လောကကြီးရဲ့တစ်တောင့်တစ်နေရာမှာကိုယ်လုံးဝမထင်ထားတဲ့အရာတွေရှိနေတတ်ပါတယ်….😒

ဝုန်းဆိုပြီး ကိုယ်မထင်ထားတဲ့ကိစ္စတွေချက်ချင်းကြီးပေါ်လာတာမျိုးရှိလား…ကိုယ့်မထင်ထားတဲ့အရာတွေ ကိုယ်မမျှော်ထားတဲ့သူတွေကိုယ်မထင်ထားတဲ့ အရာမျိုးစုံတွေကို ချက်ချင်းကြီးကြုံလာတဲ့အခါ ခံနိုင်ရည်မရှိပဲအရုပ်ကြိုးပြတ်ဖြစ်သွားတတ်ကြပါတယ်။ ဒီလိုအခြေနေမျိုးကို ကြုံဖူးတဲ့
သူတွေကောင်းကောင်းနားလည်မှာပါ။ ကိုယ်ထင်ထားသလိုဖြစ်မလာတာထက် ကိုယ်မထင်ထားတဲ့အရာတွေဖြစ်လာတာက ပိုပြီးShock ဖြစ်စေပါတယ်။

အထူးသဖြင့်ချက်ချင်းကြီး ဖြစ်သွားတာမျိုးတွေက ပိုပြီးစိတ်ရောလူကိုပါအလန့်တကြားတွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ခံစားရတဲ့အချိန်မှာ လုံးဝကြီး အရမ်းတွေခံစားသွားရတာ
မျိုးလည်းမဖြစ်အောင်ဘယ်လိုအခြေနေမျိုးကိုပဲဖြစ်ဖြစ် ပုံမှန်လေးစိတ်သွင်းထားတာပဲကောင်းပါတယ်။ ပြောချင်တာက ပျော်ရတယ် ဆိုတဲ့နေရာမှာလည်းအတိုင်းတာတစ်ခုထိလွှတ်ပျော်လိုက်ပြီးရှင်းအဲ့နေရာမှာပဲထားခဲ့ပါ၊ စိတ်ညစ်စရာဆိုလည်းခဏဆွေးလိုက်ပြီးရင်ပစ်
ချခဲ့လိုက်ပါ။

ကိုယ်ချစ်ရမဲ့သူတွေဆိုလည်းချစ်လိုက်ပြီးရင်ဘာကြီးကိုမှပြန်မျှော်လင့်မနေပါနဲ့။ ကိုယ့်ကိုယ်ချစ်တဲ့သူတွေရဲ့အချစ်ကိုလည်းအသိမှတ်ပြုလိုက်ဒါပင်မဲ့သူတို့ငါ့အပေါ်အမြဲချစ်နေမှဖြစ်မယ်ဆိုတဲ့အတ္တကြီးတွေမထားပါနဲ့…ဒီလိုစိတ်ထားရင်သင်တကယ်ကြီးအေးချမ်းသွားမှာပါ။ ဒီလိုမဟုတ်ပဲ အရာရာတိုင်းပေါ်လိုက်ခံစားရင်း ကိုယ့်အပေါ်ကောင်းလှပါချည်ရဲ့ဆိုတဲ့သူတွေဆီကဥပေက္ခာရတဲ့အခါ မထင်ထားမှတ်လိုက်တာကြောင့်အကြီးကြီးခံစားသွားရစေမှာအသေချာပါပဲ။

186 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.