“Miss Baek” ဇာတ်ကားမှာ တကယ်အရက်သောက်ပြီး ရိုက်ခဲ့ရကြောင်းပြောပြလာတဲ့ Han Ji Min

“Miss Baek” ဇာတ်ကားအတွက် သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ စက်တင်ဘာ ၁၁ရက်နေ့မှာ
ကျင်းပခဲ့ပြီး ဒါရိုက်တာ Lee Ji Won နဲ့ သရုပ်ဆောင်များဖြစ်တဲ့ Han Ji Min , Kim Si Ah , Lee HeeJoon တို့ တက်ရောက်ခဲ့ကြပါတယ်။

“Miss Baek” ဇာတ်ကားဟာ ခိုးမှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသမီး သူမကိုယ်သူမ ဘယ်လိုကာကွယ်သွားမလဲဆိုတာကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးရင်းနဲ့ကြုံတွေ့ခဲ့ရတဲ့ စိတ်ဝင်စားစရာကောင်းတဲ့အရာလေးတွေကို မင်းသမီး Han Ji Minက ပြန်လည်မျှဝေခဲ့ပါတယ်။

Related image

” အရက်မူးနေတဲ့လူတစ်ယောက်လို ပီိပြင်အောင် သရုပ်ဆောင်ဖို့ဆိုတာ ကိုယ်တိုင်ကလည်း အရက်မူးနေဖို့လိုမယ်ထင်တယ်။ ဒါကြောင့် ဒီဇာတ်ဝင်ခန်းမရိုက်ကူးခင်မှာ ကျွန်မ အရက်သောက်ထားလိုက်တယ်။ မပီပြင်မှာစိုးရိမ်လို့ ဒီဇာတ်ကားအတွက် ကျွန်မတကယ် အရက်သောက်ခဲ့ပါတယ် ”

ကြည့်ရှုတဲ့ ပရိတ်သတ်တွေလည်း တကယ့်အစစ်မှန်လိုခံစားရမယ်။ ဒီအပိုင်း ရိုက်နေရင်းနဲ့ မူးနေတဲ့အချိန်ဟာ တကယ်ပဲဟန်ချက်ညီခဲ့တယ်လို့ Han Ji Minက ဆိုပါတယ်။ မင်းသမီးကို ဒီဇာတ်ကားမှာ တစ်ခါမှမမြင်ဖူးတဲ့ ဇာတ်ရုပ်မျိုးနဲ့ ကြည့်ရှုရတော့မှာဖြစ်တဲ့အတွက် ပရိတ်သတ်တွေကလည်း အရမ်းကိုစိတ်လှုပ်ရှားနေကြပါပြီ။ အောက်တိုဘာ ၁၁ရက်နေ့မှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။ လတ်တလောသူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ” Familiar Wife” ဇာတ်ကားလေးကိုလည်း အားပေးဖို့ မမေ့ကြနဲ့ဦးနော်

123 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.