သူ ကုိယ့္အေပၚသစၥာေဖာက္ေနျပီဆုိတာ ဒီအခ်က္ေလးေတြကေနတစ္ဆင့္သိႏုိင္ 🙃

ကုိယ့္အေပၚသစၥာေဖာက္ေတာ့မယ့္အရိပ္အေယာင္မဟုတ္ေတာ့ပါဘူးေနာ္။ေဖာက္ကိုေဖာက္ေနျပီဆုိတဲ႔အရိပ္အေယာင္ေတြပါ။

တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္လုိ႔ ခ်စ္သူေတြျဖစ္လာတယ္ဆုိေပမဲ႔လည္း ကုိယ္နဲ႔ခ်စ္သူျဖစ္ေနတဲ႔အခ်ိန္မွာပဲ တစ္ျခားတစ္ေယာက္နဲ႔အီစီကလီဘာညာအေနအထားေတြျဖစ္ေနလုိ႔ လမ္းခြဲျပတ္စဲလိုက္ရတဲ႔ခ်စ္သူစံုတြဲေတြအမ်ားၾကီးပါ။တစ္ခ်ိဳ႔ကေတာ့ သိပ္ခ်စ္လြန္းလို႔ သိရက္နဲ႔ဟန္ေဆာင္ျပီးအျပံဳးမပ်က္ ခ်စ္သူလက္ကုိဆြဲထားတတ္ၾကတယ္။တစ္ခ်ိဳ႔ကေတာ့ သူၾကင္မွကုိယ္ၾကင္ သူေတာင္ျပတ္ႏုိင္ေသးတာ ငါကဘာလုိ႔မျပတ္ရမွာလဲဆုိတဲ႔မာနေတြနဲ႔ အသည္းေအးတတ္ၾကပါတယ္။ဒါကေတာ့ လူတစ္ေယာက္နဲ႔တစ္ေယာက္မတူလို႔ ဒီလုိအျဖစ္အပ်က္ေတြၾကံဳလာရတဲ႔အခါရင္ဆုိင္ေျဖရွင္းနည္းေတြလည္းမတူ ကြဲျပားသြားတတ္ၾကပါတယ္။

အခု Trend ပ်ိဳေမတို႔အတြက္ ကုိယ့္ခ်စ္သူမွာကုိယ့္အျပင္ေနာက္တစ္ေယာက္ရွိေနျပီဆုိတာ သိႏုိင္တဲ႔အခ်က္ေလးေတြ ျပန္ျပီးမ်ွေ၀သြားမွာျဖစ္ပါတယ္။ေလ့လာေတြ႔ရွိခ်က္ေတြအရ ကုိယ့္ခ်စ္သူ ကုိယ့္အေပၚ သစၥာေဖာက္ေနျပီလုိ႔ သိႏုိင္တဲ႔အခ်က္ေတြဟာ…

၁)ေျခလွမ္းေတြပ်က္ေနတယ္
အရင္လို တစ္ပတ္ ၂ခါေတြ႔ေနက်ကေန အေၾကာင္းအမ်ိဳးမ်ိဳးျပျပီး တစ္ခါေလာက္ပဲေတြ႔ျဖစ္ေတာ့တယ္။ကုိယ့္ဘက္က နည္းနည္းေလးသံသယ၀င္ျပီဆုိတာနဲ႔ ျပန္ျပီးျငိမ္သြားျပန္ေရာ။ဖုန္းဆက္လုိက္ရင္လည္း လိုင္းမအားတာနဲ႔တုိးလိုက္၊စက္ပိတ္ထားတယ္နဲ႔တုိးလိုက္နဲ႔ျဖစ္ေနမယ္။သူ႔သူငယ္ခ်င္းေတြကလည္း ကုိယ့္ကုိစသလိုေနာက္သလိုနဲ႔ သတိေပးစကားေတြေျပာလာမယ္။ဒါမွမဟုတ္ သူ႔သူငယ္ခ်င္းေတြကပါ ကုိယ့္အေပၚဆက္ဆံပံုေတြေျပာင္းလဲသြားမယ္။ေအးစက္သြားမယ္။

၂)ဖုန္းလာရင္ ကုိယ့္ေရွ႔မွာမေျပာေတာ့ဘူး
ႏွစ္ေယာက္သားေတြ႔ဆံုခ်ိန္မွာ ဖုန္း၀င္လာရင္ လန္႔သြားမယ္။ျပီးရင္ မေယာင္မလည္နဲ႔ ကုိယ္မရွိတဲ႔ေနရာမွာ ဖုန္းသြားေျပာမယ္။မျဖစ္မေန ကုိယ့္ေရွ႔မွာေျပာရျပီဆုိရင္လည္း စကားေတြက ဟုိေရာက္ဒီေရာက္ေပါ့။ဟုိဘက္က ဂ်ီက်ျပီ ရစ္ေနျပီဆုိ ကုိယ္နဲ႔ေတြ႔ေနရင္းေတာင္ အေရးၾကီးလုိ႔ဆုိျပီး ျပန္သြားတတ္တယ္။တစ္ေယာက္ဖုန္းတစ္ေယာက္၀င္မၾကည့္ဖုိ႔ လြတ္လပ္ခြင့္ေပးဖုိ႔ ေျပာထားတယ္ဆုိေသာ္ျငားလည္း အရင္တုန္းက ကုိယ္သိထားတဲ႔ပတ္စ္ေ၀ါ့က ေျပာင္းလဲသြားမယ္။ကုိယ္ေတာင္ မသိတဲ႔ဖုန္းကဒ္တစ္ခု သူ ထည့္ထားေနျပီစသျဖင့္ေပါ့။

၃)အမူအရာေတြေျပာင္းလဲေနမယ္
အရင္လုိကိုယ့္အေပၚခံစားခ်က္ေတြမေႏြးေထြးေတာ့ဘူး။အရင္တုန္းက ကိုယ့္ကိုဂရုစုိက္ခဲ႔တာေတြက အခုေတာ့ ေနာက္တစ္ေယာက္ကုိဂရုစုိက္ေနရလို႔ေမ့သြားျပီ။တစ္ခါတစ္ေလ ကုိယ့္အၾကိဳက္နဲ႔ေနာက္တစ္ေယာက္အၾကိဳက္ကုိ မွတ္ထားရလုိ႔ ေရာေတာင္ေရာေနတတ္တယ္။ကုိယ္က ရိပ္မိရင္ေတာင္ သူ႔ဘက္ကအေၾကာင္းျပခ်က္မ်ိဳးစံုနဲ႔ေျဖရွင္းျပတတ္တယ္။ဖုန္းဆက္ေနက် အခ်ိန္ေတြမွာလည္းမဆက္ေတာ့သလို ႏွစ္ေယာက္သားေလ်ွာက္လည္၊ေလ်ွာက္သြားၾကဖို႔ကုိလည္းသူ႔ဘက္ကေန စေျပာတာမ်ိဳးမရွိေတာ့ဘူး။

၄)ကုိယ့္စိတ္ကုိ မညာပါနဲ႔
ကုိယ္ခ်စ္တဲ႔လူတစ္ေယာက္ေျပာင္းလဲသြားရင္ စိတ္ထဲကေန အလိုလိုသိပါတယ္။စိတ္ထဲထင့္သြားတာမ်ိဳး၊တစ္ခုခုခံစားေနရတာမ်ိဳးဆုိ ဘာမွမဟုတ္ပါဘူးေလဆုိျပီးမထားပါနဲ႔။သူ ကုိယ့္အေပၚေျပာင္းလဲသြားတယ္ဆုိတာ ပတ္၀န္းက်င္ေၾကာင့္မဟုတ္ရင္၊ကုိယ့္ပေယာဂေၾကာင့္မဟုတ္ရင္ ဒါသူ ကုိယ့္အေပၚသစၥာေဖာက္ေနတာပါပဲ။

၅)ကုိယ့္အေပၚ အျပစ္ျမင္လာမယ္
အရင္တုန္းက သိပ္လွတယ္ဆုိတဲ႔ဆံႏြယ္ေတြဟာ အခုခ်ိန္မွာေတာ့ မ်က္စိရႈပ္စရာျဖစ္ေနပါလိမ့္မယ္။ကုိယ္ဘာလုပ္လုပ္အေကာင္းမျမင္ေတာ့ဘူး။ဘာမဆုိ အျပစ္တင္ခ်င္ေနတယ္။ကုိယ့္ေျဖရွင္းခ်က္ေတြက သူ႔အတြက္ေတာ့ ဆင္ေျခေတြျဖစ္ေနမယ္။အလကားေနရင္း ကုိယ့္ကုိအျပစ္တင္လက္ညိွဳးထုိးေနတတ္တယ္။ဒါက သူလမ္းခြဲခ်င္ေနျပီဆုိတဲ႔ နိမိတ္ျပသေကၤတတစ္ခုပါပဲ။

၆)သူ႔ကုိ တစ္ျခားမိန္းကေလးတစ္ေယာက္နဲ႔တြဲတြဲေတြ႔ေနရတယ္လုိ႔ေျပာသံၾကားလာျပီ
ဒါကေတာ့ အသိသာဆံုးအခ်က္ပါပဲ။ဒါေတာင္ သူ႔ညီမျဖစ္မယ္။သူ႔အစ္မျဖစ္မယ္နဲ႔ စိတ္ကိုေဖာ့ျပီးေတြးမိေနေသးလား။တကယ္တမ္းရင္ဆုိင္ရမွာ ကိုယ္ပါ။စဥ္းစားဆံုးျဖတ္ရမယ့္အခ်ိန္မွာခ်စ္တယ္ဆုိတဲ႔အခ်က္တစ္ခုနဲ႔ ကိုယ့္အေပၚသစၥာေဖာက္သြားတဲ႔သူကုိ ဆြဲထားဖုိ႔ၾကိဳးစားဦးမွာလား?အေပၚမွာေျပာခဲ႔သလို သူနဲ႔လမ္းမခြဲႏုိင္ဘူး။မသိခ်င္ေယာင္ေဆာင္ထားမယ္ပဲဆုိရင္ေတာင္ တစ္ခ်ိန္က်ရင္ သူ႔ဘက္က လမ္းခြဲစကားကိုစေျပာလာမွာပါ။အဲ့ဒီအခ်ိန္က်ရင္ေရာ?

ကုိယ္ကေတာ့ မိန္းကေလးထုဘက္က အေကာင္းဆံုးအၾကံေပးရရင္ ခ်စ္တယ္ဆုိျပီး ဆြဲထားမယ့္အစား ကုိယ္စိတ္အပင္ပန္းခံ၊သံသယစိတ္ေတြနဲ႔အျမဲပူေလာင္ေနရမယ့္အစား လႊတ္ေပးလုိက္ပါ။သူသာ ကုိယ့္အေပၚတကယ္ခ်စ္ခဲ႔ျပီးမခြဲႏုိင္ဘူးဆုိတာ ေသခ်ာသိသြားရင္ ကိုယ့္ဆီျပန္လာပါလိမ့္မယ္။ေနာက္တစ္ေယာက္က ကုိယ္သူ႔အေပၚေကာင္းသလိုမေကာင္းတဲ႔အခါ၊ကုိယ္အနစ္နာခံသေလာက္မခံတဲ႔အခါ၊ကုိယ္သူ႔ကိုခ်စ္သလို နားလည္ေပးသလို ေနာက္တစ္ေယာက္က နားလည္မႈမေပးႏုိင္ဘူးဆိုတာသိလာတဲ႔အခါ ကုိယ့္ရဲ ႔ေကာင္းကြက္ေတြကုိသူျပန္ျမင္လာပါလိမ့္မယ္။အဲ႔ဒီအခါ သူကုိယ့္ကိုျပန္ျပီးလိုအပ္လာပါလိမ့္မယ္။

အဲ့ဒီအခိ်န္ထိ ကုိယ္လည္းသူ႔ကုိလိုအပ္ေနဆဲခ်စ္ေနဆဲဆုိရင္ေတာ့ျပန္လည္ဆံုစည္းမည္ေပါ့။အဲ႔လိုမဟုတ္ပဲ သူထြက္သြားတဲ႔အခ်ိန္၊သူေနာက္တစ္ေယာက္နဲ႔ေပ်ာ္ေနတဲ႔အခ်ိန္ ကုိယ္ကလည္း အခ်စ္စစ္ဆုိတာကုိ ထပ္ျပီးရွာေတြ႔သြားတာလည္းျဖစ္နုိင္ပါတယ္။ကုိယ္အခ်စ္စစ္နဲ႔ေပ်ာ္ရႊင္ေနတဲ႔အခ်ိန္မွ သူျပန္ေရာက္လာမယ္ဆုိရင္ အရမ္းေနာက္က်သြားျပီလုိ႔ပဲေျပာရမွာပါပဲ၊အခ်ိန္ဆုိတာ ေနာက္ျပန္ဆုတ္လုိ႔ရတဲ႔အရာမွမဟုတ္တာ💗ဘာမဆုိ ပုိေကာင္းဖုို႔ျဖစ္လာတယ္ဆုိတဲ႔အေတြးေလးလက္ကုိင္ထားျပီး ေခါင္းေအးေအးနဲ႔စဥ္းစားဆံုးျဖတ္ႏုိင္ၾကပါေစ 💌

ကိုယ့္ကိုဘယ္ေတာ့မွမလိမ္ဘူးလို႔ေျပာတဲ႔သူဟာ အစကတည္းက ကုိယ့္ကုိလိမ္ထားျပီးသားလည္းျဖစ္နုိင္ပါတယ္။

Unicode

ကိုယ့်အပေါ်သစ္စာဖောက်တော့မယ့်အရိပ်အယောင်မဟုတ်တော့ပါဘူးနော်။ဖောက်ကိုဖောက်နေပြီဆိုတဲ့အရိပ်အယောင်တွေပါ။

တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ ချစ်သူတွေဖြစ်လာတယ်ဆိုပေမဲ့လည်း ကိုယ်နဲ့ချစ်သူဖြစ်နေတဲ့အချိန်မှာပဲ တစ်ခြားတစ်ယောက်နဲ့အီစီကလီဘာညာအနေအထားတွေဖြစ်နေလို့ လမ်းခွဲပြတ်စဲလိုက်ရတဲ့ချစ်သူစုံတွဲတွေအများကြီးပါ။တစ်ချို့ကတော့ သိပ်ချစ်လွန်းလို့ သိရက်နဲ့ဟန်ဆောင်ပြီးအပြုံးမပျက် ချစ်သူလက်ကိုဆွဲထားတတ်ကြတယ်။တစ်ချို့ကတော့ သူကြင်မှကိုယ်ကြင် သူတောင်ပြတ်နိုင်သေးတာ ငါကဘာလို့မပြတ်ရမှာလဲဆိုတဲ့မာနတွေနဲ့ အသည်းအေးတတ်ကြပါတယ်။ဒါကတော့ လူတစ်ယောက်နဲ့တစ်ယောက်မတူလို့ ဒီလိုအဖြစ်အပျက်တွေကြုံလာရတဲ့အခါရင်ဆိုင်ဖြေရှင်းနည်းတွေလည်းမတူ ကွဲပြားသွားတတ်ကြပါတယ်။

အခု Trend ပျိုမေတို့အတွက် ကိုယ့်ချစ်သူမှာကိုယ့်အပြင်နောက်တစ်ယောက်ရှိနေပြီဆိုတာ သိနိုင်တဲ့အချက်လေးတွေ ပြန်ပြီးမျှဝေသွားမှာဖြစ်ပါတယ်။လေ့လာတွေ့ရှိချက်တွေအရ ကိုယ့်ချစ်သူ ကိုယ့်အပေါ် သစ္စာဖောက်နေပြီလို့ သိနိုင်တဲ့အချက်တွေဟာ…

၁)ခြေလှမ်းတွေပျက်နေတယ်
အရင်လို တစ်ပတ် ၂ခါတွေ့နေကျကနေ အကြောင်းအမျိုးမျိုးပြပြီး တစ်ခါလောက်ပဲတွေ့ဖြစ်တော့တယ်။ကိုယ့်ဘက်က နည်းနည်းလေးသံသယဝင်ပြီဆိုတာနဲ့ ပြန်ပြီးငြိမ်သွားပြန်ရော။ဖုန်းဆက်လိုက်ရင်လည်း လိုင်းမအားတာနဲ့တိုးလိုက်၊စက်ပိတ်ထားတယ်နဲ့တိုးလိုက်နဲ့ဖြစ်နေမယ်။သူ့သူငယ်ချင်းတွေကလည်း ကိုယ့်ကိုစသလိုနောက်သလိုနဲ့ သတိပေးစကားတွေပြောလာမယ်။ဒါမှမဟုတ် သူ့သူငယ်ချင်းတွေကပါ ကိုယ့်အပေါ်ဆက်ဆံပုံတွေပြောင်းလဲသွားမယ်။အေးစက်သွားမယ်။

၂)ဖုန်းလာရင် ကိုယ့်ရှေ့မှာမပြောတော့ဘူး
နှစ်ယောက်သားတွေ့ဆုံချိန်မှာ ဖုန်းဝင်လာရင် လန့်သွားမယ်။ပြီးရင် မယောင်မလည်နဲ့ ကိုယ်မရှိတဲ့နေရာမှာ ဖုန်းသွားပြောမယ်။မဖြစ်မနေ ကိုယ့်ရှေ့မှာပြောရပြီဆိုရင်လည်း စကားတွေက ဟိုရောက်ဒီရောက်ပေါ့။ဟိုဘက်က ဂျီကျပြီ ရစ်နေပြီဆို ကိုယ်နဲ့တွေ့နေရင်းတောင် အရေးကြီးလို့ဆိုပြီး ပြန်သွားတတ်တယ်။တစ်ယောက်ဖုန်းတစ်ယောက်ဝင်မကြည့်ဖို့ လွတ်လပ်ခွင့်ပေးဖို့ ပြောထားတယ်ဆိုသော်ငြားလည်း အရင်တုန်းက ကိုယ်သိထားတဲ့ပတ်စ်ဝေါ့က ပြောင်းလဲသွားမယ်။ကိုယ်တောင် မသိတဲ့ဖုန်းကဒ်တစ်ခု သူ ထည့်ထားနေပြီစသဖြင့်ပေါ့။

၃)အမူအရာတွေပြောင်းလဲနေမယ်
အရင်လိုကိုယ့်အပေါ်ခံစားချက်တွေမနွေးထွေးတော့ဘူး။အရင်တုန်းက ကိုယ့်ကိုဂရုစိုက်ခဲ့တာတွေက အခုတော့ နောက်တစ်ယောက်ကိုဂရုစိုက်နေရလို့မေ့သွားပြီ။တစ်ခါတစ်လေ ကိုယ့်အကြိုက်နဲ့နောက်တစ်ယောက်အကြိုက်ကို မှတ်ထားရလို့ ရောတောင်ရောနေတတ်တယ်။ကိုယ်က ရိပ်မိရင်တောင် သူ့ဘက်ကအကြောင်းပြချက်မျိုးစုံနဲ့ဖြေရှင်းပြတတ်တယ်။ဖုန်းဆက်နေကျ အချိန်တွေမှာလည်းမဆက်တော့သလို နှစ်ယောက်သားလျှောက်လည်၊လျှောက်သွားကြဖို့ကိုလည်းသူ့ဘက်ကနေ စပြောတာမျိုးမရှိတော့ဘူး။

၄)ကိုယ့်စိတ်ကို မညာပါနဲ့
ကိုယ်ချစ်တဲ့လူတစ်ယောက်ပြောင်းလဲသွားရင် စိတ်ထဲကနေ အလိုလိုသိပါတယ်။စိတ်ထဲထင့်သွားတာမျိုး၊တစ်ခုခုခံစားနေရတာမျိုးဆို ဘာမှမဟုတ်ပါဘူးလေဆိုပြီးမထားပါနဲ့။သူ ကိုယ့်အပေါ်ပြောင်းလဲသွားတယ်ဆိုတာ ပတ်ဝန်းကျင်ကြောင့်မဟုတ်ရင်၊ကိုယ့်ပယောဂကြောင့်မဟုတ်ရင် ဒါသူ ကိုယ့်အပေါ်သစ္စာဖောက်နေတာပါပဲ။

၅)ကိုယ့်အပေါ် အပြစ်မြင်လာမယ်
အရင်တုန်းက သိပ်လှတယ်ဆိုတဲ့ဆံနွယ်တွေဟာ အခုချိန်မှာတော့ မျက်စိရှုပ်စရာဖြစ်နေပါလိမ့်မယ်။ကိုယ်ဘာလုပ်လုပ်အကောင်းမမြင်တော့ဘူး။ဘာမဆို အပြစ်တင်ချင်နေတယ်။ကိုယ့်ဖြေရှင်းချက်တွေက သူ့အတွက်တော့ ဆင်ခြေတွေဖြစ်နေမယ်။အလကားနေရင်း ကိုယ့်ကိုအပြစ်တင်လက်ညှိုးထိုးနေတတ်တယ်။ဒါက သူလမ်းခွဲချင်နေပြီဆိုတဲ့ နိမိတ်ပြသင်္ကေတတစ်ခုပါပဲ။

၆)သူ့ကို တစ်ခြားမိန်းကလေးတစ်ယောက်နဲ့တွဲတွဲတွေ့နေရတယ်လို့ပြောသံကြားလာပြီ
ဒါကတော့ အသိသာဆုံးအချက်ပါပဲ။ဒါတောင် သူ့ညီမဖြစ်မယ်။သူ့အစ်မဖြစ်မယ်နဲ့ စိတ်ကိုဖော့ပြီးတွေးမိနေသေးလား။တကယ်တမ်းရင်ဆိုင်ရမှာ ကိုယ်ပါ။စဉ်းစားဆုံးဖြတ်ရမယ့်အချိန်မှာချစ်တယ်ဆိုတဲ့အချက်တစ်ခုနဲ့ ကိုယ့်အပေါ်သစ္စာဖောက်သွားတဲ့သူကို ဆွဲထားဖို့ကြိုးစားဦးမှာလား?အပေါ်မှာပြောခဲ့သလို သူနဲ့လမ်းမခွဲနိုင်ဘူး။မသိချင်ယောင်ဆောင်ထားမယ်ပဲဆိုရင်တောင် တစ်ချိန်ကျရင် သူ့ဘက်က လမ်းခွဲစကားကိုစပြောလာမှာပါ။အဲ့ဒီအချိန်ကျရင်ရော?

ကိုယ်ကတော့ မိန်းကလေးထုဘက်က အကောင်းဆုံးအကြံပေးရရင် ချစ်တယ်ဆိုပြီး ဆွဲထားမယ့်အစား ကိုယ်စိတ်အပင်ပန်းခံ၊သံသယစိတ်တွေနဲ့အမြဲပူလောင်နေရမယ့်အစား လွှတ်ပေးလိုက်ပါ။သူသာ ကိုယ့်အပေါ်တကယ်ချစ်ခဲ့ပြီးမခွဲနိုင်ဘူးဆိုတာ သေချာသိသွားရင် ကိုယ့်ဆီပြန်လာပါလိမ့်မယ်။နောက်တစ်ယောက်က ကိုယ်သူ့အပေါ်ကောင်းသလိုမကောင်းတဲ့အခါ၊ကိုယ်အနစ်နာခံသလောက်မခံတဲ့အခါ၊ကိုယ်သူ့ကိုချစ်သလို နားလည်ပေးသလို နောက်တစ်ယောက်က နားလည်မှုမပေးနိုင်ဘူးဆိုတာသိလာတဲ့အခါ ကိုယ့်ရဲ ့ကောင်းကွက်တွေကိုသူပြန်မြင်လာပါလိမ့်မယ်။အဲ့ဒီအခါ သူကိုယ့်ကိုပြန်ပြီးလိုအပ်လာပါလိမ့်မယ်။

အဲ့ဒီအချိန်ထိ ကိုယ်လည်းသူ့ကိုလိုအပ်နေဆဲချစ်နေဆဲဆိုရင်တော့ပြန်လည်ဆုံစည်းမည်ပေါ့။အဲ့လိုမဟုတ်ပဲ သူထွက်သွားတဲ့အချိန်၊သူနောက်တစ်ယောက်နဲ့ပျော်နေတဲ့အချိန် ကိုယ်ကလည်း အချစ်စစ်ဆိုတာကို ထပ်ပြီးရှာတွေ့သွားတာလည်းဖြစ်နိုင်ပါတယ်။ကိုယ်အချစ်စစ်နဲ့ပျော်ရွှင်နေတဲ့အချိန်မှ သူပြန်ရောက်လာမယ်ဆိုရင် အရမ်းနောက်ကျသွားပြီလို့ပဲပြောရမှာပါပဲ၊အချိန်ဆိုတာ နောက်ပြန်ဆုတ်လို့ရတဲ့အရာမှမဟုတ်တာ💗ဘာမဆို ပိုကောင်းဖိုု့ဖြစ်လာတယ်ဆိုတဲ့အတွေးလေးလက်ကိုင်ထားပြီး ခေါင်းအေးအေးနဲ့စဉ်းစားဆုံးဖြတ်နိုင်ကြပါစေ 💌

589 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.