ယောက်ျားတွေထက် မိန်းကလေးတွေဟာ ဘာကြောင့်အချိန်ပို အိပ်ပေးသင့်တာလဲ ?

အမျိုးသမီးတွေရဲ့ဦးနှောက်ဟာ ဖွဲ့စည်းပုံ ပိုမိုရှုပ်ထွေးတာကြောင့် အချိန်ပိုအိပ်ပေးသင့်တယ်လို့ သိပံ္ပပညာရှင်များက အကြံပြုထားပါတယ်။Loughborough တက္ကသိုလ်မှ အိပ်စက်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ ပါမောက္ခ Jim Horne က အမျိုးသမီးတွေ ဘာကြောင့် ပိုအိပ်ပေးသင့်တယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။

Related image

အမျိုးသမီးတွေ အိပ်စက်ချိန်လျော့နည်းတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေပိုများပြီး ရန်လိုစိတ် ၊
စိတ်ဓာတ်ကျခြင်းနဲ့ ဒေါသထွက်ခြင်းတို့ကို ပိုဖြစ်စေပါတယ်။ အမျိုးသားတွေရဲ့ အိပ်စက်မှု ရာခိုင်နှုန်းထက် နည်းနေလို့ မရပါဘူး။ ပါမောက္ခက အိပ်စက်ခြင်းနဲ့ပတ်သတ်ပြီး အရေကြီးတဲ့အချက်တွေကိုလည်း ရှင်းပြသွားခဲ့ပါတယ်။

အိပ်စက်နေတဲ့အချိန်မှာ ဦးနှောက်က သူ့ဘာသာ recover နဲ့ repair ပြန်လုပ်နေတယ်။ အိပ်စက်ချိန်များလေအမျိုးသမီးများအတွက် မှတ်ဥာဏ်အားတွေ ပိုကောင်းစေပြီး ပညာရပ်တစ်ခုလေ့လာရင်ပဲဖြစ်ဖြစ် ၊ အာရုံခံပိုင်းတွေမှာလည်း ပိုမိုကောင်းမွန်လာပါမယ်။ အမျိုးသမီးတွေက များသောအားဖြင့် အလုပ်လုပ်ရာမှာ တိကျသေချာ စေ့စပ်မှုရှိတဲ့အတွက် တစ်နေ့တာ ဦးနှောက်အလုပ်နှုန်းဟာ ယောက်ျားများထက် ပိုပါတယ်။ ဒါကြောင့် အိပ်ချိန်တွေကလည်း များများလိုအပ်တယ်။ အလုပ်အရမ်းများတဲ့ ယောက်ျားတွေလည်း ပုံမှန်ယောက်ျားများထက် အိပ်ရေးဝဝအိပ်နိုင်ဖို့ လိုအပ်ပါတယ်။

Related image

ယောက်ျားနဲ့ မိန်းမ ဦးနှောက်ဖွဲ့စည်းပုံကို ယှဉ်ကြည့်လိုက်တဲ့အချိန်မှာ မိန်းမတွေဦးနှောက်က ထူးဆန်းစွာပဲ ပိုမိုရှုပ်ထွေးနေတာကို တွေ့ရပါတယ်။ တစ်နေ့ကို ၈နာရီအိပ်ကြတယ်ဆို မိနစ် ၂ဝလောက် ပိုတိုးပြီးအိပ်စက်ဖို့ အကြံပေးထားတာပါ။

တစ်ခါတစ်လေ အရမ်းပင်ပန်းနေပေမယ့် အိပ်မရတဲ့ညမျိုးတွေ ရှိပါတယ်။ ကောင်းကောင်း အိပ်ပျော်ချင်ရင်တော့ နည်းလမ်းတွေက အများကြီးရှိပါတယ်။ မျက်စိကြောင်စေတဲ့ အစားစာတွေရှောင် ၊ တရားထိုင်၊ စာအုပ်ဖတ် ၊ ယောဂလုပ်ခြင်းက သင့်ရဲ့အိပ်ပျော်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေမှာပါ။

Related image

အလုပ်အင်မတန်မှ များပါတယ်ဆိုတဲ့ အမျိုးသမီးတို့ရေ.. လုပ်တာလည်းလုပ်၊ အိပ်စရာရှိတာလည်း အိပ်ပေါ့နော်။ ကောင်းကောင်း အိပ်ရေးဝမှ စိတ်ကြည်လင် လန်းဆန်းပြီး လုပ်ငန်းခွင်မှာ ပျော်ရွှင်မှာဖြစ်ပါတယ်။အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့ များများအိပ်ကြစို့ …

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.