အရပ္ရွည္တဲ႔မမေတြသာ ၾကံဳေတြ႔ရတတ္တဲ႔အခက္အခဲပိစိေလးေတြ…😅

တကယ္ေတာ့ အရပ္ရွည္တာဟာ ေကာင္းပါတယ္။ဒီလုိေျပာလုိ႔ အရပ္ပုတဲ႔သူေတြကုိ ႏွိမ္တာမဟုတ္ဘူးေနာ္။ကုိယ္လည္းအရပ္မရွည္ပါဘူး 🤭မိန္းကေလး၊ေယာက်္ားေလး အရပ္ရွည္တာက အားသာခ်က္တစ္ခုျဖစ္သလုိ သူတုိ႔ေတြၾကံဳရတဲ႔အခက္အခဲေလးေတြဆုိတာလည္းရွိပါတယ္။မိန္းကေလးထဲမွာဆုိ ၅ေပ ၇လက္မေက်ာ္ရင္ International Height ပါပဲ။ဒီလုိဂုဏ္ယူစရာရွိပါေသာ္လည္း သူတုိ႔ေတြ ၾကံဳေတြ႔ရတဲ႔အခက္အခဲေလးေတြဆုိတာ…

၁)ကိုယ့္အတြက္ ေဘာင္းဘီရွည္ဆုိတာရွားသလားထင္ရတယ္
ေရွာ့ပင္းထြက္ျပီဆုိ ကုိယ္သေဘာက်တဲ႔ေဘာင္းဘီေလးေတြ႔လို႔၀တ္ၾကည့္လုိက္ ကြက္တိျဖစ္ဖုိ႔ဆုိတာရွားမွရွား။ကိုယ့္ရဲ႔ေျခက်င္း၀တ္ထိေရာက္္တဲ႔ေဘာင္းဘီရွည္ဆုိ ကမာၻပတ္ျပီးရွာရမလုိ ေရွာ့ပင္းထြက္ရင္ တအားပင္ပန္းပါတယ္။ကုိယ္နဲ႔လိုက္ဖက္လွပတဲ႔ ေဘာင္းဘီရွည္ေတြက Brand တံဆိပ္အနည္းငယ္သာရွိတာ အရပ္ရွည္ျခင္းရဲ ႔ပိစိဆုိးက်ိဳးေလးေပါ့ 😅

၂)စကတ္၀တ္မလား၊ေဘာင္းဘီတုိ၀တ္မလား၊ဂါ၀န္၀တ္မလား ကုိယ္နဲ႔ဆုိ တုိကုိတိုလြန္းတယ္
ဂါ၀န္လွလွေလး၀တ္ခ်င္ရင္လည္း သိပ္မရွည္လြန္း၊မတိုလြန္းတဲ႔ဂါ၀န္ကုိရွာႏုိင္မွပါ။ပံုမွန္ဂါ၀န္တစ္ထည္ဟာ အရပ္ရွည္တဲ႔မိန္းကေလးေတြအတြက္ေတာ့ တုိေနပါေသးတယ္။အတိုၾကိဳက္တဲ႔သူဆုိရင္ေတာင္ အရပ္ရွည္လြန္းတဲ႔ကုိယ္နဲ႔ ဒီဂါ၀န္နဲ႔က လိုက္မလိုက္ဆိုတာ ၾကည့္ရပါေသးတယ္ 🙄

၃)စားပြဲေတြ၊ထုိင္ခံုေတြက ကုိယ့္အတြက္ နိမ့္လြန္းေနတယ္
ဒီအခက္အခဲကေတာ့ အမ်ားဆံုးၾကံဳေတြ႔ရတယ္ေျပာရမလား။တစ္ျခားသူေတြအတြက္ပံုမွန္အဆင္ေျပေနခ်ိန္မွာ ကိုယ့္အတြက္စားပြဲက နိမ့္လြန္းေနတယ္။ဒီစားပြဲခံုေတြ၊ကုလားထုိင္ေတြဆုိတာလည္း ပ်မ္းမ်ွလူတစ္ေယာက္နဲ႔သင့္ေတာ္ေအာင္စီစဥ္ထုတ္လုပ္ထားတာဆုိေတာ့လည္း…😑

၄)ကား၊ေလယာဥ္စီးတဲ႔အခါ က်ဥ္းက်ပ္မႈဆုိတာ မခံစားခ်င္မွအဆံုး 
ကားစီးရင္လည္း ထုိင္ခံုေတြက ကုိယ့္ေျခေထာက္၊ကုိယ့္ဒူးနဲ႔တုိက္ေနတယ္၊က်ပ္ေနတယ္။ေလယာဥ္ဆုိလည္း ကုိယ္ကအရပ္ရွည္ေတာ့ သူမ်ားေတြအတြက္သက္ေတာင့္သက္သာျဖစ္ေပမဲ႔ ကုိယ့္အတြက္ေတာ့ အဆင္ေျပတယ္ဆုိရံု။ကားေပၚမွာထုိင္ခံုရရင္ေတာင္ မတ္တပ္ရပ္တာကမွ သူမ်ားထက္ေခါင္းတစ္လံုးပိုျမင့္ပါေသးတယ္ 😒

၅)Messy bun ဆံပင္စတုိင္လ္မ်ိဳးလုပ္ဖုိ႔အဆင္မေျပဘူး
ဒီလုိမ်ိဳးဆံပင္သာထံုးၾကည့္ပါလား။ကုိယ္က အရပ္ရွည္ရတဲ႔ၾကားထဲ ေခါင္းက ဟုိဟာနဲ႔တုိက္မိ၊ဒီဟာနဲ႔တိုက္မိျဖစ္ျပီး ဆံပင္ကပိုေတာင္ပြသြားဦးမယ္။ကားစီးရင္လည္း ကားမ်က္ႏွာၾကက္နဲ႔ထိေနတယ္တုိ႔ ဘာတုိ႔။ဒီေတာ့ Messy Bun က အေရးၾကီးပြဲေတြဘာေတြသြားရမယ့္အခ်ိန္ကလြဲလို႔ က်န္တဲ႔အခ်ိန္မထံုးထားတာအေကာင္းဆံုးပါပဲ 😅

၆)ဓာတ္ပံုရုိက္တဲ႔အခါ အရပ္ရွည္ရတဲ႔ဆုိးကြက္ေလးေတြပုိျမင္ရတယ္ဟုတ္ 🙄
သူငယ္ခ်င္းေတြအုပ္စုလိုက္ဓာတ္ပံုရိုက္တဲ႔အခါ ကုိယ္တစ္ေယာက္တည္းေခါင္းက အားလံုးထက္ပုိျမင့္ေနရင္ ဓာတ္ပံုကၾကည့္ေကာင္းမွာမဟုတ္ဘူးေလ။အဲ႔လိုၾကည့္မေကာင္းရင္သူငယ္ခ်င္းေတြဆုိတာလည္းျငိမ္ေနမွာမဟုတ္။သူတုိ႔နဲ႔ညီေအာင္ ဒူးညႊတ္ျပီးျဖစ္ျဖစ္၊ထုိင္ျပီးျဖစ္ျဖစ္ရိုက္ခိုင္းၾကမွာပါပဲ။
ဆဲလ္ဖီဆြဲရင္ေတာ့ အရပ္ရွည္တဲ႔သူဆုိတာ ဆဲလ္ဖီစတစ္လုိမ်ိဳးပဲ 🙃

၇)ေစာင္ေတာင္ ကုိယ့္ဘက္မပါဘူး

ဟုတ္ပါတယ္။အရပ္ရွည္တဲ႔မမေတြအတြက္ ေစာင္ဆုိတာ အေပၚျခံဳရင္ေအာက္လြတ္၊ေျခဖ်ားထိျခံဳရင္အေပၚလြတ္နဲ႔ ေစာင္ေတာင္ ကိုယ့္ဘက္မွာမရွိပါဘူးေနာ္။ေတာ္ရံုေစာင္နဲ႔ေတာ့ တက္မလာနဲ႔ 😅ဒါေတြကေတာ့ International Height မမေတြသာ သိႏုိင္တဲ႔အခက္အခဲေလးေတြပါပဲ။ဟုတ္ရဲ႔လား ? 😉

Unicode

တကယ်တော့ အရပ်ရှည်တာဟာ ကောင်းပါတယ်။ဒီလိုပြောလို့ အရပ်ပုတဲ့သူတွေကို နှိမ်တာမဟုတ်ဘူးနော်။ကိုယ်လည်းအရပ်မရှည်ပါဘူး 🤭မိန်းကလေး၊ယောကျ်ားလေး အရပ်ရှည်တာက အားသာချက်တစ်ခုဖြစ်သလို သူတို့တွေကြုံရတဲ့အခက်အခဲလေးတွေဆိုတာလည်းရှိပါတယ်။မိန်းကလေးထဲမှာဆို ၅ပေ ရလက်မကျော်ရင် International Height ပါပဲ။ဒီလိုဂုဏ်ယူစရာရှိပါသော်လည်း သူတို့တွေ ကြုံတွေ့ရတဲ့အခက်အခဲလေးတွေဆိုတာ…

၁)ကိုယ့်အတွက် ဘောင်းဘီရှည်ဆိုတာရှားသလားထင်ရတယ်
ရှော့ပင်းထွက်ပြီဆို ကိုယ်သဘောကျတဲ့ဘောင်းဘီလေးတွေ့လို့ဝတ်ကြည့်လိုက် ကွက်တိဖြစ်ဖို့ဆိုတာရှားမှရှား။ကိုယ့်ရဲ့ခြေကျင်းဝတ်ထိရောက််တဲ့ဘောင်းဘီရှည်ဆို ကမ္ဘာပတ်ပြီးရှာရမလို ရှော့ပင်းထွက်ရင် တအားပင်ပန်းပါတယ်။ကိုယ်နဲ့လိုက်ဖက်လှပတဲ့ ဘောင်းဘီရှည်တွေက Brand တံဆိပ်အနည်းငယ်သာရှိတာ အရပ်ရှည်ခြင်းရဲ ့ပိစိဆိုးကျိုးလေးပေါ့ 😅

၂)စကတ်ဝတ်မလား၊ဘောင်းဘီတိုဝတ်မလား၊ဂါဝန်ဝတ်မလား ကိုယ်နဲ့ဆို တိုကိုတိုလွန်းတယ်
ဂါဝန်လှလှလေးဝတ်ချင်ရင်လည်း သိပ်မရှည်လွန်း၊မတိုလွန်းတဲ့ဂါဝန်ကိုရှာနိုင်မှပါ။ပုံမှန်ဂါဝန်တစ်ထည်ဟာ အရပ်ရှည်တဲ့မိန်းကလေးတွေအတွက်တော့ တိုနေပါသေးတယ်။အတိုကြိုက်တဲ့သူဆိုရင်တောင် အရပ်ရှည်လွန်းတဲ့ကိုယ်နဲ့ ဒီဂါဝန်နဲ့က လိုက်မလိုက်ဆိုတာ ကြည့်ရပါသေးတယ် 🙄

၃)စားပွဲတွေ၊ထိုင်ခုံတွေက ကိုယ့်အတွက် နိမ့်လွန်းနေတယ်
ဒီအခက်အခဲကတော့ အများဆုံးကြုံတွေ့ရတယ်ပြောရမလား။တစ်ခြားသူတွေအတွက်ပုံမှန်အဆင်ပြေနေချိန်မှာ ကိုယ့်အတွက်စားပွဲက နိမ့်လွန်းနေတယ်။ဒီစားပွဲခုံတွေ၊ကုလားထိုင်တွေဆိုတာလည်း ပျမ်းမျှလူတစ်ယောက်နဲ့သင့်တော်အောင်စီစဉ်ထုတ်လုပ်ထားတာဆိုတော့လည်း…😑

၄)ကား၊လေယာဉ်စီးတဲ့အခါ ကျဉ်းကျပ်မှုဆိုတာ မခံစားချင်မှအဆုံး
ကားစီးရင်လည်း ထိုင်ခုံတွေက ကိုယ့်ခြေထောက်၊ကိုယ့်ဒူးနဲ့တိုက်နေတယ်၊ကျပ်နေတယ်။လေယာဉ်ဆိုလည်း ကိုယ်ကအရပ်ရှည်တော့ သူများတွေအတွက်သက်တောင့်သက်သာဖြစ်ပေမဲ့ ကိုယ့်အတွက်တော့ အဆင်ပြေတယ်ဆိုရုံ။ကားပေါ်မှာထိုင်ခုံရရင်တောင် မတ်တပ်ရပ်တာကမှ သူများထက်ခေါင်းတစ်လုံးပိုမြင့်ပါသေးတယ် 😒

၅)Messy bun ဆံပင်စတိုင်လ်မျိုးလုပ်ဖို့အဆင်မပြေဘူး
ဒီလိုမျိုးဆံပင်သာထုံးကြည့်ပါလား။ကိုယ်က အရပ်ရှည်ရတဲ့ကြားထဲ ခေါင်းက ဟိုဟာနဲ့တိုက်မိ၊ဒီဟာနဲ့တိုက်မိဖြစ်ပြီး ဆံပင်ကပိုတောင်ပွသွားဦးမယ်။ကားစီးရင်လည်း ကားမျက်နှာကြက်နဲ့ထိနေတယ်တို့ ဘာတို့။ဒီတော့ Messy Bun က အရေးကြီးပွဲတွေဘာတွေသွားရမယ့်အချိန်ကလွဲလို့ ကျန်တဲ့အချိန်မထုံးထားတာအကောင်းဆုံးပါပဲ 😅

၆)ဓာတ်ပုံရိုက်တဲ့အခါ အရပ်ရှည်ရတဲ့ဆိုးကွက်လေးတွေပိုမြင်ရတယ်ဟုတ် 🙄
သူငယ်ချင်းတွေအုပ်စုလိုက်ဓာတ်ပုံရိုက်တဲ့အခါ ကိုယ်တစ်ယောက်တည်းခေါင်းက အားလုံးထက်ပိုမြင့်နေရင် ဓာတ်ပုံကကြည့်ကောင်းမှာမဟုတ်ဘူးလေ။အဲ့လိုကြည့်မကောင်းရင်သူငယ်ချင်းတွေဆိုတာလည်းငြိမ်နေမှာမဟုတ်။သူတို့နဲ့ညီအောင် ဒူးညွှတ်ပြီးဖြစ်ဖြစ်၊ထိုင်ပြီးဖြစ်ဖြစ်ရိုက်ခိုင်းကြမှာပါပဲ။
ဆဲလ်ဖီဆွဲရင်တော့ အရပ်ရှည်တဲ့သူဆိုတာ ဆဲလ်ဖီစတစ်လိုမျိုးပဲ 🙃

၇)စောင်တောင် ကိုယ့်ဘက်မပါဘူး

ဟုတ်ပါတယ်။အရပ်ရှည်တဲ့မမတွေအတွက် စောင်ဆိုတာ အပေါ်ခြုံရင်အောက်လွတ်၊ခြေဖျားထိခြုံရင်အပေါ်လွတ်နဲ့ စောင်တောင် ကိုယ့်ဘက်မှာမရှိပါဘူးနော်။တော်ရုံစောင်နဲ့တော့ တက်မလာနဲ့ 😅ဒါတွေကတော့ International Height မမတွေသာ သိနိုင်တဲ့အခက်အခဲလေးတွေပါပဲ။ဟုတ်ရဲ့လား ? 😉ဒါတွေကတော့ International Height မမတွေသာ သိနိုင်တဲ့အခက်အခဲလေးတွေပေါ့။ဟုတ်ရဲ့လား ? 😉

250 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.