လွန်ခဲ့တဲ့အပတ်ကမှ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ ထရိန်နာဟောင်း အာဒမ်ဘို့သ်နဲ့ လမ်းခွဲခဲ့တဲ့ ဗြိတိန် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ဂျော့ဂရော့ဗက်စ်ဟာ ထရိန်နာ အသစ်အဖြစ် ပက်ဒီဖစ်ဇ်ပက်ထရစ် ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ ဂရော့ဗက်စ်က ပက်ဒီကို ထရိန်နာအသစ်အဖြစ် ရွေးချယ်မှုအပေါ် ကျေနပ်မိကြောင်းနဲ့ ပက်ဒီနဲ့ သူနဲ့ကြားမှာ ယခင်ကတည်းက ခင်မင်ရင်းနှီးမှုရှိခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့မှာထိုးသတ်မယ့် ကမ္ဘာချန်ပီယံ ကားလ်ဖော့ခ်ျနဲ့ပွဲအတွက် ပက်ဒီနဲ့လေ့ကျင့်ပြင်ဆင်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
(IN’D)
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။