Bae Doona နဲ့အတူ short flim စီးရီးလေး ရိုက်ကူးမယ့် IU

Yoon Jong Shin ရဲ့ Mystic Entertainment က original series လေးတစ်ခု ဖန်တီးဖို့စီစဉ်နေပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၂ရက်နေ့မှာ IU ကို အဓိကဇာတ်ဆောင်အဖြစ်ထားပြီး
original series ကို ဒါရိုက်တာ လေးယောက်နဲ့ ရိုက်ကူးသွားမယ်လို့ ပြောကြားသွားပါတယ်။ ဒါရိုက်တာ၎ယောက်က မတူညီကွဲပြားတဲ့ themes တွေ concepts တွေနဲ့ short flim ကို ဖန်တီးသွားမှာပါ။ စီးရီးအဖြစ်တွေ့ရှိမယ့် Flim ပဲဖြစ်ပါတယ်။

Related image

IU ရဲ့ “Scarlet Heart: Goryeo” , “My Ahjussi.” ဇာတ်လမ်းတွဲတွေပြီးရင် ဒီစီးရီးဟာ သူမအတွက် ပထမဆုံး flim ပဲဖြစ်ပါတယ်။

Related image

အထူးသဖြင့် Bae Doona နဲ့ အတူသရုပ်ဆောင်သွားမှာဆိုတော့ ဒီshort flim ကို ပရိတ်သတ်တွေက အများကြီးမျှော်လင့်ထားကြပါတယ်။ ဒီ flim ဟာ တင်းနစ်အကြောင်းလေးပါ။ ဒါပေမယ့် မင်းသမီးနှစ်ယောက်က တင်းနစ်ကစားပြသွားမှာတော့မဟုတ်ပါဘူးတဲ့။

Image result for IU

Short Flim Industry မှာတော့ ဒီ original series ဟာ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဒါရိုက်တာ လေးယောက်တောင်ဖန်တီးထားမှာဆိုတော့ ပရိတ်သတ်တွေအတွက် ဘယ်လို ခံစားရသတွေပေးစွမ်းသွားဦးမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်။ ဒီ စီးရီးနဲ့ပတ်သတ်ပြီး နောက်ထပ် updatets တွေကိုလည်း နားစွင့်ပေးထားကြပါဦးလို့…

341 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.