ကုိယ္ေတြသိထားတဲ႔အၾကံဥာဏ္ေကာင္းတစ္ခ်ိဳ႔ဟာ တကယ္္ေတာ့ အခ်စ္ေရးကုိပုိျပီးဆုိး၀ါးေစႏုိင္ 🤔

Relationship ေတြနဲ႔ပတ္သက္လို႔ တစ္ခ်ိဳ႔ေပးၾကတဲ႔အၾကံဥာဏ္ေတြဟာ တကယ္တမ္းက်ေတာ့ မလိုအပ္သလို အသံုးလည္းမ၀င္ပါဘူးတဲ႔။ပိုုျပီးေတာ့ေတာင္ဆုိး၀ါးသြားေစတယ္လုိ႔ေတြ႔ရွိရပါတယ္။အၾကံဥာဏ္ေကာင္းလုိ႔ထင္ထားခဲ႔တဲ႔အၾကံေတြဟာ ဘာေၾကာင့္မလိုအပ္တာလဲ၊အသံုးမ၀င္တာလဲဆုိတာအတူတူဖတ္ၾကည့္လုိက္ရေအာင္ 🌸

*စိတ္ဆုိးေဒါသထြက္ျပီးအိပ္ရာမ၀င္ပါနဲ႔တဲ႔
ဆုိလုိခ်င္တာကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ရန္ျဖစ္ၾကျပီဆုိရင္ စိတ္ဆုိးေဒါသထြက္ေနတာေတြကုိ အိပ္တဲ႔အခ်ိန္ထိသယ္မသြားပဲဖြင့္ခ်လုိက္ဖုိ႔ေပါ့။တကယ္တမ္းက်ေတာ့ အခ်ိန္လိုအပ္ပါတယ္။ဘာလုိ႔လဲ?စိတ္ဆုိးေဒါသထြက္ျပီဆုိတာနဲ႔ ခ်စ္သူေတြဟာသူတုိ႔တကယ္မရည္ရြယ္တဲ႔စကားေတြကုိေျပာတတ္ၾကတယ္။အဲ႔ဒါကျပႆနာကုိပိုျပီးဆုိး၀ါးေစတာပါ။ဒါေၾကာင့္ ရန္ျဖစ္ျပီဆုိရင္ ေသြးေအးတဲ႔အထိအခ်ိန္ယူသင့္ပါတယ္။တစ္ခါတစ္ေလဆုိ ညဘက္မွာစိတ္ဆုိးရန္ျဖစ္ျပီး ျပန္လည္းမေခ်ာ့၊ျပန္လည္းမေျပာပဲ အိပ္လိုက္တယ္။ဒါေပမဲ႔ မနက္ေရာက္ေတာ့ အတင္းအက်ပ္ေျဖရွင္းစရာမလိုေတာ့ပဲအဆင္ျပန္ေျပသြားၾကတာမ်ိဳးၾကံဳဘူးမွာပါ။ဒါေၾကာင့္ စိတ္ဆုိးေဒါသထြက္ေနတဲ႔အခ်ိန္ ဘာစကားမွဆက္မေျပာပဲ အခ်ိန္ယူသင့္ပါတယ္ 💙

*အသက္ဆုိတာ ကိန္းဂဏန္းတစ္ခုပဲ
မမနဲ႔ေမာင္ေလးရွိၾကသလို ညီမေလးနဲ႔ကုိကုိစသျဖင့္ အသက္ကြာတဲ႔ခ်စ္သူေတြရွိပါတယ္။အဲ႔ဒီအခါ အသက္ကြာတာ အေရးမၾကီးဘူးဘာညာေျပာၾကပါတယ္။ဒါေပမဲ႔ အသက္အရြယ္ဆုိတာ တစ္ႏွစ္ဆုိ လည္း တစ္ႏွစ္ဆုိသေလာက္ အေတြ႔အၾကံဳေတြ၊ရင့္က်က္မႈေတြကြာျခားတတ္ပါတယ္။တစ္ခ်ိဳ႔အသက္ကြာတဲ႔စံုတြဲေတြ နားလည္မႈရွိရွိလက္တြဲသြားၾကတယ္ဆုိတာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ ေသခ်ာညိွယူႏုိင္လြန္း၊နားလည္ေပးႏုိင္လြန္းလို႔ပါ။ကုိယ္နဲ႔အသက္ခ်င္းသိပ္မကြာတဲ႔ခ်စ္သူမ်ိဳးရထားရင္ အေကာင္းဆံုးေပါ့။အသက္ခ်င္းမကြာတဲ႔အခါ ခံစားခ်က္ေတြကလည္းအနီးစပ္ဆံုးဆင္တူႏုိင္တယ္ေလ 💋တကယ္မခ်စ္ပဲ ကုိယ့္အေပၚအလိုလိုက္မွာပဲ၊နားလည္ေပးမွာပဲဆုိတဲ႔အေတြးနဲ႔ ခ်စ္သူမေရြးပါနဲ႔ 😉

*အခ်ိန္က ဒဏ္ရာေတြကုိကုစားေပးလိမ့္မယ္
အခ်စ္ေရးမွာအသည္းကြဲတာ၊နာက်င္တာေတြျဖစ္လာျပီဆုိရင္ ေတာ္ေတာ္မ်ားမ်ားက အခ်ိန္က ကုစားေပးသြားလိမ့္မယ္။အခ်ိန္ၾကာရင္အဆင္ေျပလာမွာပါ စသျဖင့္အားေပးစကားေျပာတတ္ၾကတယ္။တကယ္ေတာ့ အခ်ိန္က ဒဏ္ရာေတြကုိကုစားေပးတာမဟုတ္ပါဘူး။မွန္ကန္တဲ႔ဆံုးျဖတ္ခ်က္ခ်တာကသာ ဒဏ္ရာေတြေပ်ာက္ကင္းသြားေစတာျဖစ္ပါတယ္။အခ်ိန္ၾကာလာလုိ႔ အဆင္ေျပသြားတာ
မဟုတ္ပါဘူး။ကုိယ္ကမွန္ကန္တဲ႔ဆံုးျဖတ္ခ်က္ခ်ခဲ႔လို႔သာ ဒဏ္ရာေတြအနာက်က္သြားတာပါ 👀

*ေယာက်္ားေလးဘက္ကသာ ကုန္က်စရိတ္က်ခံရမယ္
ခ်စ္သူနဲ႔အျပင္ထြက္လည္တုိင္း ေယာက်္ားေလးဘက္ကသာ ေငြေၾကးကုန္က်ခံသင့္တယ္စသျဖင့္ ေျပာတတ္ၾကပါတယ္။ဒီလုိမ်ိဳးဆုိ ေရရွည္အဆင္မေျပဘူးေပါ့ေနာ္။စိတ္အေနွာင့္အယွက္မျဖစ္ၾကပဲ ေရရွည္အဆင္ေျပေစမယ့္နည္းလမ္းတစ္ခုရွိပါတယ္။အဲ႔ဒါကေတာ့ အျပင္ထြက္လည္ဖုိ႔စေျပာတဲ႔သူက ေငြေၾကးကုန္က်ခံသင့္ျပီးေနာက္တစ္ေယာက္က ေငြရွင္းတဲ႔အခါမွာပဲျဖစ္ျဖစ္ သူေပးပါရေစလုိ႔ကမ္းလွမ္းတာမ်ိဳး၊နားလည္မႈနဲ႔ဘာမွမေျပာတာမ်ိဳးလုပ္သင့္ပါတယ္တဲ႔။ဒါမွမဟုတ္ ဘယ္သြားသြား ႏွစ္ေယာက္အတူမ်ွျပီးေငြရွင္းၾကေပါ့ 💑

*ပထမအၾကိမ္ဒိတ္တာအဆင္မေျပဘူးဆုိရင္ ေနာက္တစ္ၾကိမ္ေတြ႔ၾကည့္
ပထမအၾကိမ္ဒိတ္ၾကည့္လုိ႔ အဲ႔ဒီလူကုိမၾကိဳက္ဘူး၊သေဘာမက်ဘူးဆုိရင္ ေနာက္တစ္ၾကိမ္ထပ္ေတြ႔လည္းသေဘာက်လာမွာမဟုတ္ပါဘူး။ဒါေၾကာင့္အဲ႔ဒီလူနဲ႔ေနာက္တစ္ၾကိမ္ထပ္ေတြ႔မယ့္အစား ေနာက္တစ္ေယာက္နဲ႔ေျပာင္းေတြ႔ျပီး အခ်ိန္ကုိအက်ိဳးရွိရွိသံုးပါ။ဒါကေတာ့ေအာင္သြယ္ေတာ္ဖုိးေရႊလမင္းေတြရဲ႔စီစဥ္မႈနဲ႔ ဒိတ္ဖုိ႔စဥ္းစားေနတဲ႔သူေတြအတြက္ေပါ့ 😉

*ခဏေလာက္ေ၀းေ၀းေနျပီး စဥ္းစားဖုိ႔လိုအပ္တယ္
တစ္ေယာက္နဲ႔တစ္ေယာက္အဆင္မေျပတာေတြမ်ားလာလုိ႔ ခဏေလာက္မေတြ႔ပဲေနရေအာင္၊မေတြ႔ရတဲ႔အခ်ိန္မွာ တကယ္မခြဲႏုိင္ဘူး၊ခ်စ္ေနတုန္းဆုိရင္ျပန္ျပီးအဆင္ေျပသြားလိမ့္မယ္စသျဖင့္ေတြးတတ္ၾကတယ္။တကယ္တမ္းက်ေတာ့ဒီအၾကံဥာဏ္က အႏၱရာယ္မ်ားလြန္းပါတယ္။ဒီအခ်စ္ေရးကေန တစ္ေယာက္ေယာက္ထြက္သြားတဲ႔အခ်ိန္က ျပတ္စဲသြားတဲ႔အထိျဖစ္သြားႏုိင္ပါတယ္။အဲ႔ဒီလုိမလုပ္ပဲ ျပန္အဆင္ေျပဖုိ႔ေသခ်ာတဲ႔နည္းလမ္းနဲ႔ပဲအခ်စ္ေရးကုိ အဆင္ေျပေအာင္လုပ္သင့္ပါတယ္ 💗

Unicode

Relationship တွေနဲ့ပတ်သက်လို့ တစ်ချို့ပေးကြတဲ့အကြံဉာဏ်တွေဟာ တကယ်တမ်းကျတော့ မလိုအပ်သလို အသုံးလည်းမဝင်ပါဘူးတဲ့။ပိုုပြီးတော့တောင်ဆိုးဝါးသွားစေတယ်လို့တွေ့ရှိရပါတယ်။အကြံဉာဏ်ကောင်းလို့ထင်ထားခဲ့တဲ့အကြံတွေဟာ ဘာကြောင့်မလိုအပ်တာလဲ၊အသုံးမဝင်တာလဲဆိုတာအတူတူဖတ်ကြည့်လိုက်ရအောင် 🌸

*စိတ်ဆိုးဒေါသထွက်ပြီးအိပ်ရာမဝင်ပါနဲ့တဲ့
ဆိုလိုချင်တာကတော့ တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ကြပြီဆိုရင် စိတ်ဆိုးဒေါသထွက်နေတာတွေကို အိပ်တဲ့အချိန်ထိသယ်မသွားပဲဖွင့်ချလိုက်ဖို့ပေါ့။တကယ်တမ်းကျတော့ အချိန်လိုအပ်ပါတယ်။ဘာလို့လဲ?စိတ်ဆိုးဒေါသထွက်ပြီဆိုတာနဲ့ ချစ်သူတွေဟာသူတို့တကယ်မရည်ရွယ်တဲ့စကားတွေကိုပြောတတ်ကြတယ်။အဲ့ဒါကပြဿနာကိုပိုပြီးဆိုးဝါးစေတာပါ။ဒါကြောင့် ရန်ဖြစ်ပြီဆိုရင် သွေးအေးတဲ့အထိအချိန်ယူသင့်ပါတယ်။တစ်ခါတစ်လေဆို ညဘက်မှာစိတ်ဆိုးရန်ဖြစ်ပြီး ပြန်လည်းမချော့၊ပြန်လည်းမပြောပဲ အိပ်လိုက်တယ်။ဒါပေမဲ့ မနက်ရောက်တော့ အတင်းအကျပ်ဖြေရှင်းစရာမလိုတော့ပဲအဆင်ပြန်ပြေသွားကြတာမျိုးကြုံဘူးမှာပါ။ဒါကြောင့် စိတ်ဆိုးဒေါသထွက်နေတဲ့အချိန် ဘာစကားမှဆက်မပြောပဲ အချိန်ယူသင့်ပါတယ် 💙

*အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပဲ
မမနဲ့မောင်လေးရှိကြသလို ညီမလေးနဲ့ကိုကိုစသဖြင့် အသက်ကွာတဲ့ချစ်သူတွေရှိပါတယ်။အဲ့ဒီအခါ အသက်ကွာတာ အရေးမကြီးဘူးဘာညာပြောကြပါတယ်။ဒါပေမဲ့ အသက်အရွယ်ဆိုတာ တစ်နှစ်ဆို လည်း တစ်နှစ်ဆိုသလောက် အတွေ့အကြုံတွေ၊ရင့်ကျက်မှုတွေကွာခြားတတ်ပါတယ်။တစ်ချို့အသက်ကွာတဲ့စုံတွဲတွေ နားလည်မှုရှိရှိလက်တွဲသွားကြတယ်ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် သေချာညှိယူနိုင်လွန်း၊နားလည်ပေးနိုင်လွန်းလို့ပါ။ကိုယ်နဲ့အသက်ချင်းသိပ်မကွာတဲ့ချစ်သူမျိုးရထားရင် အကောင်းဆုံးပေါ့။အသက်ချင်းမကွာတဲ့အခါ ခံစားချက်တွေကလည်းအနီးစပ်ဆုံးဆင်တူနိုင်တယ်လေ 💋တကယ်မချစ်ပဲ ကိုယ့်အပေါ်အလိုလိုက်မှာပဲ၊နားလည်ပေးမှာပဲဆိုတဲ့အတွေးနဲ့ ချစ်သူမရွေးပါနဲ့ 😉

*အချိန်က ဒဏ်ရာတွေကိုကုစားပေးလိမ့်မယ်
အချစ်ရေးမှာအသည်းကွဲတာ၊နာကျင်တာတွေဖြစ်လာပြီဆိုရင် တော်တော်များများက အချိန်က ကုစားပေးသွားလိမ့်မယ်။အချိန်ကြာရင်အဆင်ပြေလာမှာပါ စသဖြင့်အားပေးစကားပြောတတ်ကြတယ်။တကယ်တော့ အချိန်က ဒဏ်ရာတွေကိုကုစားပေးတာမဟုတ်ပါဘူး။မှန်ကန်တဲ့ဆုံးဖြတ်ချက်ချတာကသာ ဒဏ်ရာတွေပျောက်ကင်းသွားစေတာဖြစ်ပါတယ်။အချိန်ကြာလာလို့ အဆင်ပြေသွားတာမဟုတ်ပါဘူး။ကိုယ်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့လို့သာ ဒဏ်ရာတွေအနာကျက်သွားတာပါ 👀

*ယောကျ်ားလေးဘက်ကသာ ကုန်ကျစရိတ်ကျခံရမယ်
ချစ်သူနဲ့အပြင်ထွက်လည်တိုင်း ယောကျ်ားလေးဘက်ကသာ ငွေကြေးကုန်ကျခံသင့်တယ်စသဖြင့် ပြောတတ်ကြပါတယ်။ဒီလိုမျိုးဆို ရေရှည်အဆင်မပြေဘူးပေါ့နော်။စိတ်အနှောင့်အယှက်မဖြစ်ကြပဲ ရေရှည်အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ အပြင်ထွက်လည်ဖို့စပြောတဲ့သူက ငွေကြေးကုန်ကျခံသင့်ပြီးနောက်တစ်ယောက်က ငွေရှင်းတဲ့အခါမှာပဲဖြစ်ဖြစ် သူပေးပါရစေလို့ကမ်းလှမ်းတာမျိုး၊နားလည်မှုနဲ့ဘာမှမပြောတာမျိုးလုပ်သင့်ပါတယ်တဲ့။ဒါမှမဟုတ် ဘယ်သွားသွား နှစ်ယောက်အတူမျှပြီးငွေရှင်းကြပေါ့ 💑

*ပထမအကြိမ်ဒိတ်တာအဆင်မပြေဘူးဆိုရင် နောက်တစ်ကြိမ်တွေ့ကြည့်
ပထမအကြိမ်ဒိတ်ကြည့်လို့ အဲ့ဒီလူကိုမကြိုက်ဘူး၊သဘောမကျဘူးဆိုရင် နောက်တစ်ကြိမ်ထပ်တွေ့လည်းသဘောကျလာမှာမဟုတ်ပါဘူး။ဒါကြောင့်အဲ့ဒီလူနဲ့နောက်တစ်ကြိမ်ထပ်တွေ့မယ့်အစား နောက်တစ်ယောက်နဲ့ပြောင်းတွေ့ပြီး အချိန်ကိုအကျိုးရှိရှိသုံးပါ။ဒါကတော့အောင်သွယ်တော်ဖိုးရွှေလမင်းတွေရဲ့စီစဉ်မှုနဲ့ ဒိတ်ဖို့စဉ်းစားနေတဲ့သူတွေအတွက်ပေါ့ 😉

*ခဏလောက်ဝေးဝေးနေပြီး စဉ်းစားဖို့လိုအပ်တယ်
တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေတာတွေများလာလို့ ခဏလောက်မတွေ့ပဲနေရအောင်၊မတွေ့ရတဲ့အချိန်မှာ တကယ်မခွဲနိုင်ဘူး၊ချစ်နေတုန်းဆိုရင်ပြန်ပြီးအဆင်ပြေသွားလိမ့်မယ်စသဖြင့်တွေးတတ်ကြတယ်။တကယ်တမ်းကျတော့ဒီအကြံဉာဏ်က အန္တရာယ်များလွန်းပါတယ်။ဒီအချစ်ရေးကနေ တစ်ယောက်ယောက်ထွက်သွားတဲ့အချိန်က ပြတ်စဲသွားတဲ့အထိဖြစ်သွားနိုင်ပါတယ်။အဲ့ဒီလိုမလုပ်ပဲ ပြန်အဆင်ပြေဖို့သေချာတဲ့နည်းလမ်းနဲ့ပဲအချစ်ရေးကို အဆင်ပြေအောင်လုပ်သင့်ပါတယ် 💗

229 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.