Folic Acid လိုအပ်နေကြောင်းသင့်ခန္ဓာကိုယ်ကြီးကဘယ်လိုတွေအချက်ပြနေပြီလဲ🤕🤕

အရသာအာရုံခံနိုင်စွမ်းကျနေတယ်

Folic Acid လိုအပ်နေတဲ့သူတွေတော်တော်များများဟာ အချိန်ကြာလာလေလေအရသာခံနိုင်မှု စွမ်းရည်လျော့ကျသွားလေပါပဲ ။ ဒါကြောင့်သင်ဟာ အလိုလိုနေရင်းအစာစားချင်စိတ်လျော့တာမျိုး အရသာခံနိုင်ရည်စွမ်းနည်းတာမျိုးဖြစ်နေပြီဆိုရင်တော့သတိထားသင့်ပါပြီ။

နှုတ်ခမ်းနဲ့ပါးစပ်တစ်ဝိုက်မှာ အဖုတွေပေါက်တယ်

နှုတ်ခမ်း၊ လျှာနဲ့ ပါးစပ်တစ်ဝိုက်မှာ အရည်ကြည်ဖုတွေ အချိန်အခါမသင့်ပဲပေါက်လာတတ်ပါတယ်။

ကိုယ်အလေးချိန်သိသိသာသာလျော့ကျသွားတယ်

ဝိတ်ချနေတာမျိုးမဟုတ်ပဲ ဒီတိုင်းနေရင်းကနေ သိသိသာသာကြီးကို ကိုယ်အလေးချိန်ထိုးကျသွားတာမျိုးဆိုရင်တော့သေချာပါတယ်  Folic Acid နည်းပါးလွန်းနေတာသေချာပါပြီ။

ပုံမှန်ထက်ပိုပြီးပင်ပန်းလွယ်တာ

အသက်ရွယ်နဲ့မလိုက်ဖက်အောင် မောတတ်နေပြီး သက်လုံမကောင်းတာမျိုးဆိုရင်လည်းသတိထားသင့်ပါတယ်။

နဂိုထက်ပိုပြီးအသားရည်ဖြူလျော့ခြင်း

ကိုယ့်ရဲ့အသားရည်ဟာ ပုံမှန်လူတွေထက်ကိုပိုပြီး ဖျော့လျော့ပြီး ဖြူဖြူစုပ်နေတာမျိုးကြီးဖြစ်တတ်တယ်။

စိတ်ပင်ပန်းလွယ်တယ်

တော်ရုံကိစ္စနဲလည်း ချက်ချင်းကြီးကို စိတ်ပင်ပန်းတတ်ပြီးကိုယ်ခံစားချက်ပြင်းထန်လွန်းတယ်။ အတွေးများပြီး တော်ရုံကိစ္စနဲ့လည်ူး မတရားပူလောင်နာကျင်နေတတ်ပါတယ်။

490 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.