တစ်လောကလုံးက ဝိုင်းတိုက်ခိုက်နေချိန်မှာ Hyunဘက်က ရပ်တည်ပေးခဲ့တဲ့ Jessi

သူငယ်ချင်းကောင်းဆိုတာ အောင်မြင်ချိန်ပဲဖြစ်ဖြစ် ကျရှုံးချိန်ပဲဖြစ်ဖြစ် အတူတူရှိနေပေးတဲ့သူမျိုးပါ။
ပွဲဦးထွက်ချိန်မှစ အနုပညာသက်တမ်းတစ်လျှောက်လုံး အောင်မြင်လာခဲ့တဲ့ Hyuna တစ်ယောက်
အခုချိန်မှာတော့ ဝိုင်းတိုက်ခိုက်မှုတွေခံနေရပါပြီ။ သူမအတွက် အရမ်းခက်ခဲနေတဲ့ အခုလိုချိန်မှာ
သူငယ်ချင်းလေး Jessi က သူမအတွက် ရပ်တည်ပေးခဲ့တယ်။

hyuna-jessi

Hyuna အခုတိုက်ခိုက်ခံနေရတာကတော့ သူမရဲ့လတ်တလော ဒိတ်ကိစ္စပါ။ သဘောတူတဲ့လူတွေလည်းရှိသလို သဘောမတူနိုင်တဲ့လူတွေကတော့ ထုံးစံအတိုင်း လိုက်တိုက်ခိုက်တာပါ့။ Jessi က ဒါကိုပြောပြခဲ့တာပါ။

Hyuna လည်း လူသားထဲက လူပဲ။ သူချစ်တဲ့လူနဲ့ ကြိုက်သလို ဒိတ်လုပ်နိုင်တယ်။ ဒါဟာ သူ့ဆုံးဖြတ်ပိုင်ခွင့်နဲ့ သူရွေးချယ်တဲ့ ဘဝမို့ သူမရဲ့အနုပညာကို ဆက်အားပေးချင်တဲ့လူတွေကတော့ အားပေးနိုင်တယ်။ ဒါပေမယ့် personal life ကိုတော့မစွပ်ဖက်ဖို့ Jessi က အမုန်းခံပြီး haters တွေကို ပြန်ဖိုက်လိုက်ပါတယ်။

Image result for Jessi Stands Up For HyunA When Haters Attack Her Looks

” သူမလည်း ကလေးမဟုတ်တော့ဘူးလေ။ ကိုယ်ပိုင်ဘ​ဝတစ်ခုမှာ ကိုယ်ချစ်ရတဲ့လူနဲ့ တည်မြဲအောင်နေသင့်နေပြီမလား။ ဒါကြောင့် ချစ်တဲ့လူနဲ့ ဒိတ်ခွင့်ပေးလိုက်ကြပါလား ရှင် ” လို့ Live ဗီဒီယိုမှာပြောသွားပါတယ်။

Image result for Jessi and HyunA

အင်စတာဂရမ်မှာလည်း haters တွေက လိုက်တိုက်ခိုက်နေတာကို Jessi က ထပ်မံကယ်ထုတ်ခဲ့ပါတယ်။ ဒီလို strong ဖြစ်တဲ့သူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားတဲ့ Hyuna အရမ်းကံကောင်းပါတယ်။

285 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.