ကိုယ္႔ေဘးနားမွာဘယ္သူမွမရွိဘူးလို႕ခံစားျပီးအထီးက်န္လာတဲ႔အခါ…😥

ေလာကျကီးမွာ ဘယ္အရာမွျမဲတယ္မရွိပါဘူး။ လူရယ္လို႕စျဖစ္လာကတည္းက တစ္ေယာက္တည္းမလို႕ အဖြဲ႕စည္းေတြ အသိုက္ျမံဳေတြနဲ႕လည္းေနတတ္ရသလို တစ္ခါတစ္ရံမွာတစ္ေယာက္တည္းလည္းေနတတ္ဖို႕ေလ႔က်င္႔ထားရပါမယ္။ ကိုယ္႔ဒူးေတာင္ကိုယ္မပိုင္တဲ႔ ေလာကျကီးမွာ ဘယ္သူ႕ကိုမဆုိ ဘယ္အရာေတြကိုမဆိုတစ္သတ္လံုးပိုင္ဆုိင္ေနရမယ္၊ အခ်ိန္ျပည္႔ပိုင္ဆုိင္ေနရမယ္လို႕တစ္သတ္မတ္ျကီးေတြးထားလို႕လည္းမရျပန္ပါဘူး(လံုး၀လို႕မဆိုလိုဘူးေနာ္ ပိုင္ဆုိင္ေကာင္းပိုင္ဆိုင္နိုင္ပါတယ္) ဒါပင္မဲ႔တစ္သတ္မတ္ေတာ႔ေတြးထားလို႕မရပါတူး။ မိသားစုပဲျဖစ္ျဖစ္ ဇနီးမယားခင္ပြန္း သားသမီးပဲျဖစ္ျဖစ္ ခ်စ္သူရည္းစားသူငယ္ခ်င္းပဲျဖစ္မေနေစအံုးေတာ႔ ကိုယ္႔အနားကထြက္သြားတတ္တာေပ်ာက္သြားတတ္တာ၊ မထင္မွတ္ပဲ ကိုယ္႔ဘ၀ထဲေသဆံုးသြားတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ဒါေျကာင္႔ ကိုယ္တစ္ေယာက္တည္းလို႕ခံစားနရျပီးသိပ္ကိုအထီးက်န္ဆန္ေနတဲ႔အခ်ိန္မွာ ဒီလုိအရာမ်ိဳးေလးေတြနဲ႕ကိုယ္႔ကိုယ္ကိုယ္ေျဖသိမ္႔ပါ…
(၁) ဘုရားတရားမ်ားမ်ားလုပ္ပါ
အထီးက်န္မွဘုရားတတယ္လုိ႕အေျပာခံရလည္းခံရပါေစ၊ ကိုယ္႔ရဲ႕အထီးက်န္၀မ္းနည္းတဲ႔စိတ္ကိုေျဖသိမ္႔ ေပးနုိင္ ေအးခ်မ္းေပးနုိင္တာဆိုလုိ႕ဘုရားတရားပဲရွိပါတယ္။ ဒါေျကာင္႔ ဘုရားတရားမ်ားမ်ားလုပ္ပါ။
(၂) ကိုယ္႔အလုပ္မွာကိုယ္စိတ္ဖိလိုက္ပါ
ကိုယ္႔အလုပ္၊ ကိုယ္ကၽြမ္းက်င္တဲ႔အပိုင္းေတြမွာ စိတ္ကိုပိုျပီးဖိစီးထားလုိက္ရင္ အထီးက်န္မႈေတြကို အနည္းငယ္ေတာ႔ေလ်ာ႔က်သြားနုိင္မွာအေသခ်ာပါပဲ။ ကိုုယ္ကၽြမ္းက်င္တာေတြကိုလုပ္ေနေတာ႔ကိုယ္႔ကိုယ္ကိုယ္လည္းပိုအားတတ္လာေစပါတယ္။
(၃) ကိုယ္႔ကိုယ္ကိုယ္အထီးမက်န္ေအာင္ေနပါ
ကိုယ္သေဘာက်တဲ႔အရာေတြကို လုပ္ျပီးကိုယ္႔စိတ္ထဲကအတုိင္းလြတ္လြတ္လပ္လပ္ေနလုိက္ပါ။ ဘယ္သူမွမရွိဘူးဆိုတဲ႔ခံစားခ်က္ထက္ငါ႔အတြက္ငါရွိတယ္ဆိုတဲ႔အေတြးမ်ိဳးနဲ႕ရပ္တည္ပါ။
(၄) စားခ်င္တာေတြကို ကိုယ္တုိင္ဖန္တီးစားပါ
ကိုယ္စိတ္ရွိတဲ႔စားခ်င္တာေတြကို ကိုယ္တုိင္ခ်က္ျပဳတ္ဖန္တီးပါ။ လုပ္တတ္တတ္မလုပ္တတ္တတ္စိတ္ထြက္ေပါက္အေနနဲ႕လုပ္ျကည္႔ပါ။
(၅)ခရီးထြက္ပါ
ခရီးထြက္တာဟာ စိတ္ေရာလူေရာကို လန္းဆန္းေစတာအေသခ်ာပါပဲ။ ကိုယ္႔ကိုယ္ကိုယ္လည္းပိုျပီးယံုျကည္မႈရွိလာနုိင္သလို ေနရာအသစ္မွာမိတ္ေဆြအသစ္ေတြရျပီးအထီးက်န္တယ္လုိ႕မခံစားရေစေတာ႔ပါဘူး။
(၆) စာဖတ္ပါ
စာဖတ္ျခင္းကအေကာင္းဆံုးအထီးက်န္သက္သာေစတဲ႔အေဖာ္မြန္ပါပဲ။ ကိုယ္႔ရဲ႕အထီးက်န္တဲ႔အခ်ိန္ေတြကို စာဖတ္ျခင္းနဲ႕ေကာင္းမြန္စြာအေဖာ္ျပဳလုိက္ပါ။

Unicode

လောကကြီးမှာ ဘယ်အရာမှမြဲတယ်မရှိပါဘူး။ လူရယ်လို့စဖြစ်လာကတည်းက တစ်ယောက်တည်းမလို့ အဖွဲ့စည်းတွေ အသိုက်မြုံတွေနဲ့လည်းနေတတ်ရသလို တစ်ခါတစ်ရံမှာတစ်ယောက်တည်းလည်းနေတတ်ဖို့လေ့ကျင့်ထားရပါမယ်။ ကိုယ့်ဒူးတောင်ကိုယ်မပိုင်တဲ့ လောကကြီးမှာ ဘယ်သူ့ကိုမဆို ဘယ်အရာတွေကိုမဆိုတစ်သတ်လုံးပိုင်ဆိုင်နေရမယ်၊ အချိန်ပြည့်ပိုင်ဆိုင်နေရမယ်လို့တစ်သတ်မတ်ကြီးတွေးထားလို့လည်းမရပြန်ပါဘူး(လုံးဝလို့မဆိုလိုဘူးနော် ပိုင်ဆိုင်ကောင်းပိုင်ဆိုင်နိုင်ပါတယ်) ဒါပင်မဲ့တစ်သတ်မတ်တော့တွေးထားလို့မရပါတူး။ မိသားစုပဲဖြစ်ဖြစ် ဇနီးမယားခင်ပွန်း သားသမီးပဲဖြစ်ဖြစ် ချစ်သူရည်းစားသူငယ်ချင်းပဲဖြစ်မနေစေအုံးတော့ ကိုယ့်အနားကထွက်သွားတတ်တာပျောက်သွားတတ်တာ၊ မထင်မှတ်ပဲ ကိုယ့်ဘဝထဲသေဆုံးသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်တစ်ယောက်တည်းလို့ခံစားနရပြီးသိပ်ကိုအထီးကျန်ဆန်နေတဲ့အချိန်မှာ ဒီလိုအရာမျိုးလေးတွေနဲ့ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ပါ…
(၁) ဘုရားတရားများများလုပ်ပါ
အထီးကျန်မှဘုရားတတယ်လို့အပြောခံရလည်းခံရပါစေ၊ ကိုယ့်ရဲ့အထီးကျန်ဝမ်းနည်းတဲ့စိတ်ကိုဖြေသိမ့် ပေးနိုင် အေးချမ်းပေးနိုင်တာဆိုလို့ဘုရားတရားပဲရှိပါတယ်။ ဒါကြောင့် ဘုရားတရားများများလုပ်ပါ။
(၂) ကိုယ့်အလုပ်မှာကိုယ်စိတ်ဖိလိုက်ပါ
ကိုယ့်အလုပ်၊ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းတွေမှာ စိတ်ကိုပိုပြီးဖိစီးထားလိုက်ရင် အထီးကျန်မှုတွေကို အနည်းငယ်တော့လျော့ကျသွားနိုင်မှာအသေချာပါပဲ။ ကိုုယ်ကျွမ်းကျင်တာတွေကိုလုပ်နေတော့ကိုယ့်ကိုယ်ကိုယ်လည်းပိုအားတတ်လာစေပါတယ်။
(၃) ကိုယ့်ကိုယ်ကိုယ်အထီးမကျန်အောင်နေပါ
ကိုယ်သဘောကျတဲ့အရာတွေကို လုပ်ပြီးကိုယ့်စိတ်ထဲကအတိုင်းလွတ်လွတ်လပ်လပ်နေလိုက်ပါ။ ဘယ်သူမှမရှိဘူးဆိုတဲ့ခံစားချက်ထက်ငါ့အတွက်ငါရှိတယ်ဆိုတဲ့အတွေးမျိုးနဲ့ရပ်တည်ပါ။
(၄) စားချင်တာတွေကို ကိုယ်တိုင်ဖန်တီးစားပါ
ကိုယ်စိတ်ရှိတဲ့စားချင်တာတွေကို ကိုယ်တိုင်ချက်ပြုတ်ဖန်တီးပါ။ လုပ်တတ်တတ်မလုပ်တတ်တတ်စိတ်ထွက်ပေါက်အနေနဲ့လုပ်ကြည့်ပါ။
(၅)ခရီးထွက်ပါ
ခရီးထွက်တာဟာ စိတ်ရောလူရောကို လန်းဆန်းစေတာအသေချာပါပဲ။ ကိုယ့်ကိုယ်ကိုယ်လည်းပိုပြီးယုံကြည်မှုရှိလာနိုင်သလို နေရာအသစ်မှာမိတ်ဆွေအသစ်တွေရပြီးအထီးကျန်တယ်လို့မခံစားရစေတော့ပါဘူး။
(၆) စာဖတ်ပါ
စာဖတ်ခြင်းကအကောင်းဆုံးအထီးကျန်သက်သာစေတဲ့အဖော်မွန်ပါပဲ။ ကိုယ့်ရဲ့အထီးကျန်တဲ့အချိန်တွေကို စာဖတ်ခြင်းနဲ့ကောင်းမွန်စွာအဖော်ပြုလိုက်ပါ။

615 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.