Making Film ကြည့်ပြီး သူတို့ကိုတကယ့်စုံတွဲလေးဖြစ်စေချင်တာ ကိုယ်တစ်ယောက်တည်းလား? 😍
CHA EUN WOO
Các bước để trở thành một người đàn ông đẹp trai lạnh lùng nhưng không kém phần quyến rũ: Tự dưng mở chai nước đưa cho gái uống -> Chờ gái uống xong -> Lạnh lùng đóng nắp lại như chưa từng có chuyện gì xảy ra, còn không cả thèm nhìn lại gái 🤔🤔🤔🤔
Posted by K-Trend – Xu hướng Hàn Quốc on Thursday, July 26, 2018
Unicode
အခုလက်ရှိအင်တာနက်တစ်ခွင်မှာ ရေပန်းစားလူကြိုက်များနေတဲ့ဇာတ်လမ်းတွဲလေးကတော့ “My ID Is Gangnam Beauty” ဆိုတဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းတွဲရိုက်ကူးလိုက် ပြသလျက်မို့ စက်တင်ဘာလ ၁၅ရက်နေ့ကတော့ ဇာတ်လမ်းတွဲပြီးဆုံးသွားခဲ့ပြီး ကြည့်ရှုသူပရိသတ်နှုန်းအရ အထိုက်အလျောက် ထက်ပိုသာတဲ့အောင်မြင်မှုစံနှုန်းရရှိခဲ့တယ်လို့သိရပါတယ်။
ဒီဇာတ်လမ်းတွဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Cha Eun Woo နဲ့ Im Soo Hyang ပါ။နှစ်ယောက်လုံးက အချောလေးတွေဖြစ်လို့လူငယ်ပရိသတ်တွေက ဒီဇာတ်လမ်းတွဲကိုပိုပြီးသဘောကျနှစ်သက်ကြပါတယ်။ဇာတ်လမ်းတွဲထဲမှာတင် သူတို့နှစ်ယောက်ကိုကြည့်ရတာ ရိုမန်တစ်ဆန်ရုံမက မကြာသေးခင်က ပျံ့နှံ့လာခဲ့တဲ့ making film ဗီဒီယိုအရ ဇာတ်လမ်းတွဲရိုက်ကူးနေစဉ်မှာတောင် သူတို့နှစ်ယောက်ရဲ ့ရင်းနှီးမှုသံယောဇဉ်တွေကိုမြင်နေရပါတယ် 💕
ဗီဒီယိုထဲမှာ တစ်ယောက်နဲ့တစ်ယောက်စနောက်ကျီစယ်နေတာတွေ၊တစ်ယောက်ကိုတစ်ယောက်အားပေးနေတာတွေအပြင် Im Soo Hyang က သူမရဲ ့ဓာတ်ပုံကိုပြန်ယူဖို့ကြိုးစားနေတုန်း မင်းသား Cha Eun Woo က သူမရဲ့ဆံပင်ကိုသပ်တင်ပေးခဲ့ပြီး သူမရဲ ့hair stylist ဖြစ်နေပြီလို့တောင်နောက်ပြောင်ခဲ့ပါသေးတယ် 🤭ဒီဇာတ်လမ်းတွဲစပြပြီး မကြာသေးခင်အချိန်တုန်းက Cha Eun Woo နဲ့ ဒုတိယမင်းသမီး Jo Woori တို့ဒိတ်ကြတော့မယ်ဆိုတဲ့ကောလဟာလသတင်းလည်းထွက်ရှိခဲ့ပါသေးတယ်။ဒါပေမဲ့ အတည်ပြုထားတာမရှိခဲ့ပါဘူး။
အခု Making Film ကိုကြည့်ပြီးတဲ့ပရိသတ်တွေကလည်း Cha Eun Woo နဲ့ Im Soo Hyang တို့ရဲ ့ရင်းနှီးမှုကို မြင်ရတော့ သူတို့ကို အပြင်မှာ တကယ်ချစ်ကြိုက်သွားစေချင်တယ်ဆိုတဲ့ကောမန့်လေးတွေရေးသားဖော်ပြထားတာတွေ့ရပါတယ်။ကိုယ်တွေသဘောတူကြတဲ့မင်းသားနဲ့မင်းသမီးက
ဇာတ်လမ်းတွဲအပြင်မှာလည်းဒီလိုရင်းရင်းနှီးနှီးကြတာတွေ့ရတော့ ပရိသတ်တွေအတွက်ကြည်နူးစရာအဖြစ်အပျက်လေးပါပဲ။သူတို့နှစ်ယောက်ရဲ ့Making Film လေးကြည့်လိုက်ပါဦး 💕
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.