ရှုပ်ထွေးလွန်းတဲ့ အချစ်မှာ အတ္တကို ရှေ့တန်းတင်မိရင်

အချစ်ဆိုတဲ့ အရာကတော့ ရှုပ်ထွေးလွန်းလို့ ဘယ်အရာမှ တကယ့်အချစ်စစ် ၊ အချစ်မှန်လဲဆိုပြီး
အဓိပ္ပာယ်မဖွင့်ချင်တော့ပါဘူး။ လူဆိုတာ ကိုယ်စီအတ္တတွေနဲ့ ကိုယ်မှန်တယ်ထင်ရင် ခေါင်းမာတတ်ကြတဲ့ အမျိုးတွေပါပဲ။ နောက်ဆုံးတော့ ငါဟာတစ်ယောက်တည်းပါလားဆိုတာ လက်ခံယူရမှာပါ။

နှမြောဖို့ကောင်းတာကတော့ ဒီလူဟာ မင်းအတွက်မှန်ကန်တဲ့ လက်တွဲဖော်လို့ ထင်နေပြီး သူ့အတွက် အချိန်တွေဖြုန်းမှန်းမသိ ဖြုန်းနေမိခဲ့တာပါပဲ။ တစ်ခါတစ်လေ မင်းဟာ သူ့အပေါ် တကယ်ချစ်ရဲ့လား ၊ မင်းရဲ့အတ္တကြောင့်လား ဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးသင့်ပါတယ်။

မသိစိတ်နဲ့ သိစိတ်က လွန်ဆွဲနေတတ်ပါတယ်။ သူ့ကိုချစ်တယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်
တမ်းမှာ မင်းရဲ့လိုအပ်ချက်ကြောင့်ဆိုတာဖြစ်နေတတ်တယ်။ သူဟာ မင်းအပေါ်ဘယ်လောက်ဖြည့်ဆည်းပေးမလဲ၊ ဘယ်လောက်အချိန်ပေးမလဲဆိုတဲ့ အပေါ်မှာပဲသာယာနေပြီး မင်းဘက်က သူ့အပေါ် ပြန်ပြီးပေးဆပ်မှုမရှိတဲ့အခါ အပေးယူမမျှတတော့ဘူး။

Image result for broken couplee

လူတစ်ယောက်ရဲ့စိတ်ဆိုတာ အမျိုးမျိုးပြောင်းလဲနိုင်တယ်။ သူ့ကိုဘာလုပ်ရမယ်၊ ဘာဖြစ်ရမယ် ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ မင်းလိုက်မထိန်းချုပ်နိုင်ပါဘူး။ ချစ်ရင် ကိုယ့်ဘက်ကအကောင်းဆုံး ပေးဆပ်နိုင်ဖို့ပဲ စဉ်းစားပါ။ သူက မင်းအပေါ် သည်းမခံနိုင်တဲ့ ကိစ္စမျိုးတွေလုပ်လာတယ်။ ဒါကို လက်ခံမလား ။ လက်မခံနိုင်ဘူးလား ။ဒါဆို ကိုယ့်လမ်း ကိုယ်လျှောက်ဖို့သာစဉ်းစားပါ။ အသည်းကွဲလို့ မျက်ရည်ကျတာ တစ်ခါတည်းပဲ။ သူ့ကိုချစ်လို့ဆိုပြီး ကိုယ့်အတ္တကိုယ် အလိုလိုက်မိရင်တော့ အကြိမ်ကြိမ်အခါခါ မင်းငိုနေရမှာပါပဲ။

Related image

သူသာ တကယ်ချစ်ခဲ့မယ်ဆိုရင် မင်းရဲ့စိတ်ခံစားချက်တွေကို သူဂရုစိုက်မှာပါ။ ဘယ်သူမှ ကိုယ့်ကြောင့်မျက်ရည်ကျတာကို စိတ်ကောင်းမှာတော့မဟုတ်ဘူးလေ။ ဒီလောက်ထိ ခံစားရတာတောင်
ဘာမှမဖြစ်သလို အေးတိအေးစက်နေနိုင်တဲ့သူကို စိတ်ဆင်းရဲခံပြီး ဆက်တွဲမလား။ ဒီတော့ ကိုယ့်လမ်းကိုယ်ဖောက်ပြီး အနာဂတ်တွေကို မှေးမှိန်အောင် ဆက်မလုပ်ပါနဲ့တော့။ အချစ်စစ်ဆိုတာ
ဒီခေတ်ကြီးထဲ တကယ်ရှိ ၊ မရှိဆိုတာကတော့ ဝိုးတိုးဝါးတားပါပဲ။

768 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.