အေမရိကန္မင္းသမီးေခ်ာ Megan Fox နဲ႔တြဲဖက္သရုပ္ေဆာင္သြားမယ့္ Minho 😉

ေတာင္ကုိရီးယားႏုိင္ငံက နာမည္ေက်ာ္ေကေပ့ါပ္အဖြဲ႔တစ္ခုျဖစ္တဲ႔ SHINee အဖြဲ႔၀င္ Minho ဟာ ဂီတေလာကအျပင္ သရုပ္ေဆာင္ေလာကနဲ႔လည္းမစိမ္းပါဘူး။သူပါ၀င္သရုပ္ေဆာင္ထားတဲ႔ဇာတ္ကားေတြဟာ ေအာင္ျမင္ခဲ႔ျပီး မိန္းကေလးပရိသတ္ေတြ သေဘာက်ႏွစ္သက္တဲ႔မင္းသားတစ္လက္ျဖစ္လာခဲ႔တာပါ။

မၾကာေသးခင္ကမွ “Illang: The Wolf Brigade”၊“The Princess and the Matchmaker” ဇာတ္ကားေတြ ရိုက္ကူးျဖစ္ခဲ႔ျပီး သိပ္မၾကာခင္ကာလမွာလည္း “Jangsa-ri 9.15” လုိ႔ယာယီနာမည္ေပးထားတဲ႔ဇာတ္ကားသစ္မွာ ပါ၀င္သရုပ္ေဆာင္မယ္လုိ႔သိရပါတယ္။

စက္တင္ဘာ ၁၁ရက္ေန႔က သူ႔ရဲ ႔ေအဂ်င္စီျဖစ္တဲ႔ SM Entertainment က ““Jangsa-ri 9.15” ဇာတ္ကားမွာ Minho ပါ၀င္ရုိက္ကူးမယ္ဆိုတာ သတင္းအမွန္ပါပဲ”လုိ႔အတည္ျပဳခဲ႔ပါတယ္။Minho က ဒီဇာတ္ကားမွာ ေက်ာင္းသားစစ္သားတစ္ေယာက္အျဖစ္ပါ၀င္သရုပ္ေဆာင္သြားမွာျဖစ္ပါတယ္။မင္းသားၾကီး Kim Myung Min လည္းပါ၀င္မွာျဖစ္ျပီး သူကေတာ့ ကြန္မန္ဒါအျဖစ္သရုပ္ေဆာင္သြားမွာပါ။

ထူးျခားတာကေတာ့ ဒီဇာတ္လမ္းတြဲမွာ ေဟာလိ၀ုဒ္မင္းသမီးေခ်ာ Megan Fox လည္းပါ၀င္မွာပဲျဖစ္ပါတယ္ 😮၀ါရွင္တန္မွာရွိတဲ႔ ေတာင္ကုိရီးယားထုတ္လုပ္ေရးေအဂ်င္စီ Taewon Entertainment က “Jangsa-ri 9.15” မွာ Megan Fox လည္းပါ၀င္ရုိက္ကူးမွာျဖစ္တယ္လုိ႔ေၾကညာခဲ႔တာပဲျဖစ္ပါတယ္။ဒီဇာတ္ကားဟာ ၁၉၅၀ တုန္းက ျဖစ္ပြားခဲ႔တဲ႔ကုိရီးယားစစ္ပြဲအေၾကာင္းကုိအဓိကထားျပီးရိုက္ကူးမွာျဖစ္ပါတယ္။

Megan Fox က  Marguerite Higgins အျဖစ္သရုပ္ေဆာင္ရမွာပါ။ Marguerite Higgins ဟာ အျပင္မွာတကယ္ရွိခဲ႔တဲ႔အမ်ိဳးသမီးတစ္ေယာက္ျဖစ္ပါတယ္။သူမဟာ New York Herald Tribune သတင္းစာတုိက္မွာ အလုပ္လုပ္ေနတဲ့ဂ်ာနယ္လစ္စ္တစ္ေယာက္ျဖစ္ျပီး ကုိရီးယားစစ္ပြဲအတြင္း သတင္းယူဖုိ႔သြားေရာက္ခ့ဲသူျဖစ္ပါတယ္။

စစ္ပြဲကာလအတြင္းျဖစ္ပ်က္သမ်ွကုိသတင္းလွမ္းပို႔အေၾကာင္းၾကားရသူတစ္ေယာက္ပါ။ကုိရီးယားစစ္ပြဲတင္မက ဒုတိယကမာၻစစ္၊ဗီယက္နမ္စစ္ပြဲအတြင္း သတင္းသြားယူခဲ့ပါေသးတယ္။၁၉၅၁ခုႏွစ္မွာေတာ့ သူမဟာ ‘War In Korea: The Report Of A Woman Combat Correspondent’ဆုိတဲ႔စာအုုပ္နဲ႔ Pulitzer Prize ဆုကုိ ရရွိခဲ႔ျပီး ထုိဆုရရွိခဲ႔တဲ႔ပထမဆံုးအမ်ိဳးသမီးလည္းျဖစ္ပါတယ္။

“Megan Fox ဟာ သတင္းေထာက္အျဖစ္အေကာင္းဆံုးသရုပ္ေဆာင္နုိင္ဖုိ႔ ၾကိဳးစားေနပါတယ္။သူမရဲ႔ အားလပ္ခ်ိန္တုိင္းကုိ Higgins အျဖစ္ေလ့က်င့္ရင္း ကုန္ဆံုးေနပါတယ္”လုိ႔ Taewon ေအဂ်င္စီကေနေျပာျပခဲ့ပါတယ္။ဒီဇာတ္ကားကုိေတာ့ လာမယ့္ေအာက္တိုဘာလလယ္ေလာက္မွာ စတင္ရိုက္ကူးျဖစ္မယ္လုိ႔သိရျပီးျဖစ္ရပ္မွန္ဇာတ္လမ္းတြဲကုိျပန္လည္ရိုက္ကူးမွာျဖစ္တာေၾကာင့္ စိတ္လႈပ္ရွားရင္ခုန္စရာေကာင္းတဲ႔ဇာတ္ကားျဖစ္မယ္ဆုိတာေသခ်ာပါတယ္ 😉

Unicode

တောင်ကိုရီးယားနိုင်ငံက နာမည်ကျော်ကေပေ့ါပ်အဖွဲ့တစ်ခုဖြစ်တဲ့ SHINee အဖွဲ့ဝင် Minho ဟာ ဂီတလောကအပြင် သရုပ်ဆောင်လောကနဲ့လည်းမစိမ်းပါဘူး။သူပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတွေဟာ အောင်မြင်ခဲ့ပြီး မိန်းကလေးပရိသတ်တွေ သဘောကျနှစ်သက်တဲ့မင်းသားတစ်လက်ဖြစ်လာခဲ့တာပါ။မကြာသေးခင်ကမှ “Illang: The Wolf Brigade”၊“The Princess and the Matchmaker” ဇာတ်ကားတွေ ရိုက်ကူးဖြစ်ခဲ့ပြီး သိပ်မကြာခင်ကာလမှာလည်း “Jangsa-ri 9.15” လို့ယာယီနာမည်ပေးထားတဲ့ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်မယ်လို့သိရပါတယ်။

စက်တင်ဘာ ၁၁ရက်နေ့က သူ့ရဲ ့အေဂျင်စီဖြစ်တဲ့ SM Entertainment က ““Jangsa-ri 9.15” ဇာတ်ကားမှာ Minho ပါဝင်ရိုက်ကူးမယ်ဆိုတာ သတင်းအမှန်ပါပဲ”လို့အတည်ပြုခဲ့ပါတယ်။Minho က ဒီဇာတ်ကားမှာ ကျောင်းသားစစ်သားတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။မင်းသားကြီး Kim Myung Min လည်းပါဝင်မှာဖြစ်ပြီး သူကတော့ ကွန်မန်ဒါအဖြစ်သရုပ်ဆောင်သွားမှာပါ။

ထူးခြားတာကတော့ ဒီဇာတ်လမ်းတွဲမှာ ဟောလိဝုဒ်မင်းသမီးချော Megan Fox လည်းပါဝင်မှာပဲဖြစ်ပါတယ် 😮၀ါရှင်တန်မှာရှိတဲ့ တောင်ကိုရီးယားထုတ်လုပ်ရေးအေဂျင်စီ Taewon Entertainment က “Jangsa-ri 9.15” မှာ Megan Fox လည်းပါဝင်ရိုက်ကူးမှာဖြစ်တယ်လို့ကြေညာခဲ့တာပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ၁၉၅၀ တုန်းက ဖြစ်ပွားခဲ့တဲ့ကိုရီးယားစစ်ပွဲအကြောင်းကိုအဓိကထားပြီးရိုက်ကူးမှာဖြစ်ပါတယ်။

Megan Fox က  Marguerite Higgins အဖြစ်သရုပ်ဆောင်ရမှာပါ။ Marguerite Higgins ဟာ အပြင်မှာတကယ်ရှိခဲ့တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။သူမဟာ New York Herald Tribune သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ဂျာနယ်လစ်စ်တစ်ယောက်ဖြစ်ပြီး ကိုရီးယားစစ်ပွဲအတွင်း သတင်းယူဖို့သွားရောက်ခဲ့သူဖြစ်ပါတယ်။

စစ်ပွဲကာလအတွင်းဖြစ်ပျက်သမျှကိုသတင်းလှမ်းပို့အကြောင်းကြားရသူတစ်ယောက်ပါ။ကိုရီးယားစစ်ပွဲတင်မက ဒုတိယကမ္ဘာစစ်၊ဗီယက်နမ်စစ်ပွဲအတွင်း သတင်းသွားယူခဲ့ပါသေးတယ်။၁၉၅၁ခုနှစ်မှာတော့ သူမဟာ ‘War In Korea: The Report Of A Woman Combat Correspondent’ဆိုတဲ့စာအုုပ်နဲ့ Pulitzer Prize ဆုကို ရရှိခဲ့ပြီး ထိုဆုရရှိခဲ့တဲ့ပထမဆုံးအမျိုးသမီးလည်းဖြစ်ပါတယ်။

“Megan Fox ဟာ သတင်းထောက်အဖြစ်အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။သူမရဲ့ အားလပ်ချိန်တိုင်းကို Higgins အဖြစ်လေ့ကျင့်ရင်း ကုန်ဆုံးနေပါတယ်”လို့ Taewon အေဂျင်စီကနေပြောပြခဲ့ပါတယ်။ဒီဇာတ်ကားကိုတော့ လာမယ့်အောက်တိုဘာလလယ်လောက်မှာ စတင်ရိုက်ကူးဖြစ်မယ်လို့သိရပြီးဖြစ်ရပ်မှန်ဇာတ်လမ်းတွဲကိုပြန်လည်ရိုက်ကူးမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားရင်ခုန်စရာကောင်းတဲ့ဇာတ်ကားဖြစ်မယ်ဆိုတာသေချာပါတယ် 😉

570 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.