Troller တစ်ယောက်ကို သိမ်မွေ့စွာပြန်တုံ့ပြန်လိုက်တဲ့ Selena Gomez 😮
Unicode
Selena Gomez ကတော့ Hater တွေကို ခပ်တည်တည်ပဲတုံ့ပြန်လိုက်တယ်ပြောရမလား
စက်တင်ဘာ ၁၁ရက်နေ့ညကကျင်းပတဲ့ New York Fashion Week မှာ ပရိသတ်တွေက Selena ကို ခပ်မိုက်မိုက်ဆံပင်စတိုလ်လေးနဲ့တွေ့ခဲ့ကြပါတယ်တဲ့။အရှေ့ဘက်ကနေဆံပင်ကိုကျစ်ဆံမြီးကျစ်ထားပြီး ပိုနီတေးခပ်မြင့်မြင့်စည်းထားတဲ့ Selena ဟာ ဘယ်အချိန်ကြည့်ကြည့်
ဂေါ်နေတယ်ဆိုရမှာပါပဲ။ဒီလောက်နဲ့မပြီးသေးပါဘူး။ကျစ်ဆံမြီးကျစ်ထားတဲ့နေရာမှာ “UGLY”ဆိုတဲ့ glittery ကလစ်လေးကိုပန်ထားပါသေးတယ်။
ဒီလိုဆံညှပ်ကလစ်ဟာ လန်ဒန်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Ashley Williams ရဲ့ဒီဇိုင်းဖြစ်ပြီး “Sorry” “Error” “Boys” “Girls” “Paradise” စတဲ့စာလုံးလေးတွေနဲ့ဒီဇိုင်းဖော်ထားတာပါ။အဲ့ဒီလိုစာလုံးများစွာရှိတဲ့အထဲကမှ Selena က “Ugly” ဆိုတဲ့စာလုံးကိုရွေးချယ်ပန်ဆင်လာခဲ့တာပဲဖြစ်ပါတယ်။ဒါကိုတွေ့တော့ ပရိသတ်တစ်ချို့က Dolce & Gabbana ဒီဇိုင်နာ Stefano ရဲ့စကားကို ဒီလို “Ugly”စာလုံးကလစ်လေးနဲ့ သိမ်မွေ့စွာလက်ခံတုံ့ပြန်လိုက်တယ်လို့ထင်ကြေးပေးထားကြသလို တစ်ချို့ကတော့တိုက်ဆိုင်မှုလို့ထင်ကြေးပေးကြပါတယ်။
ပြီးခဲ့တဲ့ဇွန်လတုန်းက Catwalk Italia ပွဲမှာ Selena Gomez က အနီရောင်ဂါဝန်ဒီဇိုင်းသုံးလေးမျိုးပြောင်းလဲဝတ်ဆင်ပြသခဲ့တာကို Catwalk Italia အကောင့်ကနေဖော်ပြခဲ့ပါတယ်။အဲ့ဒီအောက်မှာ ထိုအီတလီဒီဇိုင်နာ Stefano ဟာ Selena ကို “È proprio brutta!” ဆိုတဲ့အီတလီစကားနဲ့ကောမန့်ပေးခဲ့ပါတယ်။အဓိပ္ပာယ်က“she’s really ugly!”ဆိုတာပါပဲ။တစ်ခြားတစ်ယောက်က she “looks like a Pomeranian dog” လို့ကောမန့်ပေးထားတာကိုလည်း
“hahahahahaha is true hahahaha.”ဆိုပြီး လှောင်ရယ်ခဲ့ပါသေးတယ်။အဲ့ဒီအချိန်တုန်းက Selena ရဲ ့အမေ Mandy Teefey က ဒီလိုအမုန်းစကားလုံးတွေကိုလျစ်လျူရှုထားတယ်ဆိုတဲ့အကြောင်းအင်တာဗျူးမှာဖြေခဲ့ပါတယ်။
Selena Gomez ဟာ အလှအပရေးရာနဲ့ပတ်သက်ပြီး ဒီလိုကိစ္စတွေမဖြစ်ခင်ကတည်းက သူမရဲ ့အင်စတာဂရမ်မှာ “ရုပ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံမှု၊အလှအပစံချိန်စံနှုန်းသတ်မှတ်ချက်တွေကို ပြည့်စုံအောင်လိုက်ကြိုးစားနေရတာက ဒီနေ့ခေတ်မိန်းကလေးတစ်ယောက်အတွက် ကိုယ့်ကိုယ့်ကိုယ်နာကျင်အောင်လုပ်မိနေတဲ့၊မဝံ့မရဲဲဖြစ်စေတဲ့၊အကူအညီမဲ့ပြီး အဆုံးသတ်မရှိတဲ့စက်ဝိုင်းတစ်ခုထဲပိတ်လှောင်မိနေသလိုပါပဲ။ကျွန်မ ကိုယ့်ကိုယ့်ကိုယ်ဂရုတစိုက်နေဖို့ရွေးချယ်ခဲ့တာက တကယ်လုပ်ချင်တဲ့အတွက်ကြောင့်ပါ။တစ်ခြားသူတွေကို ဘာအတွက်ကြောင့်ရယ်လို့ သက်သေပြဖို့အတွက်မဟုတ်ပါဘူး”ဆိုပြီးရေးသားခဲ့တာပါ။
အင်တာဗျူးတစ်ခုမှာတော့ Selena က “Troll ခံရတာတွေကြောင့် ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှု
အနညး်ငယ်လှုပ်ခတ်ပျက်ပြားသွားတဲ့သူတွေထဲမှာ ကျွန်မလည်းပါနေတယ်လို့ခံစားရပါတယ်။တကယ်လည်း ကျွန်မ အဲ့ဒီလူတွေထဲက တစ်ယောက်ပါပဲ။ကျွန်မရဲ ့ပရိသတ်တွေလည်းဘယ်လိုခံစားရတယ်၊သူတို့ဘာကိုကြောက်နေလဲဆိုတာ ကျွန်မနားလည်ပါတယ်။ဒါပေမဲ့ ဒီလိုဝေဖန်Troll တာတွေကို လျစ်လျူရှုပြီးကိုယ့်ကိုယ့်ကိုယ်ပြန်ပြီးအာရုံစိုက်ခဲ့ပါတယ်။ဒီလိုအာရုံစိုက်ပြီး ဂရုတစိုက်နေတာက ကျွန်မကိုယ်ကျွန်မ သတိပေးဖော်ပြချင်လို့ပါ။Hater တွေကိုတော့ တ ကယ်ဂရုမစိုုက်ပါဘူး။နောက်ပြီး ကျွန်မရဲ ့ပရိသတ်တွေကိုပြောချင်တာက ကျွန်မလည်းရှင်တို့လိုပါပဲ “ဆိုပြီးဖြေသွားခဲ့ဖူးပါတယ် 💙
ဘယ်သူကမှပြီးပြည့်စုံနေတာမဟုတ်ပါဘူး။နာမည်ကျော်အဆိုတော်လည်း လူတွေထဲက လူတစ်ယောက်ပါ 🌻ဘယ်လိုဖြစ်ဖြစ် Selena တစ်ယောက်အခုတလော တအားတွေလန်းလာမိုက်လာတာကိုမြင်တွေ့ရတာ ပရိသတ်တွေအတွက် ကျေနပ်စရာတစ်ခုပါပဲ 💗
5K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.