ကိုယ့်ဆုံးဖြတ်ချက်တွေကို ရှူံးနိမ့်စေတဲ့အဓိက တရားခံကဘယ်သူများဖြစ်မလဲ…😒😒😒

လူတိုင်းဟာ ကိုယ့်စိတ်ကူး ကိုယ့်ဆုံးဖြတ်ချက် ကိုယ်စီနဲ့ ရပ်တည်နေထိုင်ရတာကိုသဘောကျကျတယ်။ ဒီလိုဆုံးဖြတ်ချက်တွေချပြီး တိုင်းလည်း ကိုယ့်ဆုံးဖြတ်အတိုင်းရဲရဲဝံ၀ံ လျှောက်ချင်တက်ကြတယ်။

အလျင်စလိုပြုလုပ်တက်ခြင်း

 

သေချာကိုယ်လုပ်မဲ့အရာတစ်ခုကို အချိန်ဆွဲနေတာဟာ အလုပ်မဖြစ်ဘူး လို့ဆိုသလို အလျင်စလို ဆုံးဖြတ်ချက်ချပြီး လုပ်တက်ခြင်းဟာလည်း အလုပ်မဖြစ်ပါဘူး။ အလျင်စလိုချတဲ့ဆုံးဖြတ်ချက်ဟာ ဘယ်တော့မှ အမှန်ကန်ဆုံးမဖြစ်နိုင်သလို ကိုယ်တကယ် လုပ်ချင်တာဘာလဲ ဖြစ်ချင်တာဘာလဲဆိုတာ သေချာ မသိစေနိုင်ပါဘူး ။ ဒါကြောင့်တစ်ခုခုကို ဆုံးဖြတ်ချက် မချခင်မှာသေချာစဉ်းစားပြီး မှ ဆုံးဖြတ်ပါ။ဒါဆိုရင်ဒီဆုံးဖြတ်ချက်ဟာ နောင်တကင်းပါလိမ့်မယ်။

နားမလည်ခြင်း

ကိုယ်ဘာလို့ဒီလို ဆုံးဖြတ်ချက်မျိုး ချလည်း ဆိုတာကို ကိုယ်ကိုယ်တိုင်နားလည်အောင်လုပ်ထားပါ။ ကိုယ်ကိုယ်တိုင်တောင်သေချာ နားမလည်တဲ့ အလုပ်မျိုး မလုပ်ပါနဲ့။

 

မကောင်းမြင်စိတ်များနေမယ်

ကိုယ်ဆုံးဖြတ်ချက်ချတဲ့အရာတစ်ခုအတွက် ယုံကြည်ချက်ရှိရှိနေပါ။ ဖြစ်ပါ့မလားဆိုတဲ့အတွေးနဲ့ ကိုယ်လုပ်တဲ့အရာတွေအပေါ် မကောင်းမြင်စိတ်များနေရင် ကိုယ့်ဆုံးဖြတ်ကို တစ်ခြားသူယုံကြည် လက်ခံဖို့ဆိုတာအဝေးကြီးပါ ။ ဒါကြောင့်ကိုယ်ကိုယ်တိုင် အကောင်းမြင်စိတ်ထားပြီးယုံကြည်ဖို့လိုပါတယ်။

လောဘကြီးလွန်းခြင်း

တစ်ခုခုကို အောင်မြင်မှန်ကန်အောင် လုပ်ဆောင်ချင်ရင် လောဘမကြီးပါနဲ့ ၊လောဘကြီးလွန်းရင် အလုပ်တွေဟာတစ်ခုမှအရာမရောက်ပဲ အကုန် အလယ်မှာတင် ပြတ်ကျကျန်ခဲ့ပါလိမ့်မယ်။ ဒါကြောင့်လောဘမကြီးပဲ တစ်ဆင့်ချင်းဆောင်ရွက်ပါ။

အချိန်ကိုကောင်းမွန်စွာ အသုံးမချခြင်း

ဆုံးဖြတ်ချက်တွေကို အောင်မြင်အောင် လုပ်နိုင်ဖို့အချိန်ကို အကောင်းဆုံးစီမံ အသုံးချတက်ဖို့လို့ပါတယ်။ သင့်တော်တဲ့အချိန် မှ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်မှာပါ။ အချိန်ခါမသင့်ပဲချတဲ့ဆုံးဖြတ်ချက်ကကြာရှည်ခံဖို့မသေချာပါဘူး။

ငွေရေးကြေးရေး အရှုပ်အရှင်းရှောင်ပါ

ငွေရေးကြေးရေး အရှုပ်အရှင်းတွေကြောင့် ဆုံးဖြတ်ထားတဲ့အရာတွေ ရှေ့ဆက်မသွားတာမျိုး၊ ကိုယ့်ဆုံးဖြတ်ချက်တွေအကောင်ထည်မပေါ်နိုင်တာမျိုး ဖြစ်တက်ပါတယ်။

 

116 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.