ေပါ့ေပါ့ဆဆနဲ႔ေမ့ေလ်ာ့ထားတတ္တဲ႔နည္းလမး္ေလးက Breakouts ေတြကုိဖယ္ရွားေပးႏုိင္ 😉

ဒီတစ္ခါေတာ့ Trend ပ်ိဳေမတုိ႔အတြက္ အလွအပေရးရာနဲ႔ပတ္သက္လုိ႔ တကယ္အသံုး၀င္ျပီးအက်ိဳးရွိတဲ႔နည္းလမ္းေကာင္းေလးတစ္ခုကုိေျပာျပေပးသြားပါမယ္။ဒီနည္းေလးက ရုိးရွင္းလြန္းေပမဲ႔ တကယ္ထိေရာက္ပါတယ္ေနာ္။တစ္ခ်ိဳ႔က ဒီနည္းေလးကုိသိပ္အက်ိဳးမရွိဘူးထင္ျပီးေပါ့ေပ့ါဆဆေမ့ေလ်ာ့ထားတတ္ၾကပါတယ္။ဘယ္လိုနည္းလမ္းလဲဆုိေတာ့ မ်က္ႏွာကုိ ေရေႏြးေငြ႔ေပါင္းခံနည္းပါ။တစ္ခ်ိဳ႔ကေတာ ့ဘယ္လိုလုပ္ၾကလဲဆုိရင္ ေရေႏြးေငြ႔ေပါင္းခံမယ့္အတူတူ ေရေႏြးေႏြးေလးနဲ႔မ်က္ႏွာကုိသစ္ေပးၾကတယ္။ဒါလည္းေကာင္းေတာ့ေကာင္းပါတယ္။ဒါေပမဲ႔ ဒီလုိေပါင္းခံနည္းေလာက္ေတာ့
မထိေရာက္ဘူးေပါ့။

ဒါျဖင့္ ေရေႏြးေငြ႔ေပါင္းခံနည္းက ဘာေတြအတြက္အက်ိဳးရွိလဲ၊ဘယ္လိုထိေရာက္မႈရွိလဲ??

*၀က္ျခံ
၀က္ျခံထြက္တယ္ဆုိတာ ေခြ်းေပါက္ေတြပိတ္ဆို႔ရာကေနတစ္ဆင့္ ျဖစ္ေပၚလာတာပါ။ဒီလုိေရေႏြးေငြ႔ေပါင္းခံေပးမယ္ဆုိရင္ ေခြ်းေလးေတြထြက္လာမယ္။ျပီးရင္ ေခြ်းေပါက္ပိတ္ေနတာေတြပြင့္သြားမယ္။အဲ႔ဒီအခါ ေခြ်းေပါက္ထဲမွာရွိေနတဲ႔အညစ္အေၾကးေတြလည္းထြက္လာပါလိမ့္မယ္။

*ဆား၀က္ျခံ
ေရေႏြးေငြ႔ေပါင္းခံေပးတာက ေခြ်းေပါက္ေတြဖြင့္ေပးလို႔ ဆား၀က္ျခံေတြဟာ ႏူးညံ႔ေပ်ာ့ေပ်ာင္းလာပါလိမ့္မယ္။အဲ႔ဒီအခါ မ်က္ႏွာအေရျပားေပၚကေနညင္ညင္သာသာဖယ္ရွားသန္႔စင္လိုက္ရံုပါပဲ။

*အဆီဖု
တစ္ခါတစ္ေလ၀က္ျခံလည္းမဟုတ္၊ဆား၀က္ျခံလည္းမဟုတ္ပဲ အျဖဴဆံေလးေတြနဲ႔အဆီဖုေလးေတြျဖစ္တတ္ပါတယ္။မ်က္နွာေပၚမွာအဆီအရမ္းမ်ားတဲ႔အတြက္ ဒီလုိအဆီဖုေတြျဖစ္လာတာပါ။ေခြ်းေပါက္ေတြထဲမွာအညစ္အေၾကးေတြရွိေနတာေၾကာင့္ေတာ္ရံုနဲ႔မေပ်ာက္တတ္ပါဘူး။အထူးသျဖင့္ နဖူးနဲ႔မ်က္လံုးေအာက္ဘက္ေတြမွာျဖစ္တတ္ပါတယ္။ဒီလုိအဆီဖုေလးေတြကုိလည္း ေရေႏြးေငြ႔ေပါင္းခံနည္းနဲ႔ဖယ္ရွားပစ္လုိ႔ရပါတယ္။

*အသားအရည္ၾကည္လင္ႏူးညံ႔လာတယ္
ေရေႏြးေငြ႔ေပါင္းခံတယ္ဆုိတာ ေျပာရမယ္ဆုိရင္ Deep Cleansing လုပ္တာနဲ႔အတူတူပါပဲ။ေရေႏြးေငြ႔ေတြက ေခြ်းေပါက္ကုိဖြင့္ေပးျပီးေခြ်းေပါက္ထဲက အညစ္အေၾကးေတြကုိဖယ္ရွားေပးႏုိင္စြမ္းရွိပါတယ္။ျပီးေတာ့ ေရေႏြးေငြ႔ေပါင္းခံတာဟာ ေသြးလည္ပတ္မႈကိုပါ အထူးေကာင္းမြန္ေစပါတယ္တဲ႔။ဆဲလ္ေသေတြဖယ္ရွားေပးျပီး ေသြးလည္ပတ္မႈေတြေကာင္းမြန္လာတဲ႔အတြက္ အေရျပားထဲမွာအဆိပ္အေတာက္ေတြမရွိေတာ့ပဲ ၾကည္လင္ေတာက္ပျပီးႏူးည့ံတဲ႔အသားအရည္ကုိရရွိလာေစတာပါ။

*Product ေတြစုပ္ယူႏုိင္စြမ္းအားေကာင္းလာမယ္
အလွကုန္ပစၥည္းေတြသံုးသာသံုးေနတာ။ကုိယ့္အတြက္ဘာမွလည္းမထူးျခားဘူး၊ပစၥည္းသာကုန္သြားတယ္။ဘာမွမထူးလာဘူးဆုိရင္ ေရေႏြးေငြ႔ေပါင္းခံနည္းေလးသံုးၾကည့္လုိက္ပါ။ေရေႏြးေငြ႔ကုိပံုမွန္ေပါင္းခံေပးတဲ႔အခါ မ်က္ႏွာကအဆိပ္အေတာက္ေတြ၊အညစ္အေၾကးေတြကင္းစင္သြားလို႔အဲ႔ဒီအခ်ိန္မွာကိုယ္သံုးလုိက္သမ်ွအလွကုန္ပစၥည္းေတြရဲ႔ အစြမ္းက ၂ဆေလာက္ျမင့္တက္သြားပါလိမ့္မယ္။Cream ၊ moisturizer စတဲ႔ Cosmetic ေတြကုိအရင္သံုးေနက် ပမာဏာထက္ေလ်ာ့ျပီးသံုးရင္ေတာင္ မ်က္ႏွာအေရျပားကစုပ္ယူႏုိင္စြမ္းအားေကာင္းေနတဲ႔အတြက္ အက်ိဳးသက္ေရာက္မႈက
အရင္ကနဲ႔အတူတူပဲျဖစ္ပါလိမ့္မယ္။

ေရေႏြးေငြ႔ေပါင္းခံနည္းကုိ မွန္ကန္စြာျပဳလုပ္တတ္ဖုိ႔လည္းလိုပါတယ္။

အရင္ဆံုး မ်က္ႏွာကုိ မ်က္ႏွာသစ္ေဆးအေပ်ာ့စားေလးနဲ႔ေခ်းခြ်တ္သန္႔စင္ေပးပါ။Scrub လုပ္တာမ်ိဳး၊အျပင္းစားမ်က္နွာသစ္ေဆးနဲ႔သစ္တာမ်ိဳးေတာ့မလုပ္မိပါေစနဲ႔။ျပီးရင္ မ်က္ႏွာသုတ္ပု၀ါေလးနဲ႔ေျခာက္ေအာင္သုတ္ပါ။ေရေႏြးထည့္တဲ႔အခါမွာလည္း ကုိယ္ထည့္မယ့္ပန္းကန္၊ခြက္စတဲ႔အရာက ကုိယ့္မ်က္ႏွာနဲ႔ကြက္တိဆုိရင္ပိုေကာင္းပါတယ္။အရမ္းပူေနတဲ႔အခ်ိန္မွာလည္းသြားျပီး မ်က္္ႏွာမအပ္မိပါေစနဲ႔။မ်က္နွာအေရျပားက ထင္ထားတာထက္ပိုျပီးႏူးညံ့ပါတယ္။ဒီေတာ့ အဲ႔ဒီေရေႏြးခြက္ေပၚကေန ပိတ္စအပါးေလးအုပ္ျပီးမွျဖစ္ေစ၊အနည္းငယ္ေႏြးေတးေတးျဖစ္သြားတဲ႔အခါမွျဖစ္ေစ မ်က္ႏွာကုိေပါင္းခံတာမ်ိဳးလုပ္ပါ။မ်က္ႏွာေပါင္းမခံခင္ မ်က္ႏွာသုတ္ပု၀ါေလးနဲ႔ေခါင္းကုိအရင္ဆံုးအုပ္ေပးထားဦးေနာ္။အဲ႔ဒါမွေရေႏြးေငြ႔ကုိပုိျပီးစုပ္ယူႏုိင္မွာပါ။ေရေႏြးေငြ႔ေပါင္းခံေနတုန္း မ်က္ႏွာကုိႏွိပ္နယ္ေပးပါ။

ေရေႏြးေငြ႔ေပါင္းခံျပီးရင္ေတာ့  မ်က္ႏွာကုိ ပ်ားရည္နဲ႔ျဖစ္ေစ၊ရြံ႔ေစး Mask နဲ႔ျဖစ္ေစျပန္ျပီးေပါင္းတင္ေပးပါ။၁၅မိနစ္ေလာက္ထားျပီးတဲ႔အခါေရေႏြးေႏြးေလးနဲ႔ျပန္ျပီးသစ္ေပးပါ။အားလံုးျပီးရင္ေတာ့ မ်က္ႏွာကုိ တာ၀ါေလးနဲ႔ညင္သာစြာသုတ္ေပးျပီး ကုိယ္လိမ္းေနက် တုိနာ၊ခရင္မ္စတာေတြကုိလိမ္းေပးရံုပါပဲ။မနက္မုိးလင္းတဲ႔အခါ အသားအရည္ကပုိျပီးၾကည္လင္လာတာေတြ႔ရပါလိမ့္မယ္။

ေရေႏြးေငြ႔ေပါင္းခံနည္းနဲ႔ဒီလုိမ်ိဳးေပါင္းတင္တာကုိ တစ္ပတ္ကုိတစ္ခါပဲလုပ္ေပးသင့္ပါတယ္ေနာ္။အဲ႔ဒါကုိေတာ့သတိထားေပးပါ။ခဏခဏလုပ္ေနမယ္ဆုိရင္ Breakouts ေတြပုိျဖစ္လာပါလိမ့္မယ္။ကဲ အားလံုးပဲ သဘာ၀အတုိင္းၾကည္လင္လွပတဲ႔မ်က္ႏွာေလးပိုင္ဆုိင္ႏုိင္ပါေစ 😘

Unicode

ဒီတစ်ခါတော့ Trend ပျိုမေတို့အတွက် အလှအပရေးရာနဲ့ပတ်သက်လို့ တကယ်အသုံးဝင်ပြီးအကျိုးရှိတဲ့နည်းလမ်းကောင်းလေးတစ်ခုကိုပြောပြပေးသွားပါမယ်။ဒီနည်းလေးက ရိုးရှင်းလွန်းပေမဲ့ တကယ်ထိရောက်ပါတယ်နော်။တစ်ချို့က ဒီနည်းလေးကိုသိပ်အကျိုးမရှိဘူးထင်ပြီးပေါ့ပေ့ါဆဆမေ့လျော့ထားတတ်ကြပါတယ်။ဘယ်လိုနည်းလမ်းလဲဆိုတော့ မျက်နှာကို ရေနွေးငွေ့ပေါင်းခံနည်းပါ။တစ်ချို့ကတော ့ဘယ်လိုလုပ်ကြလဲဆိုရင် ရေနွေးငွေ့ပေါင်းခံမယ့်အတူတူ ရေနွေးနွေးလေးနဲ့မျက်နှာကိုသစ်ပေးကြတယ်။ဒါလည်းကောင်းတော့ကောင်းပါတယ်။ဒါပေမဲ့ ဒီလိုပေါင်းခံနည်းလောက်တော့
မထိရောက်ဘူးပေါ့။

ဒါဖြင့် ရေနွေးငွေ့ပေါင်းခံနည်းက ဘာတွေအတွက်အကျိုးရှိလဲ၊ဘယ်လိုထိရောက်မှုရှိလဲ??

*ဝက်ခြံ
ဝက်ခြံထွက်တယ်ဆိုတာ ချွေးပေါက်တွေပိတ်ဆို့ရာကနေတစ်ဆင့် ဖြစ်ပေါ်လာတာပါ။ဒီလိုရေနွေးငွေ့ပေါင်းခံပေးမယ်ဆိုရင် ချွေးလေးတွေထွက်လာမယ်။ပြီးရင် ချွေးပေါက်ပိတ်နေတာတွေပွင့်သွားမယ်။အဲ့ဒီအခါ ချွေးပေါက်ထဲမှာရှိနေတဲ့အညစ်အကြေးတွေလည်းထွက်လာပါလိမ့်မယ်။

*ဆားဝက်ခြံ
ရေနွေးငွေ့ပေါင်းခံပေးတာက ချွေးပေါက်တွေဖွင့်ပေးလို့ ဆားဝက်ခြံတွေဟာ နူးညံ့ပျော့ပျောင်းလာပါလိမ့်မယ်။အဲ့ဒီအခါ မျက်နှာအရေပြားပေါ်ကနေညင်ညင်သာသာဖယ်ရှားသန့်စင်လိုက်ရုံပါပဲ။

*အဆီဖု
တစ်ခါတစ်လေဝက်ခြံလည်းမဟုတ်၊ဆားဝက်ခြံလည်းမဟုတ်ပဲ အဖြူဆံလေးတွေနဲ့အဆီဖုလေးတွေဖြစ်တတ်ပါတယ်။မျက်နှာပေါ်မှာအဆီအရမ်းများတဲ့အတွက် ဒီလိုအဆီဖုတွေဖြစ်လာတာပါ။ချွေးပေါက်တွေထဲမှာအညစ်အကြေးတွေရှိနေတာကြောင့်တော်ရုံနဲ့မပျောက်တတ်ပါဘူး။အထူးသဖြင့် နဖူးနဲ့မျက်လုံးအောက်ဘက်တွေမှာဖြစ်တတ်ပါတယ်။ဒီလိုအဆီဖုလေးတွေကိုလည်း ရေနွေးငွေ့ပေါင်းခံနည်းနဲ့ဖယ်ရှားပစ်လို့ရပါတယ်။

*အသားအရည်ကြည်လင်နူးညံ့လာတယ်
ရေနွေးငွေ့ပေါင်းခံတယ်ဆိုတာ ပြောရမယ်ဆိုရင် Deep Cleansing လုပ်တာနဲ့အတူတူပါပဲ။ရေနွေးငွေ့တွေက ချွေးပေါက်ကိုဖွင့်ပေးပြီးချွေးပေါက်ထဲက အညစ်အကြေးတွေကိုဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ပြီးတော့ ရေနွေးငွေ့ပေါင်းခံတာဟာ သွေးလည်ပတ်မှုကိုပါ အထူးကောင်းမွန်စေပါတယ်တဲ့။ဆဲလ်သေတွေဖယ်ရှားပေးပြီး သွေးလည်ပတ်မှုတွေကောင်းမွန်လာတဲ့အတွက် အရေပြားထဲမှာအဆိပ်အတောက်တွေမရှိတော့ပဲ ကြည်လင်တောက်ပပြီးနူးည့ံတဲ့အသားအရည်ကိုရရှိလာစေတာပါ။

*Product တွေစုပ်ယူနိုင်စွမ်းအားကောင်းလာမယ်
အလှကုန်ပစ္စည်းတွေသုံးသာသုံးနေတာ။ကိုယ့်အတွက်ဘာမှလည်းမထူးခြားဘူး၊ပစ္စည်းသာကုန်သွားတယ်။ဘာမှမထူးလာဘူးဆိုရင် ရေနွေးငွေ့ပေါင်းခံနည်းလေးသုံးကြည့်လိုက်ပါ။ရေနွေးငွေ့ကိုပုံမှန်ပေါင်းခံပေးတဲ့အခါ မျက်နှာကအဆိပ်အတောက်တွေ၊အညစ်အကြေးတွေကင်းစင်သွားလို့အဲ့ဒီအချိန်မှာကိုယ်သုံးလိုက်သမျှအလှကုန်ပစ္စည်းတွေရဲ့ အစွမ်းက ၂ဆလောက်မြင့်တက်သွားပါလိမ့်မယ်။Cream ၊ moisturizer စတဲ့ Cosmetic တွေကိုအရင်သုံးနေကျ ပမာဏာထက်လျော့ပြီးသုံးရင်တောင် မျက်နှာအရေပြားကစုပ်ယူနိုင်စွမ်းအားကောင်းနေတဲ့အတွက် အကျိုးသက်ရောက်မှုက
အရင်ကနဲ့အတူတူပဲဖြစ်ပါလိမ့်မယ်။

ရေနွေးငွေ့ပေါင်းခံနည်းကို မှန်ကန်စွာပြုလုပ်တတ်ဖို့လည်းလိုပါတယ်။

အရင်ဆုံး မျက်နှာကို မျက်နှာသစ်ဆေးအပျော့စားလေးနဲ့ချေးချွတ်သန့်စင်ပေးပါ။Scrub လုပ်တာမျိုး၊အပြင်းစားမျက်နှာသစ်ဆေးနဲ့သစ်တာမျိုးတော့မလုပ်မိပါစေနဲ့။ပြီးရင် မျက်နှာသုတ်ပုဝါလေးနဲ့ခြောက်အောင်သုတ်ပါ။ရေနွေးထည့်တဲ့အခါမှာလည်း ကိုယ်ထည့်မယ့်ပန်းကန်၊ခွက်စတဲ့အရာက ကိုယ့်မျက်နှာနဲ့ကွက်တိဆိုရင်ပိုကောင်းပါတယ်။အရမ်းပူနေတဲ့အချိန်မှာလည်းသွားပြီး မျက််နှာမအပ်မိပါစေနဲ့။မျက်နှာအရေပြားက ထင်ထားတာထက်ပိုပြီးနူးညံ့ပါတယ်။ဒီတော့ အဲ့ဒီရေနွေးခွက်ပေါ်ကနေ ပိတ်စအပါးလေးအုပ်ပြီးမှဖြစ်စေ၊အနည်းငယ်နွေးတေးတေးဖြစ်သွားတဲ့အခါမှဖြစ်စေ မျက်နှာကိုပေါင်းခံတာမျိုးလုပ်ပါ။မျက်နှာပေါင်းမခံခင် မျက်နှာသုတ်ပုဝါလေးနဲ့ခေါင်းကိုအရင်ဆုံးအုပ်ပေးထားဦးနော်။အဲ့ဒါမှရေနွေးငွေ့ကိုပိုပြီးစုပ်ယူနိုင်မှာပါ။ရေနွေးငွေ့ပေါင်းခံနေတုန်း မျက်နှာကိုနှိပ်နယ်ပေးပါ။

ရေနွေးငွေ့ပေါင်းခံပြီးရင်တော့  မျက်နှာကို ပျားရည်နဲ့ဖြစ်စေ၊ရွံ့စေး Mask နဲ့ဖြစ်စေပြန်ပြီးပေါင်းတင်ပေးပါ။၁၅မိနစ်လောက်ထားပြီးတဲ့အခါရေနွေးနွေးလေးနဲ့ပြန်ပြီးသစ်ပေးပါ။အားလုံးပြီးရင်တော့ မျက်နှာကို တာဝါလေးနဲ့ညင်သာစွာသုတ်ပေးပြီး ကိုယ်လိမ်းနေကျ တိုနာ၊ခရင်မ်စတာတွေကိုလိမ်းပေးရုံပါပဲ။မနက်မိုးလင်းတဲ့အခါ အသားအရည်ကပိုပြီးကြည်လင်လာတာတွေ့ရပါလိမ့်မယ်။

ရေနွေးငွေ့ပေါင်းခံနည်းနဲ့ဒီလိုမျိုးပေါင်းတင်တာကို တစ်ပတ်ကိုတစ်ခါပဲလုပ်ပေးသင့်ပါတယ်နော်။အဲ့ဒါကိုတော့သတိထားပေးပါ။ခဏခဏလုပ်နေမယ်ဆိုရင်Breakouts တွေပိုဖြစ်လာပါလိမ့်မယ်။ကဲ အားလုံးပဲ သဘာဝအတိုင်းကြည်လင်လှပတဲ့မျက်နှာလေးပိုင်ဆိုင်နိုင်ပါစေ 😘

99 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.