သင့္မွာ အေၾကာက္လြန္ေရာဂါ(Phobia) ရွိေနျပီလား?

Phobia ဆုိတဲ႔အေၾကာက္လြန္ေရာဂါတစ္မ်ိဳး သင့္မွာရွိေနျပီလား?Phobia ဆုိတာ စိတ္ဖိစီးမႈတစ္မ်ိဳးပါ။မျဖစ္လာေသးတဲ႔အရာေတြကုိၾကိဳတင္ေၾကာက္ရြံ႔ေနတာမ်ိဳး၊ေနရာ၊ပစၥည္း၊တိရစာၦန္ေတြကုိ အလြန္အမင္းေၾကာက္ရြံ႔တတ္ျခင္းစတာေတြက Phobia ပါပဲ။

ေလ့လာခ်က္ေတြအရ အေမရိကန္မွာဆုိရင္ လူဦးေရ ၁၉သန္းေက်ာ္ဟာ ဒီအေၾကာက္လြန္ေရာဂါကုိခံစားေနရျပီး လူအမ်ားစုဟာ Phobia အမ်ိဳးအစားတစ္ခုမက အေၾကာက္လြန္ေရာဂါေတြရွိေနတယ္လုိ႔ေတြ႔ရပါတယ္။ကမာၻတစ္၀န္းလံုးအႏွံ႔ကလူေတြ အမ်ားဆံုးၾကံဳရခံစားရတတ္တဲ႔ အေၾကာက္လြန္ေရာဂါေတြက ဘာေတြလဲဆုိရင္…
Acrophobia – အျမင့္တက္ရတာေၾကာက္ျခင္း
Arachnophobia – ပင့္ကူေသးေသးေလးကအစ အလြန္အမင္းေၾကာက္တတ္ျခင္း
Ophidiophobia – ေျမြအလြန္ေၾကာက္တတ္ျခင္း
Agoraphobia – လူအမ်ားၾကားမွာပိတ္မိမွာ၊အႏၱရာယ္ျဖစ္မွာ၊လူအုပ္ၾကီးထဲေရာပါသြားမွာ ေၾကာက္တတ္ျခင္း၊အကူအညီမဲ႔မွာေၾကာက္ျခင္း
Mysophobia – ပုိးမႊားမ်ားကူးစက္မွာ အလြန္အမင္းထိတ္လန္႔ျခင္း
Cynophobia – ေခြးေသးေသးေလးကအစ ျမင္တာနဲ႔ေၾကာက္တတ္ျခင္း
Hydrophobia – ေရေၾကာက္တတ္ျခင္း တုိ႔ပါပဲ။

ဒါေတြအျပင္ ေတာ္ေတာ္မ်ားမ်ားၾကံဳေတြ႔ခံစားရတာေတြက စက္ေလွကား၊ဓာတ္ေလွကားစီးရမွာစိတ္လႈပ္ရွားေၾကာက္ရြ႔ံတတ္ျခင္း၊အိပ္ေနတုန္းမ်က္ႏွာၾကက္မွာတပ္ဆင္ထားတဲ႔ပန္ကာျပဳတ္က်လာမွာေၾကာက္ရြံ႔တတ္ျခင္း၊မုိးရြာတဲ႔အခါ မိုးၾကိဳးပစ္ခံရမွာေၾကာက္ရြံ႔တတ္ျခင္း၊ေလယာဥ္စီးရမွာေၾကာက္ျခင္း၊က်ဥ္းေျမာင္းတဲ႔ေနရာေတြကုိေၾကာက္တတ္ျခငး္စတဲ႔အရာေတြပါပဲ။မ်ားေသာအားျဖင့္ ဒီလုိအေၾကာက္လြန္ေရာဂါခံစားရသူေတြကုိေလ့လာၾကည့္မယ္ဆုိရင္ ကုိယ္တိုင္ေရနစ္ဖူးလုိ႔ ေရေၾကာက္တတ္သြားတာမ်ိဳး၊စက္ေလွကားမွာေျခေထာက္ညွပ္ဖူးလုိ႔ေၾကာက္ေနတာမ်ိဳးမဟုတ္ပဲ တစ္ျခားသူေတြျဖစ္ဖူးတာကုိၾကားထားသိထားတာေတြေၾကာင့္ ကုိယ္တုိင္မၾကံဳဖူးေသးေပမဲ႔ၾကိဳတင္ျပီးေၾကာက္ရြံ႔ေနတာပဲျဖစ္ပါတယ္။

ေနာက္ထပ္ထူးဆန္းတဲ႔အေၾကာက္လြန္ေရာဂါေတြလည္းရွိပါေသးတယ္။
*ဆဲလ္ဖုန္းမသံုးရမွာ၊ဖုန္းမရွိပဲေနရမွာ ေၾကာက္တတ္ျခင္း
*ရွည္လ်ားတဲ႔စကားလံုးေတြကုိေၾကာက္တတ္ျခင္း
*ဘယ္ဘက္မွာေနရတာေၾကာက္တတ္ျခင္း
*ညာဘက္မွာေနရတာေၾကာက္တတ္ျခင္း
*သတင္းေကာင္းၾကားရမွာ ေၾကာက္တတ္ျခင္း
*Phobia ေရာဂါခံစားရမွာကုိေၾကာက္တတ္ျခင္း
*အေရာင္ေတြကုိေၾကာက္တတ္ျခင္း
*အေပါက္ေတြကုိေၾကာက္ရြံ႔တတ္ျခင္း စတာေတြကေတာ့ ထူးဆန္းတဲ႔အေၾကာက္လြန္ေရာဂါေတြေပါ့။

ဒီလုိမ်ိဳးစိတ္ထဲကေနျဖစ္ေပၚလာတဲ႔ အလြန္အမင္းေၾကာက္တတ္စိတ္ကုိ ဖယ္ရွားပစ္ႏုိင္ဖုိ႔အေကာင္းဆံုးနဲ႔အထိေရာက္ဆံုးနည္းလမ္းကေတာ့ ကုိယ္ေၾကာက္တဲ႔အရာကုိ မေၾကာက္ေတာ့တဲ႔အထိ ထပ္တလဲလဲေလ့က်င့္ေပးျပီး ထိန္းခ်ဳပ္ႏုိင္ေအာင္ၾကိဳးစားဖုိ႔ပါပဲ။
အေပၚမွာေျပာထားခဲ႔တဲ႔ Phobia ေတြထဲက တစ္ခုခုမ်ား သင္တုိ႔မွာရွိေနတယ္ဆုိရင္ “AWARE”ဆုိတာေလးသတိရလိုက္ပါ။“AWARE” ဆုိတာ
၁)A – စိတ္ဖိစီးမႈကိုလက္ခံပါ။ျပန္ျပီးတုိက္ခုိက္ဖုိ႔မၾကိဳးစားပါနဲ႔
၂)W- စိတ္ဖိစီးမႈကုိ ေသခ်ာေစာင့္ၾကည့္ပါ။သင့္ရဲ႔ေၾကာက္စိတ္က ဘယ္အဆင့္မွာလဲ၊ထိန္းခ်ဳပ္ႏုိင္တဲ႔အဆင့္မ်ိဳးလား၊လံုး၀ျပာထြက္သြားတဲ႔အဆင့္မ်ိဳးလား။အသက္ကုိျဖည္းျဖည္းခ်င္းရႈျပီးေစာင့္ၾကည့္ပါ။
၃)A- ပံုမွန္အတိုင္းျပဳမူႏုိင္ေအာင္ၾကိဳးစားပါ။ေၾကာက္စိတ္ျဖစ္ေပၚလာရင္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္တတ္ပါတယ္။အဲ႔လိုမျဖစ္ပဲသတိေလးကပ္ျပီးတစ္ျခားသူေတြလိုပံုမွန္အတုိင္းျပဳမူပါ။
၄)R- လုိအပ္ရင္ လိုအပ္သေလာက္ စိတ္ထဲကေၾကာက္လန္႔စိတ္ေလ်ာ့နည္းတဲ႔အထိ၊ေျပေပ်ာက္တဲ့အထိ၊ရင္ဆုိင္ႏုိင္ျပီဆုိတဲ႔အထိ ေလ့က်င့္ပါ (စက္ေလွကားစီးရမွာေၾကာက္တယ္ဆုိရင္ ကုိယ္ယံုၾကည္အားကုိးရတဲ႔လူတစ္ေယာက္နဲ႔အရင္ဆံုးအတူစီးၾကည့္ပါ။ဒီလုိနဲ႔ တျဖည္းျဖည္းခ်င္း ကိုယ္တစ္ေယာက္တည္းစီးရဲလာတဲ႔အထိေလ့က်င့္ပါ)
၅)E- အေကာင္းဆံုးကုိေမ်ွာ္လင့္ပါ (စိတ္ဓာတ္မက်ပါနဲ႔။ဒီေၾကာက္စိတ္ကုိဖယ္ထုတ္ႏုိင္တယ္ဆုိတ႔ဲယံုၾကည္ခ်က္နဲ႔ ေမ်ွာ္လင့္ခ်က္ထားပါ)

အေၾကာက္လြန္တယ္ဆုိတာ ဘယ္ဘက္ကၾကည့္ၾကည့္ ေကာင္းက်ိဳးထက္ဆုိးက်ိဳးကမ်ားတယ္ေျပာရမွာပါပဲ။ေၾကာက္ေနရင္ ဘာမွအလုပ္မျဖစ္ဘူးေလ။အခက္အခဲေတြကုိျဖတ္ေက်ာ္ရမွာေၾကာက္တယ္ဆုိျပီးရပ္ေနရင္ တစ္သက္လံုးအဲ႔ေနရာမွာပဲရပ္ေနရေတာ့မွာပါ။ျပီးေတာ့ ဘယ္လိုအေၾကာက္လြန္ေရာဂါမ်ိဳးကုိမဆုိေသခ်ာထိန္းခ်ဳပ္ကုသလုိ႔ရပါတယ္ 😉ကုိယ့္ရဲ႔အေၾကာက္လြန္ေရာဂါက ကုိယ့္ဘ၀တုိးတက္မႈကုိအေႏွာင့္အယွက္မျဖစ္ပါေစနဲ႔ 💌

Unicode

Phobia ဆိုတဲ့အကြောက်လွန်ရောဂါတစ်မျိုး သင့်မှာရှိနေပြီလား?Phobia ဆိုတာ စိတ်ဖိစီးမှုတစ်မျိုးပါ။မဖြစ်လာသေးတဲ့အရာတွေကိုကြိုတင်ကြောက်ရွံ့နေတာမျိုး၊နေရာ၊ပစ္စည်း၊တိရစ္ဆာန်တွေကို အလွန်အမင်းကြောက်ရွံ့တတ်ခြင်းစတာတွေက Phobia ပါပဲ။

လေ့လာချက်တွေအရ အမေရိကန်မှာဆိုရင် လူဦးရေ ၁၉သန်းကျော်ဟာ ဒီအကြောက်လွန်ရောဂါကိုခံစားနေရပြီး လူအများစုဟာ Phobia အမျိုးအစားတစ်ခုမက အကြောက်လွန်ရောဂါတွေရှိနေတယ်လို့တွေ့ရပါတယ်။

ကမ္ဘာတစ်ဝန်းလုံးအနှံ့ကလူတွေ အများဆုံးကြုံရခံစားရတတ်တဲ့ အကြောက်လွန်ရောဂါတွေက ဘာတွေလဲဆိုရင်…
Acrophobia – အမြင့်တက်ရတာကြောက်ခြင်း
Arachnophobia – ပင့်ကူသေးသေးလေးကအစ အလွန်အမင်းကြောက်တတ်ခြင်း
Ophidiophobia – မြွေအလွန်ကြောက်တတ်ခြင်း
Agoraphobia – လူအများကြားမှာပိတ်မိမှာ၊အန္တရာယ်ဖြစ်မှာ၊လူအုပ်ကြီးထဲရောပါသွားမှာ ကြောက်တတ်ခြင်း၊အကူအညီမဲ့မှာကြောက်ခြင်း
Mysophobia – ပိုးမွှားများကူးစက်မှာ အလွန်အမင်းထိတ်လန့်ခြင်း
Cynophobia – ခွေးသေးသေးလေးကအစ မြင်တာနဲ့ကြောက်တတ်ခြင်း
Hydrophobia – ရေကြောက်တတ်ခြင်း တို့ပါပဲ။

ဒါတွေအပြင် တော်တော်များများကြုံတွေ့ခံစားရတာတွေက စက်လှေကား၊ဓာတ်လှေကားစီးရမှာစိတ်လှုပ်ရှားကြောက်ရွ့ံတတ်ခြင်း၊အိပ်နေတုန်းမျက်နှာကြက်မှာတပ်ဆင်ထားတဲ့ပန်ကာပြုတ်ကျလာမှာကြောက်ရွံ့တတ်ခြင်း၊မိုးရွာတဲ့အခါ မိုးကြိုးပစ်ခံရမှာကြောက်ရွံ့တတ်ခြင်း၊လေယာဉ်စီးရမှာကြောက်ခြင်းစတဲ့အရာတွေပါပဲ။များသောအားဖြင့် ဒီလိုအကြောက်လွန်ရောဂါခံစားရသူတွေကိုလေ့လာကြည့်မယ်ဆိုရင် ကိုယ်တိုင်ရေနစ်ဖူးလို့ ရေကြောက်တတ်သွားတာမျိုး၊စက်လှေကားမှာခြေထောက်ညှပ်ဖူးလို့ကြောက်နေတာမျိုးမဟုတ်ပဲ တစ်ခြားသူတွေဖြစ်ဖူးတာကိုကြားထားသိထားတာတွေကြောင့် ကိုယ်တိုင်မကြုံဖူးသေးပေမဲ့ကြိုတင်ပြီးကြောက်ရွံ့နေတာပဲဖြစ်ပါတယ်။

နောက်ထပ်ထူးဆန်းတဲ့အကြောက်လွန်ရောဂါတွေလည်းရှိပါသေးတယ်။
*ဆဲလ်ဖုန်းမသုံးရမှာ၊ဖုန်းမရှိပဲနေရမှာ ကြောက်တတ်ခြင်း
*ရှည်လျားတဲ့စကားလုံးတွေကိုကြောက်တတ်ခြင်း
*ဘယ်ဘက်မှာနေရတာကြောက်တတ်ခြင်း
*ညာဘက်မှာနေရတာကြောက်တတ်ခြင်း
*သတင်းကောင်းကြားရမှာ ကြောက်တတ်ခြင်း
*Phobia ရောဂါခံစားရမှာကိုကြောက်တတ်ခြင်း
*အရောင်တွေကိုကြောက်တတ်ခြင်း
*အပေါက်တွေကိုကြောက်ရွံ့တတ်ခြင်း စတာတွေကတော့ ထူးဆန်းတဲ့အကြောက်လွန်ရောဂါတွေပေါ့။

ဒီလိုမျိုးစိတ်ထဲကနေဖြစ်ပေါ်လာတဲ့ အလွန်အမင်းကြောက်တတ်စိတ်ကို ဖယ်ရှားပစ်နိုင်ဖို့အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကတော့ ကိုယ်ကြောက်တဲ့အရာကို မကြောက်တော့တဲ့အထိ ထပ်တလဲလဲလေ့ကျင့်ပေးပြီး ထိန်းချုပ်နိုင်အောင်ကြိုးစားဖို့ပါပဲ။
အပေါ်မှာပြောထားခဲ့တဲ့ Phobia တွေထဲက တစ်ခုခုများ သင်တို့မှာရှိနေတယ်ဆိုရင် “AWARE”ဆိုတာလေးသတိရလိုက်ပါ။”AWARE” ဆိုတာ
၁)A – စိတ်ဖိစီးမှုကိုလက်ခံပါ။ပြန်ပြီးတိုက်ခိုက်ဖို့မကြိုးစားပါနဲ့
၂)W- စိတ်ဖိစီးမှုကို သေချာစောင့်ကြည့်ပါ။သင့်ရဲ့ကြောက်စိတ်က ဘယ်အဆင့်မှာလဲ၊ထိန်းချုပ်နိုင်တဲ့အဆင့်မျိုးလား၊လုံးဝပြာထွက်သွားတဲ့အဆင့်မျိုးလား။အသက်ကိုဖြည်းဖြည်းချင်းရှုပြီးစောင့်ကြည့်ပါ။
၃)A- ပုံမှန်အတိုင်းပြုမူနိုင်အောင်ကြိုးစားပါ။ကြောက်စိတ်ဖြစ်ပေါ်လာရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။အဲ့လိုမဖြစ်ပဲသတိလေးကပ်ပြီးတစ်ခြားသူတွေလိုပုံမှန်အတိုင်းပြုမူပါ။
၄)R- လိုအပ်ရင် လိုအပ်သလောက် စိတ်ထဲကကြောက်လန့်စိတ်လျော့နည်းတဲ့အထိ၊ပြေပျောက်တဲ့အထိ၊ရင်ဆိုင်နိုင်ပြီဆိုတဲ့အထိ လေ့ကျင့်ပါ (စက်လှေကားစီးရမှာကြောက်တယ်ဆိုရင် ကိုယ်ယုံကြည်အားကိုးရတဲ့လူတစ်ယောက်နဲ့အရင်ဆုံးအတူစီးကြည့်ပါ။ဒီလိုနဲ့ တဖြည်းဖြည်းချင်း ကိုယ်တစ်ယောက်တည်းစီးရဲလာတဲ့အထိလေ့ကျင့်ပါ)
၅)E- အကောင်းဆုံးကိုမျှော်လင့်ပါ (စိတ်ဓာတ်မကျပါနဲ့။ဒီကြောက်စိတ်ကိုဖယ်ထုတ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့ မျှော်လင့်ချက်ထားပါ)

အကြောက်လွန်တယ်ဆိုတာ ဘယ်ဘက်ကကြည့်ကြည့် ကောင်းကျိုးထက်ဆိုးကျိုးကများတယ်ပြောရမှာပါပဲ။ကြောက်နေရင် ဘာမှအလုပ်မဖြစ်ဘူးလေ။အခက်အခဲတွေကိုဖြတ်ကျော်ရမှာကြောက်တယ်ဆိုပြီးရပ်နေရင် တစ်သက်လုံးအဲ့နေရာမှာပဲရပ်နေရတော့မှာပါ။ပြီးတော့ ဘယ်လိုအကြောက်လွန်ရောဂါမျိုးကိုမဆိုသေချာထိန်းချုပ်ကုသလို့ရပါတယ် 😉ကိုယ့်ရဲ့အကြောက်လွန်ရောဂါက ကိုယ့်ဘဝတိုးတက်မှုကိုအနှောင့်အယှက်မဖြစ်ပါစေနဲ့ 💌

101 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.