ရည်းစားရရင်ကိုယ်ရည်စစ်ပြီးပိုလှသွားကြတယ်ဆိုတာတကယ်ကြီးလား😋😋
ငြင်းပယ်လို့မရပါဘူး…
Unicode
ချစ်သူရသွားတဲ့သူတွေကပုံမှန်ထက်ကိုယ်ရည်စစ်ပြီးပိုလှသွားတတ်ကြတယ်ဆိုတာ ယူတို့လက်ခံကြလား…ကိုယ်ကတော့ လက်ခံတစ်ဝက်မလက်ခံတစ်ဝက်ပဲ (ပိန်လိုက်ဝလိုက်)ဖြစ်နေတာကို 😛
ဒါပင်မဲ့ပတ်ဝန်းကျင်က ချစ်သူစုံတွဲတွေတော်တော်များများကတော့ ကိုယ်ရည်စစ်ပြီးပိုလှလာကြတာ တကယ်ကြီးတွေပါ။ နဂိုဝတဲ့သူတွေဆိုပိုလို့တော်သိသာတယ်။ မစားနိုင်မသောက်နိုင်လို့ပိန်သွာတယ်တော့မထင်လိုက်နဲ့နော် စားရင်းသောက်ရင်းနဲ့ကို ပိုလှလာကြတာ…ဆိုတော့စဉ်းစားစရာပေါ့ ဘယ်လိုကြောင့်များ ချစ်သူမရခင်ကထက် ချစ်သူရပြီးမှ ကိုယ်ရည်စစ်ပြီးပိုပိုကြည့်ကောင်းလာတတ်ကြတာဘာတွေကြောင့်ဖြစ်မလဲ…
(၁) အနမ်းတွေက ၀ိတ်ကျစေပါတယ်
ချစ်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ နှုတ်ခမ်းခြင်းနမ်းတဲ့အခါ ကယ်လိုရီတွေ Burn သွားစေတယ်ဆိုတာ ယူတို့သိပါသလား။ တကယ်ကြီးပါနှုတ်ခမ်းခြင်းနမ်းရှိုက်ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်လိုရီတွေကို ကောင်းကောင်း လောင်ကျွမ်းသွားစေနိုင်ပါတယ်။ ဒါကြောင့်နဂိုထက်ပိုပြီးဝိတ်ကျသွားနိုင်တာပါ။
(၂) အရင်ကထက်ကိုပိုပြီးကြည့်ကောင်းချင်လာကြတယ်
ပုံမှန်ထက်အခုလက်ရှိအခြေနေကချစ်သူရည်းစားရှိလာတာကြောင့်သူကကိုယ်ဘယ်လိုနေနေချစ်နေရင်တောင်ကိုယ်တိုင်က ကိုယ့်ချစ်သူအမြင်မှာပိုပိုလှနေချင်တဲ့စိတ်တွေဖြစ်လာတတ်ပါတယ်။အရင်လိုအားကစားလုပ်ဖို့ပျင်းရိတာမျိုးတွေမရှိပဲကိုယ့်ကိုယ်ကိုယ်ပိုဂရုုစိုက်လာတတ်ကြပါတယ်။ ဒါကြောင့် တစ်နေ့တစ်ခြားပိုပိုပြီးချစ်စရာကောင်းပြီးလှလာတတ်ကြတာပါ။
(၃) စိတ်ချမ်းသာတော့ စိတ်ဖိစီးမှုနည်းပါးလာတယ်
စိတ်ချမ်းသာရတဲ့ အချိန်တွေ ကြည်နူးစရာအချိန်ခါတွေများတာကြောင့် စိတ်ပျိုရင်းကိုယ်နုသွားကြတာပါ။ စိတ်ဖိစီးမှုများပြီးအိပ်ပျော်တာမျိုးရှိရင် တစ်ချို့သူတွေကပိုဝလာတတ်ကြတဲ့သဘောမှာရှိပါတယ်။ဒီလိုမဟုတ်ပဲကိုယ့်စိတ်ထဲ Stress တွေနည်းနေရင်ပိုပြီးကျစ်လျစ်လှပတတ်ကြပါတယ်။
(၄) ချစ်ကြည်နူးခြင်းကိစ္စတွေကနေ ၀ိတ်ကျစေတယ်
ချစ်ရေးချစ်ရာကြည်နူးစရာအထိတွေ့တွေ ၊ ဆက်ဆံမှုတွေက ၀ိတ်ကိုအရင်ကထက်ပိုကျစေပါတယ်။ လိင်စိတ်ကိုနှိုးဆွပေးပြီးဟော်မှုန်းတွေထွက်စေတာကြောင့်
နဂိုထက်ပိုပြီး ကယ်လိုရီ Burn စေတယ်လို့လည်းဆေးဝါးဆိုင်ရာကျွမ်းကျင်ပညာရှင်ကြီးတွေထံကနေကြားသိရပါတယ်။အတွဲတိုင်းတော့မဆိုချင်ပင်မဲ့ တစ်ချို့သောအတွဲတော်တော်များများဟာ ချစ်ရသူရှိပြီးမှနဂိုကထက် ပိုကြည့်ကောင်းပိုပြီးကိုယ်ခန္ဓာလှပသွားတတ်ကြတယ်ဆိုတာတော့
ငြင်းပယ်လို့မရပါဘူး…
382 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.