ခေါင်းကြောမာတဲ့ကလေးတွေဟာ တစ်ချိန်မှာ အောင်မြင်လာနိုင်ဖွယ်ရှိ 😎

ပြောရ ဆိုရခက်တဲ့ကလေးတွေကို ထိန်းကျောင်းရတဲ့ မိဘတွေအတွက်တော့ တကယ်ကို ခက်ခဲတဲ့အခြေအနေပါ။ စိတ်အလိုမကျရင် အရုပ်တွေ လွှင့်ပစ် ၊ အသီးရွက်ဆို မစားပဲ တွန်းထုတ်ပစ် ၊ ဆုံးမရင်လည်းမနာခံချင် ဒီလို ထင်ရာစိုင်းလေးတွေဟာ တစ်ချိန်မှာ အောင်မြင်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Image result for Stubborn Children

မိဘပြောစကားနားမထောင်တဲ့ ကလေးရဲ့အနာဂတ်အတွက် လူကြီးတွေက စိုးရိမ်ကြပေမယ့် သူတို့ဟာသူတို့ကျတော့ ထိန်းကျောင်းတတ်ကြပါတယ်။ အမေရိကန် စိတ်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အောင်မြင်နေသူအများစုဟာ ငယ်စဉ်ကတည်း ခပ်ဂျစ်ဂျစ်နဲ့ ပြန်မပြော နားမထောင်ခဲ့ကြတဲ့ လူလေးတွေပါပဲ။ သူတို့ရဲ့လက္ခဏာဟာ ဘယ်အရွယ်မှာစပြလဲဆိုတော့ အသက် ၈နှစ်ကနေ ၁၂နှစ်ကြားဆို သူတို့ဘာသာ လွတ်လွတ်လပ်လပ်နေချင်လာပြီး လူကြီးပြောစကားဆို ဖီဆန်ချင်လာကြပါတယ်။ ဒီကလေးတွေကို နှစ် ၄ဝကြာစောင့်ကြည့်လိုက်တဲ့အခါ သူတို့ရဲ့ခေါင်းကြောမာမှု ရလဒ်ဟာ ထင်မထားလောက်အောင် အံ့သြမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

Related image

ဒီကလေးတွေဟာ သူတို့စိတ်ဝင်စားတဲ့အရာတစ်ခုပေါ်မှာ အာရုံစူးစိုက်အားကောင်းလွန်းပြီး သူတို့ဝါဿနာကိုလိုက်တားမယ့်လူရှိလာရင် ဘာပဲပြောပြော နားကိုမထောင်တာပါ။ လုပ်စရာရှိတာ ဆက်လုပ်နေကြတာများတယ်။ ကျောင်းစာတွေမှာ အမှတ်မကောင်း ၊ အဆင့်က ကြည့်ုလိုက်ရင် သူများနောက်ရောက်နေတတ်ပေမယ့် အရွယ်ရောက်လို့ လုပ်ငန်းခွင်ထဲဝင်တဲ့အခါ သူတို့လေးတွေရဲ့လစာက အများကြီးကောင်းနေတာတွေ့ရတယ်။

မိဘက တွန်းအားပေးလို့ဆိုတာမျိုး အဖြစ်မခံဘဲ သူတို့စိတ်ပျော်ရာမှာပဲ အလုပ်တစ်ခုကို ဇောက်ချလုပ်တော့ အောင်မြင်မှုအသီးပွင့်ဆိုတာ တစ်နေ့တော့ ခူးစားခွင့်ရမှာပဲလေ။

Image result for Stubborn Children

ဒါကြောင့် ဒီလိုခေါင်းကြောမာတဲ့ ကလေးတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ မိဘများအတွက်
– ကလေးတွေပြောတာ နားထောင်ပေးပါ။ သူပြောတာကို အဓိပ္ပာယ်မရှိဘူးဆိုပြီိး ပြိုင်မငြင်းပါနဲ့။
– တစ်ခုခုကိုလုပ်ဖို့ သူတို့ကို တွန်းအားပေးတာထက် အချက်လက်တွေကိုပဲ မျှဝေပေးပါ။ အမိန့်မေ    ပးပါနဲ့။ ဒါဟာ အကောင်းဆုံး ချည်းကပ်နီးပါပဲ။ တွန်းအားပေးလိုက်ရင် သူတို့ကလည်း ပြန်ပြီး ပုန်    ကန်မှာပါ ။
– စကားပြောတဲ့အခါ အသံငြိမ်နေဖို့လိုပါတယ်။ ဘာပဲလုပ်လုပ် အတင်းအကျပ် ဆူဟောက်တာက
ကလေးကို ပိုဆိုးစေပါတယ်။ စကားနားမထောင်ရမလားဆိုပြီး ရိုက်တာကတော့ အဆိုးဆုံးပါပဲနော်။

Image result for Stubborn Children

ပြောရခက်တဲ့ ကလေးတွေကို ထိန်းတဲ့အခါ သူတို့လေးတွေရဲ့ အထာနပ်ဖို့လိုပါတယ်။ နည်းလမ်းမကျရင် သူတို့စိတ်ဓာတ်ကိုပါ ရိုက်ချိုးမိသလို ဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ သူတို့လေးတွေကို စိတ်ဓာတ်ခွန်အား ၊ဥာဏ်အား ဗလနဲ့ပြည့်စုံတဲ့ အနာဂတ်မျိုးဆက်သစ်လေးတွေအဖြစ် ပျိုးထောင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ⭐

275 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.