အရက္ပံုမွန္ေသာက္ေလ့ရွိသူေတြဟာ မေသာက္တဲ႔သူေတြထက္ ဆီးခ်ိဳျဖစ္ပြားမႈႏႈန္းေလ်ာ့နည္း 😮

တစ္ပတ္တစ္ခါ Cheer လုပ္ခ်င္ၾကသူေတြအတြက္ သတင္းေကာင္းလုိ႔ေျပာရမလား။ေလ့လာခ်က္အသစ္တစ္ရပ္အရ အရက္ကုိပံုမွန္ေသာက္သံုးသူေတြဟာ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈႏႈန္းေလ်ာ့နည္းတယ္လုိ႔ေတြ႔ရွိလာခဲ႔ရပါတယ္။ဆီးခ်ိဳေရာဂါဆုိတာ အင္ဆူလင္မလံုေလာက္လုိ႔လည္းျဖစ္ႏုိင္သလုိ
အင္ဆူလင္ပံုမွန္အလုပ္မလုပ္တာေၾကာင့္လည္းျဖစ္တတ္ပါတယ္။အင္ဆူလင္ပံုမွန္မရွိတာေၾကာင့္ေသြးထဲမွာသၾကားဓာတ္ေတြမ်ားလာျပီး ဆီးခ်ိဳေရာဂါေတြနဲ႔တစ္ျခားေသာေရာဂါတစ္ခိ်ဳ႔ကုိျဖစ္ပြားလာေစတာပါ။

ဆီးခ်ိဳေရာဂါနဲ႔ပတ္သက္ျပီးေလ့လာတဲ႔ ဥေရာပအဖြဲ႔အစည္းတစ္ခုက အယ္လ္ကုိေဟာ(အရက္၊ဘီယာ၊၀ုိင္)ပံုမွန္ေသာက္ေလ့ရွိသူေတြဟာ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈႏႈန္းနည္းပါးတယ္ဆုိတာကုိေတြ႔ရွိခဲ႔တာပဲျဖစ္ပါတယ္။Danish ျမိဳ႔သူျမိဳ႔သားေတြကုိေလ့လာၾကည့္တဲ႔အခါ တစ္ပတ္ကုိ အရက္ ၁၄ခြက္ေသာက္သံုးေလ့ရွိတဲ႔အမ်ိဳးသားဟာ လံုး၀မေသာက္တ့ဲသူထက္ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈႏႈန္း၄၃ရာခိုင္နႈန္းေလ်ာ့နည္းျပီး တစ္ပတ္ကုိ အရက္ ၉ခြက္ေသာက္သံုးသူအမ်ိဳးသမီးေတြဟာ လံုး၀မေသာက္တဲ႔အမ်ိဳးသမီးေတြထက္ ဆီးခ်ိဳျဖစ္ပြားမႈႏႈန္း၅၈ရာခုိင္ႏႈန္းေတာင္ပိုျပီးေလ်ာ့နည္းတာကုိေတြ႔ရွိခဲ႔ရပါတယ္ 😮

တစ္ပတ္ကုိ သံုးေလးၾကိမ္အယ္လ္ကုိေဟာေသာက္ေလ့ရွိသူေတြမွာလည္း ဆီးခ်ိဳျဖစ္ပြားမႈႏႈန္းေလ်ာ့နည္းတာကုိေတြ႔ခဲ႔ရပါတယ္။အမ်ိဳးသားေရာ၊အမ်ိဳးသမီးပါ ဆီးခ်ိဳျဖစ္ပြားႏႈန္း ၂၇ရာခိုင္ႏႈန္းစီေလ်ာ့နည္းၾကပါတယ္တဲ႔။ဒါက အရက္ေသာက္ဖုိ႔ အားေပးေထာက္ခံတာေတာ့မဟုတ္ပါဘူး။ကုိယ္ေသာက္တဲ႔ပမာဏာေပၚမူတည္ျပီး အက်ိဳးသက္ေရာက္မႈျဖစ္ေစတာပါ။ပေရာ္ဖက္ဆာ Tolstrup ရဲ႔ေျပာျပခ်က္အရ ကုိယ္ေသာက္တဲ႔ပမာဏာနဲ႔ေသာက္တဲ႔အၾကိမ္အေရအတြက္ကလည္းဆက္စပ္ေနပါတယ္တဲ႔။သူအၾကံေပးတာကေတာ့ တစ္ခါတည္းတစ္ခြက္အကုန္ေသာက္တာထက္ ေလးခါခြဲေသာက္တာက ပုိျပီးအက်ိဳးသက္ေရာက္မႈရွိေစတယ္လုိ႔လည္းသိရပါတယ္။

ဘယ္ေနရာမဆုိ တန္ေဆးလြန္ေဘးပါ။အရက္ေသာက္တာဟာ က်န္းမာေရးအေျခအေနမ်ိဳးစံုနဲ႔ဆက္စပ္ပတ္သက္ေနတာမုိ႔လို႔ ပံုမွန္ထက္ပုိေသာက္ရင္ေတာ့ ဆီးခိ်ဳတင္မက တစ္ျခားေရာဂါေတြပါ၀င္ေရာက္လာမွာပဲျဖစ္ပါတယ္။ဒါေၾကာင့္အရက္လည္းေသာက္ခ်င္၊က်န္းမာေရးလည္းေကာင္းခ်င္တယ္ဆုိရင္ အမ်ိဳးသမီးေတြက တစ္ပတ္ကုိ ၇ခြက္ထက္ပုိမေသာက္ပါနဲ႔။အမ်ိဳးသားေတြက တစ္ပတ္ကုိ ၁၄ခြက္ထက္ပုိျပီးမေသာက္သင့္ပါဘူး။တစ္ရက္ကုိ ၄ခြက္ထက္လည္းပုိမေသာက္ရပါဘူး 😉

ဒီေတာ့ အရက္ေသာက္တတ္သူေဘာ္ဒါေဘာ္ကြ်တ္အေပါင္းတုိ႔ …ကုိယ့္က်န္းမာေရးလည္းေစာင့္ေရွာက္ျပီးသားျဖစ္ေအာင္ ဥာဏ္ေလးနည္းနည္းေကာင္းျပီးေသာက္တတ္ၾကပါလို႔ 😉😎

Unicode

တစ်ပတ်တစ်ခါ Cheer လုပ်ချင်ကြသူတွေအတွက် သတင်းကောင်းလို့ပြောရမလား။လေ့လာချက်အသစ်တစ်ရပ်အရ အရက်ကိုပုံမှန်သောက်သုံးသူတွေဟာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းလျော့နည်းတယ်လို့တွေ့ရှိလာခဲ့ရပါတယ်။ဆီးချိုရောဂါဆိုတာ အင်ဆူလင်မလုံလောက်လို့လည်းဖြစ်နိုင်သလို
အင်ဆူလင်ပုံမှန်အလုပ်မလုပ်တာကြောင့်လည်းဖြစ်တတ်ပါတယ်။အင်ဆူလင်ပုံမှန်မရှိတာကြောင့်သွေးထဲမှာသကြားဓာတ်တွေများလာပြီး ဆီးချိုရောဂါတွေနဲ့တစ်ခြားသောရောဂါတစ်ချို့ကိုဖြစ်ပွားလာစေတာပါ။

ဆီးချိုရောဂါနဲ့ပတ်သက်ပြီးလေ့လာတဲ့ ဥရောပအဖွဲ့အစည်းတစ်ခုက အယ်လ်ကိုဟော(အရက်၊ဘီယာ၊ဝိုင်)ပုံမှန်သောက်လေ့ရှိသူတွေဟာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းနည်းပါးတယ်ဆိုတာကိုတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။Danish မြို့သူမြို့သားတွေကိုလေ့လာကြည့်တဲ့အခါ တစ်ပတ်ကို အရက် ၁၄ခွက်သောက်သုံးလေ့ရှိတဲ့အမျိုးသားဟာ လုံးဝမသောက်တဲ့သူထက် ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း၄၃ရာခိုင်နှုန်းလျော့နည်းပြီး တစ်ပတ်ကို အရက် ၉ခွက်သောက်သုံးသူအမျိုးသမီးတွေဟာ လုံးဝမသောက်တဲ့အမျိုးသမီးတွေထက် ဆီးချိုဖြစ်ပွားမှုနှုန်း၅၈ရာခိုင်နှုန်းတောင်ပိုပြီးလျော့နည်းတာကိုတွေ့ရှိခဲ့ရပါတယ် 😮

တစ်ပတ်ကို သုံးလေးကြိမ်အရက်သောက်လေ့ရှိသူတွေမှာလည်းဆီးချိုဖြစ်ပွားမှုနှုန်းလျော့နည်းတာကိုတွေ့ခဲ့ရပါတယ်။အမျိုးသားရော၊အမျိုးသမီးပါ ဆီးချိုဖြစ်ပွားနှုန်း ၂ရရာခိုင်နှုန်းစီလျော့နည်းကြပါတယ်တဲ့။ဒါက အရက်သောက်ဖို့ အားပေးထောက်ခံတာတော့မဟုတ်ပါဘူး။ကိုယ်သောက်တဲ့ပမာဏာပေါ်မူတည်ပြီး အကျိုးသက်ရောက်မှုဖြစ်စေတာပါ။ပရော်ဖက်ဆာ Tolstrup ရဲ့ပြောပြချက်အရ ကိုယ်သောက်တဲ့ပမာဏာနဲ့သောက်တဲ့အကြိမ်အရေအတွက်ကလည်းဆက်စပ်နေပါတယ်တဲ့။သူအကြံပေးတာကတော့ တစ်ခါတည်းတစ်ခွက်အကုန်သောက်တာထက် လေးခါခွဲသောက်တာက ပိုပြီးအကျိုးသက်ရောက်မှုရှိစေတယ်လို့လည်းသိရပါတယ်။

ဘယ်နေရာမဆို တန်ဆေးလွန်ဘေးပါ။အရက်သောက်တာဟာ ကျန်းမာရေးအခြေအနေမျိုးစုံနဲ့ဆက်စပ်ပတ်သက်နေတာမို့လို့ ပုံမှန်ထက်ပိုသောက်ရင်တော့ ဆီးချိုတင်မက တစ်ခြားရောဂါတွေပါဝင်ရောက်လာမှာပဲဖြစ်ပါတယ်။ဒါကြောင့်အရက်လည်းသောက်ချင်၊ကျန်းမာရေးလည်းကောင်းချင်တယ်ဆိုရင် အမျိုးသမီးတွေက တစ်ပတ်ကို ရခွက်ထက်ပိုမသောက်ပါနဲ့။အမျိုးသားတွေက တစ်ပတ်ကို ၁၄ခွက်ထက်ပိုပြီးမသောက်သင့်ပါဘူး။တစ်ရက်ကို ၄ခွက်ထက်လည်းပိုမသောက်ရပါဘူး 😉

ဒီတော့ အရက်သောက်တတ်သူဘော်ဒါဘော်ကျွတ်အပေါင်းတို့ …ကိုယ့်ကျန်းမာရေးလည်းစောင့်ရှောက်ပြီးသားဖြစ်အောင် ဉာဏ်လေးနည်းနည်းကောင်းပြီးသောက်တတ်ကြပါလို့ 😉😎

69 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.