ကလေးယူဖို့ စဉ်းစားနေတဲ့ ဇနီးသည်များ ဒါလေးတွေတော့ သိထားသင့်

မကြာသေးခင်က လေ့လာမှုအရ လုပ်ငန်းခွင်က အခက်ခဲထက် အိမ်မှာနေပြီး ကလေးထိန်းရတာက
ပိုခက်ကြောင်း မိခင်အများစုက ပြောလိုက်ပါပြီ။ အခုမှ ကလေးယူဖို့စဉ်းစားနေတဲ့ ဇနီးသည်တွေလည်းသိထားသင့်ပါတယ်။ တစ်နိုင်ငံလုံးဆိုင်ရာ စစ်တမ်းအရ မိဘအဖြစ်သို့ ရောက်ရှိလာကြတဲ့ စုံတွဲလေးတွေကလည်း အလုပ်ထက် အိမ်မှာနေပြီး ကလေးထိန်းတာဟာ ပိုခက်ကြောင်း ၊ ပိုပြီး စိုးရိမ်စရာကောင်းတာကို ယုံကြည်လာကြပါတယ်။

Image result for Staying At Home With Kids Is HARDER Than Going To Work

ဒီစစ်တမ်းဟာ အခုမှ ကလေးယူမယ့် ဇနီးမောင်နှံ့တို့အတွက် သေချာအချိန်ယူပြင်ဆင်စေနိုင်မှာ ဖြစ်ပါတယ်။

မိခင်လောင်းတိုင်း ကလေးမွေးပြီးတဲ့အခါ ကလေးတစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အခက်တွေ့မှာပါပဲ။ အတွေ့ကြုံရှိသူတွေကို မေးပြီး ဒီလိုပဲကျော်ဖြတ်ခဲ့ကြတာပါ။ နောက်ပိုင်း အသားကျသွားတဲ့အခါ ကိုယ့်ရင်သွေးလေးရဲ့  ချစ်စရာအမူရာလေးတွေကြည့်ပြီး ကြည်နူးနေရတာနဲ့ ပင်ပန်းတာတွေတောင် ပျောက်ကုန်မှာပါ။ 💗

Related image

အိမ်ထောင်ပြုပြီးရင်တော့ အားလုံးက ကလေးယူကြမှာပါ။ ကလေးယူတော့မယ်လို့ စဉ်းစားလိုက်တာနဲ့ ရှေ့ရေးကို ကြိုတွေးပြီး အားလုံးကိုပြင်ဆင်ထားမှ အဆင်ပြေလိမ့်မယ်လို့ အကြံပေးချင်တာပါ။
ဒီလိုမဟုတ်ပဲ ကလေးယူဖို့ကို လောနေမယ်ဆို တကယ်တမ်း ကလေးမွေးလာပါပြီရဲ့။ ပထမဆုံးဆိုတော့ စိတ်လှုပ်ရှားနေမယ် ။ အရာအားလုံးဟာ မင်းအတွက် စိန်ခေါ်မှုပါပဲ။ ကလေးကို ဘာကျွေးရမှန်း မင်းမသိဘူး။ ကလေးနေမကောင်းရင် ဘာလုပ်ပေးရမလဲ မင်းမသိဘူး။ အဆိုးဆုံးကတော့ ဘေးပတ်ဝန်းကျင်က မင်းရွေးချယ်တဲ့ဘဝမှာ အကောင်းဆုံးမနေပြနိုင်ရင် ဝိုင်းပြီးကဲ့ရဲ့မှာကို စိုးရိမ်နေရတာပါပဲ။ ” ကလေးမွေးပြီးမှ ဗရုတ်သုတ်ခဖြစ်နေတာ ကြည့်ပါဦး”လို့ ဘယ်သူမှ အပြောခံချင်မှာမဟုတ်ပါဘူး။

Related image

ကိုယ်လုပ်နေတဲ့ အလုပ်ကတော့ ကိုယ်ကျွမ်းကျင်နေတဲ့အရာဆိုတော့ အခက်တွေ့လာလည်း ရအောင်ဖြေရှင်းနိုင်သေးတယ်။ ကလေးထိန်းရတာကတော့ ဘာနဲ့မှ မတူပါဘူး။ ညဘက်တွေ အိပ်ရေးပျက်ရမယ်။ကိုယ့်ကလေးဟာ ခြေစမ်းနေပြီဆိုရင် အန္တရာယ်တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ တစ်ချိန်လုံး လိုက်ကြည့်ရတာအမော။ တစ်စက္ကန့်လေးတောင် မျက်စိအောက်က အပျောက်ခံလို့မရတဲ့ အရွယ်လေးတွေ မင်းထိန်းရမယ်။ ဒီကလေးအတွက် ကုန်ကျစရိတ်က ရှိသေးတယ်။ ငွေရေးကြေးရေး လုံးပန်းရမယ်။ ဒါကြောင့် အားလုံး အဆင်သင့်ဖြစ်ပြီလား ? အဘက်ဘက်က ပြည့်စုံနေပြီဆိုမှ ကလေးယူဖို့ကို ဆုံးဖြတ်ကြပါလို့…

စာဖတ်သူတို့ရော အလုပ်ထက် ကလေးထိန်းရတာ ပိုခက်တယ်လို့ ထင်လား ? ကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကို ပြောခဲ့ပါဦး ..

172 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.