ယောက်ျားလေးတိုင်းကိုယ့်ရဲ့တစ်ဦးတည်းသောမိန်းကလေးတစ်ယောက်ဆီကအလိုချင်ဆုံးအရာတွေက….🤞🤞🤞
(၂) အေးချမ်းခြင်း
မိန်းကလေးတွေထက်ယောကျာ်းလေးတွေကတစ်ခါတစ်ရံမှာ ပို Ro တာကိုမက်မောတတ်ကြပါတယ်။.ကိုယ့်ချစ်သူကောင်မလေးဆီက ဈေးမကြီးရင်တောင်အဓိပ္ပါယ်ရှိရှိနဲ့စိတ်ကူးယဉ်ဆန်ဆန်အရာလေးတွေကိုမျှော်လင့်တတ်ကြသူတွေပါ။
Unicode
ယောကျ်ားလေးတွေဟာသူတို့သိပ်ချစ်သိပ်မြတ်နိုးရတဲမိန်းကလေးတွေဆီကနေလိုချင်မျှော်လင့်တောင်းတတဲ့အရာတွေရှိနေတတ်ပါတယ်။ဒါတွေကဘာတွေလဲ …မိန်းကလေးတစ်ယောက်ဆီကဘယ်လိုအရာမျိုးကို တစ်ကယ်ကြီးချစ်မြတ်နိုးတတ်တဲယောက်ျားတွေကအလိုရှိတတ်သလဲဆိုတာ…
(၁) ရိုးသားခြင်း၊တစ်နည်းအားဖြင့် အမှန်တိုင်းဖွင့်ပြောခြင်း
ယောကျ်ားလေးတိုင်းကသူတို့ချစ်သူမိန်းကလေးတွေရဲ့ရိုးသားမှုကိုလိုချင်တပ်မက်ကြတာအသေချာပါပဲ။ မှန်မှန်ကန်ကန်နဲ့ပွင့်ပွင့်လင်းလင်းဖြစ်ကြောင်းကုန်စင်ကိုပြောပြတတ်တဲ့ကောင်မလေးတွေကို ပိုလို့ယုံကြည်မြတ်နိုးတတ်ကြပါတယ်။ သူတို့မကြိုက်တဲ့အရာဖြစ်နေပါစေအုံးတော့ မှားရင်မှားခဲ့ပါတယ်ဆိုတာကို ဝန်ခံရဲတဲ့သတ္တိရှိတဲ့ ရိုးသားတဲ့မိန်းကလေးမျိုးကိုခဏတာစိတ်ဆိုးနိုင်ပင်မဲ့ပိုချစ်မိကြတာတော့အမှန်ပါပဲ။
(၂) အေးချမ်းခြင်း
မိန်းကလေးတွေကသာ ဘဝကြီးအကြောင်းကိုအကြီးအကျယ်တွေ ပြောပြိးငြိးတတ်ကြတာပါ။ ယောကျ်ားလေးတွေကတော့ ငြီးတွားတတ်တဲ့မိန်းကလေးမျိုးကို သဘောတွေ့လေ့မရှိပါဘူး။ သူုတို့နားရှိနေချိန်မှာ အကောင်းဆုံးအပြုံးလေးတွေနဲ့အရာရာကိုဖြေရှင်းဖို့ကြိုးစားနေတဲ့မိန်းကလေးမျိုးကိုသဘောတွေ့တတ်ကြပါတယ်။
(၃) Romantic ဆန်တဲ့အပြုအမူ
မိိန်းကလေးတွေထက်ယောကျာ်းလေးတွေကတစ်ခါတစ်ရံမှာ ပို Ro တာကိုမက်မောတတ်ကြပါတယ်။.ကိုယ့်ချစ်သူကောင်မလေးဆီက စျေးမကြီးရင်တောင်အဓိပ္ပါယ်ရှိရှိနဲ့စိတ်ကူးယဉ်ဆန်ဆန်အရာလေးတွေကိုမျှော်လင့်တတ်ကြသူတွေပါ။
(၄) သူတို့အတွက်အလိုက်သိနေတာမျိုး
ယောကျ်ားလေးတွေတော်တော်များများကဘာဖြစ်ချင်ပါတယ် ညာဖြစ်ချင်ပါတယ် ပူဆာခဲပါတယ်။ ဒါကဘာမှမဖြစ်ချင်လို့မဟုတ်ပါဘူး။သူတို့ဖြစ်ချင်တာ လိုအပ်တာတွေကိုအလိုက်တသိနဲ့ဖြည့်ဆည်းပေးတတ်တဲ့မိန်းကလေးမျိုးသူတို့ချစ်သူကိုဖြစ်စေချင်တတ်ကြတာပါ။
(၅) ကိုယ်ပိုင်အချိန်ပေးတတ်တဲ့မိန်းကလေး
ငါ့နားမှာပဲနေ ငါနဲ့ပဲအချိန်ဖြုန်း၊ ဘယ်သွားသွားငါနဲ့ဆိုတာမျိုးထက် ကိုယ်ရောသူရောအတွက်သီးသန့်အချိန်ဆိုတာမျိုးပေးတတ်တဲ့မိန်းကလေးမျိုးကိုသဘောကျတတ်ကြပါတယ်။ သူ့တို့မြတ်နိုးရတဲ့ကောင်မလေးတွေဆီကကိုကိုတွေအမှန်တကယ်လိုချင်တဲ့အရာတွေကတော့ဒါတွေပါပဲ…
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.