ကုိယ့္အေပၚမေကာင္းျမင္ေ၀ဖန္လာသူေတြကုိ ဒီနည္းေလးေတြနဲ႔အျပံဳးမပ်က္တံု႔ျပန္မယ္ 😎

ကုိယ္ေအာင္ျမင္လာေလေလ ကုိယ္ဘာလုပ္ေနလဲ လူေတြက ပုိျပီးေစာင့္ၾကည့္လာေလပါပဲ။အလုပ္ခြင္မွာျဖစ္ေစ၊ပညာေရးနယ္ပယ္မွာျဖစ္ေစ ကုိယ့္ကိုတစ္ေယာက္ေယာက္က ေ၀ဖန္မယ္။အျပစ္တင္မယ္။ကုိယ္တစ္ခုခုမွားလုပ္မိလုိ႔၊ကုိယ့္ရဲ႔ရပ္တည္ခ်က္နဲ႔မတူညီလုိ႔ တုိက္ခိုက္လာၾကတာေတြရွိမယ္။ယုတ္စြအဆံုး ကုိယ္ေနထုိင္တဲ႔ပတ္၀န္းက်င္က ကုိယ့္အေၾကာင္းပုိသိျပီး အစအဆံုးသူတုိ႔စိတ္ၾကိဳက္ေ၀ဖန္ေနတာမ်ိဳး 🙄

ဒါေတြအားလံုးကုိေခါင္းထဲထည့္ထားမယ္ဆုိရင္ ကုိယ္ပဲစိတ္ပင္ပန္းရတာပါ။လူဆုိတာကလည္းခက္သား။ကုိယ့္အေပၚေကာင္းတာေျပာရင္ခဏေလးနဲ႔ေမ့လြယ္ေပမဲ႔ ကုိယ့္အေပၚမေကာင္းတာတစ္ခုခုေ၀ဖန္ျပီဆုိ စိတ္ထဲတႏုံ႔ႏုံ႔နဲ႔ေနရထုိင္ရခက္တယ္ေလ။ဒီေနရာမွာ တစ္ခုေျပာခ်င္တာကေတာ့ ေ၀ဖန္တယ္ဆုိတာ ေကာင္းေစခ်င္လို႔ေျပာတာရွိသလို ကုိယ့္အေပၚတမင္တကာၾကီးတုိက္ခိုက္ေျပာဆုိတာလည္းရွိပါတယ္။ဒီေတာ့ ကိုယ္က ဒီေ၀ဖန္မႈေတြကုိ အက်ိဳးရွိရွိအသံုးခ်တံု႔ျပန္တတ္ဖုိ႔လိုပါတယ္။ဘယ္လုိတံု႔ျပန္ရမလဲ?

*နားေထာင္ပါ
ေ၀ဖန္လာသမ်ွအားလံုးကုိ လ်စ္လ်ဴရႈပစ္လိုက္ဖုိ႔မလိုေသးပါဘူး။ပထမဆံုး ေ၀ဖန္လာသမ်ွကိုနားေထာင္ပါ။ျပီးရင္ ဘယ္အရာက ကိုယ့္ကိုေကာင္းေစခ်င္လို႔ေျပာတာ၊ဘယ္အရာကေတာ့ကုိယ့္ကုိ ဘလိုင္းၾကီးေ၀ဖန္ရႈတ္ခ်တာခြဲျခားလိုက္ပါ။

*ေမးခြန္းျပန္ေမးပါ
တစ္ခါတစ္ေလ လူေတြက သူမ်ားေတြကုိေ၀ဖန္ခ်င္တာပဲရွိတာ။တကယ္ေတာ့ သူမ်ားေယာင္လုိ႔လိုက္ေယာင္တာမ်ိဳး၊ေ၀ဖန္စကားေျပာလုိက္ေပမဲ႔ တကယ္က်ေတာ့ ဘာကိုဆုိလိုခ်င္မွန္း၊ဘာကိုေ၀ဖန္ခ်င္မွန္း သူတုိ႔ဘာသာသူတုိ႔ေတာင္နားမလည္ၾကပါဘူး။ဒီေတာ့ ကုိယ္လုပ္ရမွာကရွင္းရွင္းေလး။ကုိယ္နဲ႔ပတ္သက္လို႔ ဘာကုိေ၀ဖန္ခ်င္တာလဲ၊တိတိက်က်ျပန္ေမးလုိက္ပါ။

*တည္တည္ျငိမ္ျငိမ္တံု႔ျပန္ပါ
ကိုယ့္အေပၚလာရုိင္းလား။သူရိုင္းရင္ေတာင္ကုိယ္ျပန္မရုိင္းပါနဲ႔။ေလးေလးစားစားနဲ႔ျပန္ျပီးတံု႔ျပန္လိုက္ပါ။သူတုိ႔ေျပာတဲ႔ေ၀ဖန္စကားက ကုိယ့္အတြက္အသံုး၀င္ေနလား။သူတုိ႔ကုိ ေက်းဇူးတင္လိုက္ပါ။စိတ္တုိေဒါသထြက္ေနတာက အလုပ္မျဖစ္ပါဘူး။သူတုိ႔ရဲ ႔ေ၀ဖန္စကားကုိကိုယ့္ဘက္က ခ်က္က်လက္က်နဲ႔ျပန္ျပီးတံု႔ျပန္ႏုိင္ဖုိ႔ သည္းခံႏုိင္စြမ္းအားေတာ့လိုပါတယ္။

*စိတ္ဖိစီးမႈ အ၀င္မခံပါနဲ႔
ေ၀ဖန္စကားေတြထဲက ကုိယ့္အတြက္ လံုး၀အက်ိဳးမရွိတဲ႔ေ၀ဖန္စကားေတြကို ေခါင္းထဲကထုတ္လိုက္ပါ။အဲ႔ဒါေတြကုိမထုတ္ဘူးဆုိရင္ စိတ္ပင္ပန္းမႈကျပီးဆံုးမွာမဟုတ္ေတာ့ပါဘူး။ဒါေၾကာင့္ ကုိယ့္အတြက္အသံုး၀င္တဲ႔ေ၀ဖန္စကားေတြပဲ ေခါင္းထဲထည့္ပါ။

*လက္ခံတတ္ပါေစ
ေ၀ဖန္စကားေတြနားေထာင္ျပီးရင္လက္ခံတတ္ဖုိ႔လည္းလိုပါတယ္။ဒါေပမဲ႔ ကုိယ္ဘယ္လိုလက္ခံမလဲအေပၚမွာမူတည္ပါေသးတယ္။ေ၀ဖန္စကားေတြကုိ ကုိယ့္ရဲ႔ေလွကားထစ္အျဖစ္ ကုိယ့္ဘ၀တုိးတက္ေရးအတြက္သံုးသြားမလား၊ဒီေ၀ဖန္စကားေတြေၾကာင့္ ယံုၾကည္ခ်က္ေတြေအာက္ဆံုးေရာက္၊စိတ္ဖိစီးမႈေတြျဖစ္၊ေဒါသေတြထြက္ေနမလား? ေရြးခ်ယ္မႈမွန္ကန္ဖုိ႔လိုပါတယ္ 😉

*ကုိယ့္ကိုယ့္ကိုယ္ျပဳျပင္ေျပာင္းလဲပါ
ဒီေနရာမွာ ကိုယ့္ကိုယ့္ကိုယ္အမွန္အတိုင္းျမင္တတ္ဖုိ႔လိုပါတယ္။သူမ်ားေတြကမွန္တာေ၀ဖန္ေနတာျဖစ္ႏုိင္ျပီး ကုိယ္ကိုယ္တုိင္ကေတာ့မွားေနမွန္းမသိ ျပန္ျပီးရန္ေတြ႔တံု႔ျပန္တာမ်ိဳးျဖစ္တတ္ပါတယ္။ဒီေတာ့ သူတုိ႔ေ၀ဖန္သလိုကုိယ္က တကယ္ပဲဟုတ္ေနလား၊မဟုတ္ဘူးလားဆန္းစစ္ပါ။လူဆုိတာက ကုိယ့္ကိုယ့္ကိုယ္ေတာ့ ညွာညွာတာတာေလးေတြးတတ္ၾကပါတယ္။မညွာတာပါနဲ႔။တကယ္တမ္း သူမ်ားအေ၀ဖန္မခံႏုိင္ဘူး၊အေ၀ဖန္မခံခ်င္ဘူးဆုိရင္ ကုိယ္က ေ၀ဖန္စရာမလိုေလာက္ေအာင္ေနဖုိ႔လိုပါတယ္။အဲ႔ဒီအတြက္ ေ၀ဖန္လာသမ်ွကို ေသခ်ာခြဲျခားျပီး ကုိယ့္ကိုယ့္ကိုယ္ျပဳျပင္တတ္ပါေစ။

ေ၀ဖန္မႈေတြမရွိရင္လည္းကုိယ္ဘယ္ေနရာေတြမွာ မွားေနလဲ၊လုိေနလဲဆုိတာ မေတြ႔ႏုိင္ပါဘူး။ေ၀ဖန္လာသမ်ွကုိ I Don’t Care ဆုိျပီး ကုိယ္လုပ္ေနက်အတိုင္းေရွ႔ဆက္လုပ္မယ္ဆုိရင္ေတာင္ ဒီေ၀ဖန္မႈေတြထဲက ကုိယ့္အတြက္အက်ိဳးရွိမယ့္အရာကို ဆြဲထုတ္ယူသင့္ပါတယ္ 😉

Unicode

ကိုယ်အောင်မြင်လာလေလေ ကိုယ်ဘာလုပ်နေလဲ လူတွေက ပိုပြီးစောင့်ကြည့်လာလေပါပဲ။အလုပ်ခွင်မှာဖြစ်စေ၊ပညာရေးနယ်ပယ်မှာဖြစ်စေ ကိုယ့်ကိုတစ်ယောက်ယောက်က ဝေဖန်မယ်။အပြစ်တင်မယ်။ကိုယ်တစ်ခုခုမှားလုပ်မိလို့၊ကိုယ့်ရဲ့ရပ်တည်ချက်နဲ့မတူညီလို့ တိုက်ခိုက်လာကြတာတွေရှိမယ်။ယုတ်စွအဆုံး ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်က ကိုယ့်အကြောင်းပိုသိပြီး အစအဆုံးသူတို့စိတ်ကြိုက်ဝေဖန်နေတာမျိုး 🙄

ဒါတွေအားလုံးကိုခေါင်းထဲထည့်ထားမယ်ဆိုရင် ကိုယ်ပဲစိတ်ပင်ပန်းရတာပါ။လူဆိုတာကလည်းခက်သား။ကိုယ့်အပေါ်ကောင်းတာပြောရင်ခဏလေးနဲ့မေ့လွယ်ပေမဲ့ ကိုယ့်အပေါ်မကောင်းတာတစ်ခုခုဝေဖန်ပြီဆို စိတ်ထဲတနုံ့နုံ့နဲ့နေရထိုင်ရခက်တယ်လေ။ဒီနေရာမှာ တစ်ခုပြောချင်တာကတော့ ဝေဖန်တယ်ဆိုတာ ကောင်းစေချင်လို့ပြောတာရှိသလို ကိုယ့်အပေါ်တမင်တကာကြီးတိုက်ခိုက်ပြောဆိုတာလည်းရှိပါတယ်။ဒီတော့ ကိုယ်က ဒီဝေဖန်မှုတွေကို အကျိုးရှိရှိအသုံးချတုံ့ပြန်တတ်ဖို့လိုပါတယ်။ဘယ်လိုတုံ့ပြန်ရမလဲ?

*နားထောင်ပါ
ဝေဖန်လာသမျှအားလုံးကို လျစ်လျူရှုပစ်လိုက်ဖို့မလိုသေးပါဘူး။ပထမဆုံး ဝေဖန်လာသမျှကိုနားထောင်ပါ။ပြီးရင် ဘယ်အရာက ကိုယ့်ကိုကောင်းစေချင်လို့ပြောတာ၊ဘယ်အရာကတော့ကိုယ့်ကို ဘလိုင်းကြီးဝေဖန်ရှုတ်ချတာခွဲခြားလိုက်ပါ။

*မေးခွန်းပြန်မေးပါ
တစ်ခါတစ်လေ လူတွေက သူများတွေကိုဝေဖန်ချင်တာပဲရှိတာ။တကယ်တော့ သူများယောင်လို့လိုက်ယောင်တာမျိုး၊ဝေဖန်စကားပြောလိုက်ပေမဲ့ တကယ်ကျတော့ ဘာကိုဆိုလိုချင်မှန်း၊ဘာကိုဝေဖန်ချင်မှန်း သူတို့ဘာသာသူတို့တောင်နားမလည်ကြပါဘူး။ဒီတော့ ကိုယ်လုပ်ရမှာကရှင်းရှင်းလေး။ကိုယ်နဲ့ပတ်သက်လို့ ဘာကိုဝေဖန်ချင်တာလဲ၊တိတိကျကျပြန်မေးလိုက်ပါ။

*တည်တည်ငြိမ်ငြိမ်တုံ့ပြန်ပါ
ကိုယ့်အပေါ်လာရိုင်းလား။သူရိုင်းရင်တောင်ကိုယ်ပြန်မရိုင်းပါနဲ့။လေးလေးစားစားနဲ့ပြန်ပြီးတုံ့ပြန်လိုက်ပါ။သူတို့ပြောတဲ့ဝေဖန်စကားက ကိုယ့်အတွက်အသုံးဝင်နေလား။သူတို့ကို ကျေးဇူးတင်လိုက်ပါ။စိတ်တိုဒေါသထွက်နေတာက အလုပ်မဖြစ်ပါဘူး။သူတို့ရဲ ့ဝေဖန်စကားကိုကိုယ့်ဘက်က ချက်ကျလက်ကျနဲ့ပြန်ပြီးတုံ့ပြန်နိုင်ဖို့ သည်းခံနိုင်စွမ်းအားတော့လိုပါတယ်။

*စိတ်ဖိစီးမှု အဝင်မခံပါနဲ့
ဝေဖန်စကားတွေထဲက ကိုယ့်အတွက် လုံးဝအကျိုးမရှိတဲ့ဝေဖန်စကားတွေကို ခေါင်းထဲကထုတ်လိုက်ပါ။အဲ့ဒါတွေကိုမထုတ်ဘူးဆိုရင် စိတ်ပင်ပန်းမှုကပြီးဆုံးမှာမဟုတ်တော့ပါဘူး။ဒါကြောင့် ကိုယ့်အတွက်အသုံးဝင်တဲ့ဝေဖန်စကားတွေပဲ ခေါင်းထဲထည့်ပါ။

*လက်ခံတတ်ပါစေ
ဝေဖန်စကားတွေနားထောင်ပြီးရင်လက်ခံတတ်ဖို့လည်းလိုပါတယ်။ဒါပေမဲ့ ကိုယ်ဘယ်လိုလက်ခံမလဲအပေါ်မှာမူတည်ပါသေးတယ်။ဝေဖန်စကားတွေကို ကိုယ့်ရဲ့လှေကားထစ်အဖြစ် ကိုယ့်ဘဝတိုးတက်ရေးအတွက်သုံးသွားမလား၊ဒီဝေဖန်စကားတွေကြောင့် ယုံကြည်ချက်တွေအောက်ဆုံးရောက်၊စိတ်ဖိစီးမှုတွေဖြစ်၊ဒေါသတွေထွက်နေမလား? ရွေးချယ်မှုမှန်ကန်ဖို့လိုပါတယ် 😉

*ကိုယ့်ကိုယ့်ကိုယ်ပြုပြင်ပြောင်းလဲပါ
ဒီနေရာမှာ ကိုယ့်ကိုယ့်ကိုယ်အမှန်အတိုင်းမြင်တတ်ဖို့လိုပါတယ်။သူများတွေကမှန်တာဝေဖန်နေတာဖြစ်နိုင်ပြီး ကိုယ်ကိုယ်တိုင်ကတော့မှားနေမှန်းမသိ ပြန်ပြီးရန်တွေ့တုံ့ပြန်တာမျိုးဖြစ်တတ်ပါတယ်။ဒီတော့ သူတို့ဝေဖန်သလိုကိုယ်က တကယ်ပဲဟုတ်နေလား၊မဟုတ်ဘူးလားဆန်းစစ်ပါ။လူဆိုတာက ကိုယ့်ကိုယ့်ကိုယ်တော့ ညှာညှာတာတာလေးတွေးတတ်ကြပါတယ်။မညှာတာပါနဲ့။တကယ်တမ်း သူများအဝေဖန်မခံနိုင်ဘူး၊အဝေဖန်မခံချင်ဘူးဆိုရင် ကိုယ်က ဝေဖန်စရာမလိုလောက်အောင်နေဖို့လိုပါတယ်။အဲ့ဒီအတွက် ဝေဖန်လာသမျှကို သေချာခွဲခြားပြီး ကိုယ့်ကိုယ့်ကိုယ်ပြုပြင်တတ်
ဖို့လိုပါတယ်။

ဝေဖန်မှုတွေမရှိရင်လည်းကိုယ်ဘယ်နေရာတွေမှာ မှားနေလဲ၊လိုနေလဲဆိုတာ မတွေ့နိုင်ပါဘူး။ဝေဖန်လာသမျှကို I Don’t Care ဆိုပြီး ကိုယ်လုပ်နေကျအတိုင်းရှေ့ဆက်လုပ်မယ်ဆိုရင်တောင် ဒီဝေဖန်မှုတွေထဲက ကိုယ့်အတွက်အကျိုးရှိမယ့်အရာကို ဆွဲထုတ်ယူသင့်ပါတယ် 😉

347 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.