အဖေနဲ့သားကြား ချစ်ခြင်းမေတ္တာကို ရိုက်ကူးပုံဖော်ထားတဲ့ Beautiful Boy (2018 film)

Beautiful Boy ရုပ်ရှင်လေးကတော့ အမေရိကန် အတ္တုပ္ပတ္တိ ဒရာမ ဇာတ်လမ်းအမျိုးစားဖြစ်ပြီး ဒါရိုက်တာ Felix Van Groeningen ၊ screenplay က Luke Davies တို့ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ David Sheff ရဲ့ကိုယ်ရေးမှတ်တမ်း Beautiful Boy: A Father’s Journey Through His Son’s Addiction ကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။

Related image

အနုပညာရှင်များဖြစ်တဲ့ Steve Carell, Timothée Chalamet, Maura Tierney နဲ့ Amy Ryan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဖေတစ်ယောက်နဲ့ ဆယ်ကျော်သက်အရွယ်သား ကြားက ပွတ်တိုက်မှုတွေ ၊ တင်းကျပ်မှုတွေ ၊ စိတ်သဘောထားမတိုက်ဆိုင်မှုတွေကို သူတို့နှစ်ယောက် ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာကို မြင်တွေ့ရမှာပါ။

Related image

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ရက်နေ့က Toronto International Film Festival မှာ Beautiful Boy ရုပ်ရှင်ကိုအကြိုပြသခဲ့ပြီးပါပြီ။ ယူအက်စ်မှာတော့ Amazon Studioကနေ အောက်တိုဘာ ၁၂ရက်နေ့ထွက်ရှိမယ်လို့ သိရပါတယ်။ ဝေဖန်သူများမှ positive reviews တွေကို ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ရုပ်ရှင်တစ်ကားပါ။ အထူးသဖြင့် Carell, Chalamet နဲ့ Tierney တို့ရဲ့ သရုပ်ဆောင်မှုအပိုင်းတွေကို ချီးမွမ်းထားကြတာဖြစ်ပါတယ်။

Related image

ဒီမှာ Nic ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့ meth addiction မှ ပြန်လည်လွတ်မြောက် ကျန်းမာလာအောင် အဖေဖြစ်သူ David Sheff မှ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်းခံပြီး ကူညီပေးပုံလေးကို ဝမ်းနည်း ၊ ကြည်နူးစရာအဖြစ် တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။

42 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.