တစ်လအတွင်းဆံပင်ပိုသန်လာစေပြီးအရှည်မြန်စေတဲ့နည်းလေးတွေဆိုပဲ…😮😮

မိန်းကလေးတိုင်းကဆံသားပါတာ ၊ ဆံပင်ရှည်နှေးတာ ဆံပင်ခဏခဏကျွတ်တာနဲ့ ဆံသားခြောက်သွေ့တာတွေကို မုန်းတီးတတ်ကြသူတွေချည်းပါပဲ။ ဒီလို ဆံသားပျက်စီးမှုတွေကို ရက်(၃၀) အချိန်တစ်လလောက်အတွင်းမှာသက်သာပျောက်ကင်းသွားဖို့ဆိုရင် ပေါ့ပေါ့ပါးပါးနည်းလမ်းကောင်းလေးတစ်ချို့ကိုတော့မှတ်သားထားဖို့လိုပါပြီနော်….

(၁) နှစ်ပတ်တစ်ခါ အဖျားလေးတွေတိတိပေးပါ

နှစ်ပတ်တစ်ခါ အဖျားလေးတွေကိုတိတိပေးခြင်းက ဆံပင်ကိုပိုလို့မရှည်မြန်စေပြီး မကြာခဏ ဆံပင်ကျွတ်ခြင်းကိုထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်။

ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပေးပါ

ကိုယ့်ရဲ့ဆံသားတွေဟာ အမြဲတမ်းအရောင်ဆိုး တာတွေဖြောင့်တာကောက်တာပုံသွင်းတာတွေကြောင့်အနည်းနဲ့အများတော့ပျက်စီးနေမှာအသေချာပါပဲ။ ဒါကြောင့်ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေးကိုမပျင်းမရိပဲပုံမှန်လေးသုံးပေးပါ။

သဘာဝပစ္စည်းတွေနဲ့ပေါင်းတင်ပါ

တစ်ပတ်မှာတစ်ခါလောက် ထောပတ်သီးတို့ သဘောင်္သီးတို့လိုအသီးနှံတွေ ကြက်ဥလို ဆံသားကျစ်လျစ်စေတဲ့အရာမျိုးတွေနဲ့ပေါင်းတင်ပေးပါ။

အပူချောင်းတွေနဲ့မှုတ်တာမျိုးတွေကို တက်နိုင်သလောက်ရှောင်ပါ

 

မဖြစ်မနေသွားဖို့လာဖို့ရှိလို့လုပ်ကိုလုပ်မှရမယ်ဆိုတဲ့အခါမျိုးမှသာ အခြောက်မှုတ်စက်တွေ၊ အပူချောင်းတွေကိုသုံးပါ။ ခဏခဏသုံးဆွဲခြင်းကသင့်ဆံသားကိုများစွာခြောက်သွေ့ပျက်စီးစေပါတယ်။

လေထုနဲ့ထိတွေ့ပေးပါ

ဆံသားတွေကို သဘာဝလေထုနဲ့လည်းထိတွေ့ပေးဖို့လိုပါတယ်။

ခေါင်းခဏခဏအပြင်းထန်လျှော်ချင်တဲ့စိတ်ကိုဖျောက်ပါ

တစ်ချို့ကအားတိုင်းခေါင်းလျှော်ချင်စိတ်ပေါက်တတ်ကြပါတယ်။ တစ်ပတ်ကိုနှစ်ခါလောက်လျှော်ခြင်းကအကောင်းဆုံးနည်းလမ်းပါပဲ။ ဒီလိုမဟုတ်ပဲ ခဏခဏအကြိမ်ရေများများလျှော်ခြင်းကသင့်ဆံသားနဲ့ဦးရေပြားကိုများစွာထိခိုက်စေပါတယ်။

 

 

489 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.