ကိုယ္နဲ႕အတူရွိေနရတာနဲ႕တင္ေရာင္႔ရဲတင္းတိမ္တတ္တဲ႔အမ်ိဳးသမီးကိုပိုင္ဆုိင္ထားရတဲ႔အခါသင္သိပ္ကံေကာင္းပါတယ္…❤❤

မိန္းကေလးဆိုပင္မဲ႔ ေလာဘေတြလိုခ်င္တပ္မက္မႈေတြမရွိဘူးေတာ႔မထင္လုိက္နဲ႕မိန္းကေလးေတြကေယာက္်ားေလးေတြထက္ ေငြေျကးဥစၥာ ဂုဏ္ပကာသနနဲ႕ပိုင္ဆုိင္မႈစည္းစိမ္ပစၥည္းေတြကိုမက္ေမာတတ္ျကတဲ႔သေဘာသဘာ၀ရွိပါတယ္။ ဒါလည္း မွားတယ္လို႕ဆိုလုိ႕ေတာ႔မရပါဘူး လူ႕သဘာ၀ အထူးသျဖင္႔မိန္းကေလးသဘာ၀ကိုက သူတစ္ပါးထက္သာလြန္ခ်င္ ျကြားခ်င္ေမာ္ခ်င္တတ္ျကတာကို..သို႕ပင္မဲ႔ဒီလိုမိန္းမေတြျကားထဲက မွ သင္႔ရဲ႕ ရုပ္ပိုင္ဆုိင္ရာပိုင္ဆုိင္မႈေတြကိုမက္ေမာတသေနျခင္းထက္ သင္႔စိတ္နဲ႕သင္႔ရဲ႕ခ်စ္ျခင္းေမတၱာ၊ သူမအေပၚတန္ဖိုးထားျမတ္နိုးမႈေတြကိုသာခံုမင္တတ္တဲ႔မိန္းကေလးမ်ိဳးကို ေရြးခ်ယ္ထားမိျပီးျပီဆုိရင္ေတာ႔ေယာက္်ားျဖစ္လာတဲ႔ဒီလုိဘ၀ျကီးထဲမွာသင္သိပ္ကံေကာင္းေနပါျပီ။ ဘာလို႕ကံေကာင္းတယ္ဆုိနုိင္သလဲလုိ႕ေမးလာလို႕ေျဖရရင္…(၁) သင္႔ရဲ႕ပစၥည္းဥစၥာကိုမမက္တာေျကာင္႔ သင္ဘယ္လုိအေျခေနပဲ ကံျကမၼာအလွည္႔ေျပာင္းေျကာင္႔ရံႈးနိမ္႔ရံႈးနိမ္႔သင္႔အတြက္ခိုလႈ့ံစရာေႏြးေထြးတဲ႔ရင္ခြင္တစ္စံုရွိေနတတ္ပါတယ္(၂) အတင္းအျကပ္ဘာျကီးျဖစ္ေအာင္လုပ္ ဘယ္ေလာက္ရွာနိုင္ေအာင္ျကိုးစား ဘယ္လုိေတြေပးနုိင္ေအာင္လုပ္ဆိုတာမ်ိဳးတြန္းအားမေပးတာေျကာင္႔ သင္႔ဘ၀ကို သင္အေကာင္းဆံုး အပူပင္ေတြ ဖိအားေတြမရွိပဲေခါင္းေအးေအးနဲ႔ပိုျကိုးစားလာနိုင္တယ္(၃) ေနာက္ဆံုးအခ်က္ကေတာ႔ အျပင္ေလာကျကီးမွာျဖစ္ေနျကအတိုင္းျဖစ္တဲ႔ကိုယ္႔အေမနဲ႕ကိုယ္႔မိန္းမျကား ပိုက္ဆံကိစၥ ေငြေျကးကိစၥ ေတြျကားညပ္တာမ်ိဳး
မျဖစ္ေစပဲ နားေအးပါးေအးနဲ႕စိတ္ေအးခ်မ္းသာရတဲ႔မိသားစုဘ၀ကိုပိုင္ဆုိင္နုိင္ေစမွာပါ။ မိန္းကေလးတိုင္းဆိုတာထက္လူတုိင္းကျပည္႔စံုျကြယ္၀မႈကို မက္ေမာေတာင္းတျကပါတယ္။ လူျကားထဲမ်က္နွာမငယ္ခ်င္ျကတာေတာ႔လူတုိင္းပါပဲ။ဒါပင္မဲ႔သင္႔ကို ဒီလုိအရာေတြနဲ႕မဆုိင္ပဲ သင္ျဖစ္ေနလို႕ပိုျပီးျမတ္နိုးတြယ္တာမိပါတယ္ဆိုတဲ႔ေကာင္မေလးမ်ိဳးသာရထားရင္ အျကံေပးခ်င္တာကသင္႔ေျကာင္႔သူမ်က္ရည္လားလားမွမက်ေအာင္ထားပါ…ေယာက္်ားတစ္ေယာက္ဘ၀မွာ တန္ဖိုးအရွိဆံုးမိန္းကေလးဆိုတာ ရုပ္ေခ်ာ Body လွျဖစ္ဖို႕ထက္ နားလည္မႈရွိရွိနဲ႕သစၥာျမဲတဲ႔ မိန္းမေကာင္းျဖစ္ေနဖို႕ပါပဲ…သင္နဲ႕ဘယ္လုိအခ်ိန္မ်ိဳးမွာပဲျဖစ္ျဖစ္ အျပံဳးမပ်က္ မေဖာက္မျပန္ ျပံဳးျပံဳးေပ်ာ္ေပ်ာ္ေနနိုင္တဲ႔မိန္းကေလးကို လက္မလႊတ္မိပါေစနဲ႕…

Unicode

မိန်းကလေးဆိုပင်မဲ့ လောဘတွေလိုချင်တပ်မက်မှုတွေမရှိဘူးတော့မထင်လိုက်နဲ့မိန်းကလေးတွေကယောက်ျားလေးတွေထက် ငွေကြေးဥစ္စာ ဂုဏ်ပကာသနနဲ့ပိုင်ဆိုင်မှုစည်းစိမ်ပစ္စည်းတွေကိုမက်မောတတ်ကြတဲ့သဘောသဘာဝရှိပါတယ်။ ဒါလည်း မှားတယ်လို့ဆိုလို့တော့မရပါဘူး လူ့သဘာဝ အထူးသဖြင့်မိန်းကလေးသဘာဝကိုက သူတစ်ပါးထက်သာလွန်ချင် ကြွားချင်မော်ချင်တတ်ကြတာကို..သို့ပင်မဲ့ဒီလိုမိန်းမတွေကြားထဲက မှ သင့်ရဲ့ ရုပ်ပိုင်ဆိုင်ရာပိုင်ဆိုင်မှုတွေကိုမက်မောတသနေခြင်းထက် သင့်စိတ်နဲ့သင့်ရဲ့ချစ်ခြင်းမေတ္တာ၊ သူမအပေါ်တန်ဖိုးထားမြတ်နိုးမှုတွေကိုသာခုံမင်တတ်တဲ့မိန်းကလေးမျိုးကို ရွေးချယ်ထားမိပြီးပြီဆိုရင်တော့ယောက်ျားဖြစ်လာတဲ့ဒီလိုဘဝကြီးထဲမှာသင်သိပ်ကံကောင်းနေပါပြီ။ ဘာလို့ကံကောင်းတယ်ဆိုနိုင်သလဲလို့မေးလာလို့ဖြေရရင်…(၁) သင့်ရဲ့ပစ္စည်းဥစ္စာကိုမမက်တာကြောင့် သင်ဘယ်လိုအခြေနေပဲ ကံကြမ္မာအလှည့်ပြောင်းကြောင့်ရှုံးနိမ့်ရှုံးနိမ့်သင့်အတွက်ခိုလှု့ံစရာနွေးထွေးတဲ့ရင်ခွင်တစ်စုံရှိနေတတ်ပါတယ်(၂) အတင်းအကြပ်ဘာကြီးဖြစ်အောင်လုပ် ဘယ်လောက်ရှာနိုင်အောင်ကြိုးစား ဘယ်လိုတွေပေးနိုင်အောင်လုပ်ဆိုတာမျိုးတွန်းအားမပေးတာကြောင့် သင့်ဘဝကို သင်အကောင်းဆုံး အပူပင်တွေ ဖိအားတွေမရှိပဲခေါင်းအေးအေးနဲ့ပိုကြိုးစားလာနိုင်တယ်(၃) နောက်ဆုံးအချက်ကတော့ အပြင်လောကကြီးမှာဖြစ်နေကြအတိုင်းဖြစ်တဲ့ကိုယ့်အမေနဲ့ကိုယ့်မိန်းမကြား ပိုက်ဆံကိစ္စ ငွေကြေးကိစ္စ တွေကြားညပ်တာမျိုး
မဖြစ်စေပဲ နားအေးပါးအေးနဲ့စိတ်အေးချမ်းသာရတဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်စေမှာပါ။ မိန်းကလေးတိုင်းဆိုတာထက်လူတိုင်းကပြည့်စုံကြွယ်ဝမှုကို မက်မောတောင်းတကြပါတယ်။ လူကြားထဲမျက်နှာမငယ်ချင်ကြတာတော့လူတိုင်းပါပဲ။ဒါပင်မဲ့သင့်ကို ဒီလိုအရာတွေနဲ့မဆိုင်ပဲ သင်ဖြစ်နေလို့ပိုပြီးမြတ်နိုးတွယ်တာမိပါတယ်ဆိုတဲ့ကောင်မလေးမျိုးသာရထားရင် အကြံပေးချင်တာကသင့်ကြောင့်သူမျက်ရည်လားလားမှမကျအောင်ထားပါ…ယောက်ျားတစ်ယောက်ဘဝမှာ တန်ဖိုးအရှိဆုံးမိန်းကလေးဆိုတာ ရုပ်ချော Body လှဖြစ်ဖို့ထက် နားလည်မှုရှိရှိနဲ့သစ္စာမြဲတဲ့ မိန်းမကောင်းဖြစ်နေဖို့ပါပဲ…သင်နဲ့ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် အပြုံးမပျက် မဖောက်မပြန် ပြုံးပြုံးပျော်ပျော်နေနိုင်တဲ့မိန်းကလေးကို လက်မလွှတ်မိပါစေနဲ့…

320 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.