၁၀နှစ်တာအိမ်ထောင်သက်တမ်းကို အဆုံးသတ်လိုက်ပြီဖြစ်တဲ့ မင်းသမီးချော Park Eun Hye




Park Eun Hye ဟာ နန်းတွင်းရတနာဇာတ်လမ်းတွဲနဲ့နာမည်ကျော်ကြားလာတဲ့မင်းသမီးချောလေးဖြစ်ပြီး အခုလက်ရှိမှာ Channel A ကစီစဉ်တဲ့ “On My Way To Meet You” အစီအစဉ်မှာ တင်ဆက်သူတစ်ယောက်အဖြစ်ဆောင်ရွက်နေပြီး တစ်ခြားပရိုဂရမ်တွေမှာလည်းပါဝင်သရုပ်ဆောင်နေဆဲပါ 💕

Unicode

စိတ်မကောင်းစရာသတင်းတစ်ခုပါပဲ 😒တောင်ကိုရီးယားနိုင်ငံက အနုပညာရှင်မင်းသမီးချော Park Eun Hye ဟာ ၁ဝနှစ်ကြာလက်တွဲလာခဲ့တဲ့ခင်ပွန်းသည်နဲ့ကွာရှင်းပြတ်စဲလိုက်ပြီဆိုတဲ့အကြောင်း ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၁၄ရက်နေ့က Park Eun Hye ရဲ ့အေဂျင်စီ Early Bird Entertainment က “Park Eun Hye နဲ့သူမရဲ့အမျိုးသားဟာ သဘောထားကွဲလွဲမှုတွေ၊စိတ်သဘောထားအမြင်တွေ မတိုက်ဆိုင်တော့တာကြောင့် နှစ်ယောက်သား အချိန်ယူဆွေးနွေးပြီး အခုကိုယ့်လမ်းကိုယ်လျှောက်ဖို့ဆုံးဖြတ်ခဲ့ကြပါပြီ။ကလေးတွေကတော့ အမေဖြစ်သူရဲ ့အုပ်ထိန်းမှုအောက်မှာပဲရှိနေမယ်လို့သိရပြီး မိသားစုတွေ့ဆုံပွဲတွေ၊ကျောင်းတွင်းပွဲအခမ်းအနားတွေကိုတော့ အတူတက်ရောက်ကာ ကလေးတွေအတွက်အကောင်းဆုံးဖြစ်အောင်လုပ်ပေးသွားဖို့ဆုံးဖြတ်ထားကြပါတယ်”လို့အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။

မင်းသမီး Park Eun Hye ဟာ သူမရဲ့ခင်ပွန်းဖြစ်သူနဲ့ ၂၀၀၈ ဧပြီလက လက်ထပ်ခဲ့တာဖြစ်ပါတယ်။သူမတို့ဇနီးမောင်နှံမှာ အမြွာကလေးလေးနှစ်ယောက်ရှိပါတယ်တဲ့။အိမ်ထောင်သက်တမ်း ၁ဝနှစ်ကြာမြင့်ခဲ့ပြီဆိုပေမဲ့လည်း ရေရှည်အဆင်မပြေမှုတွေကြောင့်အခုလိုကွာရှင်းပြတ်စဲဖို့ဆုံးဖြတ်လိုက်တာပါ။SNS အကောင့်မှာမိသားစုဓာတ်ပုံတွေတင်လေ့ရှိပေမဲ့ ကွာရှင်းကြောင်းကြေညာပြီးတဲ့နောက်မှာ SNS အကောင့်ကိုပိတ်လိုက်တယ်လို့သိရပါတယ် 😔

Park Eun Hye ဟာ နန်းတွင်းရတနာဇာတ်လမ်းတွဲနဲ့နာမည်ကျော်ကြားလာတဲ့မင်းသမီးချောလေးဖြစ်ပြီး အခုလက်ရှိမှာ Channel A ကစီစဉ်တဲ့ “On My Way To Meet You” အစီအစဉ်မှာ တင်ဆက်သူတစ်ယောက်အဖြစ်ဆောင်ရွက်နေပြီး တစ်ခြားပရိုဂရမ်တွေမှာလည်းပါဝင်သရုပ်ဆောင်နေဆဲလို့သိရပါတယ်။

786 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.