စမတ်ကျပြီး သွက်လက်ထက်မြက်သူတစ်ယောက်ဖြစ်စေဖို့

”သူက အရမ်းတော်တာပဲ.. ဒီကောင်မလေး ဥာဏ်သိပ်ကောင်းတယ်နော် ” လို့ ကျွန်တော်တို့ မကြာခဏချီးကျုးတတ်ကြပါတယ်။ ဒီလောက်ဥာဏ်ကောင်းတာ ဘုရားကပေးထားတဲ့လက်ဆောင်ပဲဖြစ်မယ်။ ငါတို့ ဘယ်လောက်ကြိုးစားပါစေ ဒီလောက်ဥာဏ်ကောင်းနိုင်မှာမဟုတ်ဘူးလို့ တွေးတတ်ကြတယ်။ ဒီအတွေးဟာ တကယ်တော့မှားပါတယ်။ တကယ်တော့ မင်းလည်း ဥာဏ်ရည်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။

သိပံ္ပပညာရှင်များကတော့ လူတိုင်းဥာဏ်ရည်ထက်မြက်စေမယ့် နည်းလမ်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ အသစ်သစ်တွေ လေ့လာသင်ယူနေရပါတယ်။ data တွေ အချက်လက်တွေ အားလုံးကို မှတ်သားပြီး ဦးနှောက်က မလိုအပ်တဲ့အပိုင်းတွေကို စွန့်ထုတ်ပစ်ခဲ့တယ်။ မလိုတာတွေ လစ်လျုရှုပစ် ၊ လိုတာတွေမှတ်သားထားမှ အလုပ်ဆက်လုပ်လို့ရမှာပေါ့။ ဒါကြောင့် ကိုယ့်ရဲ့ဦးနှောက်ကို ဘယ်လို လေ့ကျင့်ပျိုးထောင်းပေးမလဲဆိုတာ အချက်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်ကိုကိုယ် နှိမ့်ချဆက်ဆံပြီး ယဉ်ကျေးပါ


ကိုယ့်ကိုကိုယ် နှိမ့်ချဆက်ဆံပြီး ယဉ်ကျေးတတ်သူတွေဟာ အရာအားလုံးပေါ် အကောင်းမြင်တတ်ကြပါတယ်။ အကောင်းမြင်တတ်တဲ့ အကျင့်ကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ပုံတွေကို ပိုမိုကောင်းမွန်စေပါတယ်။ အသေးဖွဲ့လေးတွေကအစ လူတွေကိုကျေးဇူးတင်စကားပြောဖို့ တွန့်ဆုတ်မနေတတ်တာဟာ မင်းကိုလည်းပျော်ရွှင်စေတယ်။ ဦးနှောက်က အသစ်သစ်တွေကိုလည်း ထပ်မံလက်ခံနိုင်ပြီး ကောင်းကောင်း ဝေဖန်ပိုင်းခြားနိုင်မှုကို လုပ်ဆောင်နိုင်လာပါတယ်။

ကောင်းသောအရာတွေသာ လက်ခံခြင်း
မင်းရဲ့ဘဝက သင်္ဘောကြီးတစ်စင်းဆို မင်းက ကပ္ပတိန်ထားပါတော့။ မင်းရဲ့အတွေးတွေက လှိုင်းလုံးတွေဖြစ်တယ်။ မကောင်းတဲ့အတွေးတွေကြောင့် ကိုယ့်ကိုကိုယ် ခက်ခဲအောင်မလုပ်ပါနဲ့။ ကပ္ပတိန်ကောင်းတစ်ယောက်အနေနဲ့ သင်္ဘောကြီးတစ်စင်းလုံးကို ကောင်းကောင်းမောင်းနှင်နိုင်ပါတယ်။ ဖြစ်လာသမျှကို ကောင်းဖို့အတွက်ပဲလို့ လက်ခံယူပါ။ ငါဟာ ဘယ်လောက်ပျော်ရွှင်နေပြီး ချစ်ခြင်းမေတ္တာတွေကို ဘယ်လောက်ထိ လက်ခံရရှိထားလဲလို့ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်ဖူးရဲ့လား ? အဓိက မင်းတွေးနေတဲ့ အတွေးတွေဟာ ဦးနှောက်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အများကြီးဆက်စပ်နေတယ်လို့ ပြောချင်တာပါ။

များများမေးပြီး များများသင်ယူပါ


ကိုယ်နဲ့ အရာတစ်ခုဟာ အစိမ်းသက်သက်ဖြစ်နေသလို ခံစားရရင် ဒါမှမဟုတ် ပတ်ဝန်းကျင်အသစ်တစ်ခုကို ရောက်တဲ့အခါ မသိ၊ နားမလည်တာရှိရင် မေးဖို့ မတွန့်ဆုတ်ပါနဲ့။ ရဲရဲတင်းတင်းသာ မေးလိုက်ပါ။ ဒီလိုမေးလိုက်တဲ့အခါ မသိတာလည်း ရှင်းသွားသလို ဦိးနှောက်က ပိုပြီးတော့လည်း အလုပ်လုပ်လို့ ကောင်းလာပါတယ်။ winner တစ်ယောက်လို ခံစားစေရပြီး ပျော်ရွှင်စေတယ် ။ စိတ်လှုပ်ရှားစေပါတယ်။ နောက်ထပ်ဝင်ရောက်လာမယ့် ဗဟုသုတ အသစ်သစ်တွေအတွက်လည်း ဦးနှောက်က အလိုလျောက်လက်ခံနိုင်လာတယ်။

ပြည့်ပြည့်ဝဝနားပါ
အပြည့်ဝ အနားယူတဲ့အထဲမှာ အိပ်ရေးဝအောင် အိပ်နိုင်ဖို့လည်း အများကြီးအရေးကြီးပါတယ်။ အိပ်ရေးဝမှ စိတ်ကြည်ပြီး ဘာပဲလုပ်လုပ် ဦးနှောက်ရဲ့တွေးခေါ်ပုံတွေကလည်း အမြဲတမ်း သွက်လက်နေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ဖိစီးမှုဟော်မုန်းတွေ လျော့ကျသွားတဲ့အခါ အလုပ်လုပ်ရတာ ဘာနဲ့မှမတူပဲ လန်းဆန်းတက်ကြွနေမှာပါ။

272 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.