ်ွာက္လံုးနီးပါးပါပဲ။

အဲ႔ဒီအခ်ိန္မွာ မိန္းကေလးေတြကေတာ့ အခ်စ္နဲ႔နာက်င္မႈဆုိတာကို ခံစားဖူးခဲ႔ျပီ။ေမ်ွာ္လင့္တုိင္းလည္းျဖစ္မလာဘူးဆုိတာကုိလက္ခံတတ္ခဲ႔ျပီ။သူမနဲ႔ထုိက္တန္တဲ႔ ဘ၀လက္တြဲေဖာ္ကုိလည္း ဒီအေတြ႔အၾကံဳေတြကေန ေသခ်ာရွာတတ္ခဲ႔ျပီ။ဒီေတာ့ သူမရဲ ႔ေန႔ရက္ေတြဟာ ေမွာင္ေနရာကေန လင္းလက္ေတာက္ပလာျပီး ဘ၀ကုိ အလွပဆံုးျဖတ္သန္းဖုိ႔ပဲ ရွိေတာ့တာပါ။အဲ႔ဒါေၾကာင့္ ကုိယ့္ကုိယ့္ကုိယ္အလွပဆံုးျပင္ဆင္တယ္။မေလ့လာရေသးတာေတြေလ့လာတယ္။အေမွာင္ဖံုးေနတုန္း မျမင္လိုက္ရတဲ႔ အလွတရားေတြကုိျပန္ရွာဖုိ႔ၾကိဳးစားတယ္။ဒီေလာက္ပါပဲ…🌻

လမ္းခဲြျပီးေနာက္ပုိင္းမိန္းကေလးေတြက ပုိလွလာၾကသလို ပုိျပီးေတာ့လည္း ရင့္က်က္လာၾကပါတယ္ 💜

Unicode

လမ်းခွဲခြင်းမှာတောင် မိန်းကလေးနဲ့ယောကျ်ားလေး ခံစားချက်ကွာခြားတာတွေရှိပါတယ်။ယူတို့လည်း လမ်းခွဲပြီးမှပိုလှလာတဲ့မိန်းကလေးတွေ တွေ့ဖူးမှာပါ။ဒါမှမဟုတ် ချစ်သူနဲ့လမ်းခွဲပြီးနောက်ပိုင်း ပိုလှလာတယ်လို့ချီးကျူးခံခဲ့ဖူးမှှာပေါ့။ဒီလို လမ်းခွဲပြီးနောက်ပိုင်းမှာ မိန်းကလေးတွေဘာကြောင့်ပိုလှလာကြတာလဲ?အပေါ်မှာပြောခဲ့သလို အဓိကက ခံစားချက်ကွာခြားတာကြောင့်ပါပဲ။လေ့လာချက်တွေအရတော့ လမ်းခွဲပြီးတဲ့နောက်ပိုင်းမှာ အများအားဖြင့် မိန်းကလေးနဲ့ယောကျာ်းလေး ဒီလိုခံစားချက်တွေကွာခြားကြတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

စစလမ်းခွဲတဲ့အချိန်မှာ မိန်းကလေးတွေအတွက် အဲ့ဒီအချိန်ကာလက ငရဲပါပဲ။စားလို့လည်းမရ၊အိပ်လို့လည်းမရ၊ချစ်သူကိုပဲသတိတွေရနေတယ်။ပြန်စာမလာမှန်းသိပေမဲ့ ညတိုင်းမက်ဆေ့ချ်တွေပို့မိနေတယ်။သူ့ကိုပြန်လိုချင်တဲ့အကြောင်း၊ပြန်လာပေးပါဆိုတဲ့အကြောင်းပြောနေမိမယ်။တစ်ခါတစ်လေ ခိုးကြောင်ခိုးဝှက်သွားတွေ့တာတွေရှိမယ်။သူနဲ့ပို့ခဲ့တဲ့ Conversation တောင်မဖျက်ရက်နိုင်သေးဘူး။သွေးအေးသွားရင် သူပြန်လာမှာပါဆိုပြီးစောင့်နေမိတယ်။ဆိုရှယ်မီဒီယာပေါ်မှာလည်း သူ့ကိုချစ်နေဆဲဆိုတဲ့အကြောင်းတွေတင်နေဆဲ အချိန်ကာလဖြစ်သလို သူ့ဝေါလ်ထဲ ခေါက်တုံ့ခေါက်ပြန်သွားလာနေမိတဲ့အချိန်ကာလတွေလည်းဖြစ်တယ်။ဘယ်လောက်ထိဖြစ်တတ်လဲဆို အရင်လိုအတူတူရှိနေဖို့ ကိုယ့်ဘက်က စတောင်းပန်ဖို့အဆင်သင့်ဖြစ်နေတတ်တယ်။သူ မပါပဲ ရှေ့ဆက်လျှောက်ရမယ့်နေ့တွေအတွက် အဆင်သင့်မဖြစ်သေးဘူး။ကိုယ်က တစ်ကမ္ဘာလုံးမှာတစ်ယောက်တည်းရှိနေသလိုခံစားနေရတတ်တယ် 💔

ဒါပေမဲ့ …မိန်းကလေးဘက်က ချစ်သူရဲ ့လျစ်လျူရှုမှှု၊ကိုယ်မပါလည်း ပျော်နေနိုင်တဲ့သူကိုကြည့်ရတဲ့ခံစားချက်၊မျှော်လင့်ထားသလိုမဖြစ်လာဘူးဆိုတာ သိလိုက်ရတဲ့အချိန်တွေ၊သူပြန်လာဖို့စောင့်နေတာကိုရပ်လိုက်သင့်ပြီဆိုတဲ့အေးစက်စက်ခံစားချက်တွေ၊သူမရဲ့အချစ်နဲ့ထိုက်တန်တဲ့သူက သူမကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာတွေ နားလည်သွားတဲ့အချိန်ကာလတစ်ခုမှာတော့ သူ့ဆီလှမ်းဖို့ကြိုးစားနေတဲ့ခြေလှမ်းတွေကို ပြန်ပြီးပြင်ဆင်လိုက်နိုင်ပါပြီ။

ယောကျ်ားလေးတွေအတွက်ကတော့ လမ်းခွဲစအချိန်တုန်းက လွတ်လပ်ပြီဆိုပြီး ပျော်စရာအတိပြီးခဲ့ပေမဲ့ အချိန်တွေကြာလာလေ သူမကိုတကယ်ချစ်ခဲ့မှန်းသိလာလေ၊သူ့အပေါ် တကယ်ချစ်တဲ့သူတစ်ယောက်၊ပြန်လာဖို့တောင်းပန်နေတဲ့သူတစ်ယောက်အပေါ် ဘယ်လိုအမှားမျိုးကျူးလွန်မိခဲ့လဲဆိုတာ၊ပြီးတော့ သူမကိုပိုင်ဆိုင်ခဲ့ရလို့သူဘယ်လောက်ထိကံကောင်းခဲ့လဲဆိုတာတွေ၊သူမကို လိုအပ်နေဆဲပဲလို့ နားလည်သွားတဲ့အချိန်မှာတော့ သူ့အတွက် အလွမ်းအဆွေးအချိန်ကာလဆိုတာ ရှေ့ဆက်မယ့်နေ့ရက်တစ်လျှောက်လုံးနီးပါးပါပဲ။

အဲ့ဒီအချိန်မှာ မိန်းကလေးတွေကတော့ အချစ်နဲ့နာကျင်မှုဆိုတာကို ခံစားဖူးခဲ့ပြီ။မျှော်လင့်တိုင်းလည်းဖြစ်မလာဘူးဆိုတာကိုလက်ခံတတ်ခဲ့ပြီ။သူမနဲ့ထိုက်တန်တဲ့ ဘဝလက်တွဲဖော်ကိုလည်း ဒီအတွေ့အကြုံတွေကနေ သေချာရှာတတ်ခဲ့ပြီ။ဒီတော့ သူမရဲ ့နေ့ရက်တွေဟာ မှောင်နေရာကနေ လင်းလက်တောက်ပလာပြီး ဘဝကို အလှပဆုံးဖြတ်သန်းဖို့ပဲ ရှိတော့တာပါ။အဲ့ဒါကြောင့် ကိုယ့်ကိုယ့်ကိုယ်အလှပဆုံးပြင်ဆင်တယ်။မလေ့လာရသေးတာတွေလေ့လာတယ်။အမှောင်ဖုံးနေတုန်း မမြင်လိုက်ရတဲ့ အလှတရားတွေကိုပြန်ရှာဖို့ကြိုးစားတယ်။ဒီလောက်ပါပဲ…

လမ်းခွဲပြီးနောက်ပိုင်းမိန်းကလေးတွေက ပိုလှလာကြသလို ပိုပြီးတော့လည်းရင့်ကျက်လာကြပါတယ်

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.