ပါးခိ်ဳင့္လွလွေလးေတြပုိင္ဆုိင္ထားတာ ဒါေတြေၾကာင့္ပါ 🧡

Trend ပရိသတ္ေတြထဲမွာ ပါးခ်ိဳင့္ပါတဲ႔သူေလးေတြမ်ားရွိလား?အခု ပါးခ်ိဳင့္ေလးေတြပါတာ ဘာလုိ႔လဲဆုိတဲ႔အေၾကာင္းကုိ ဗဟုသုတအေနနဲ႔ျပန္ျပီးေျပာျပ မ်ွေ၀သြားမွာျဖစ္လို႔ ကုိယ့္မွာ ပါးခ်ိဳင့္ေလးပါေနတယ္ဆုိ သိထားသင့္တယ္ေနာ္ 😉

ပထမဆံုးေျပာခ်င္တာကေတာ့ ပါးခ်ိဳင့္ေလးေတြက အေမြရတာပါတဲ႔။ကုိယ့္ရဲ႔အစဥ္အဆက္မ်ိဳးရိုးထဲမွာ ပါးခ်ိဳင့္ပါတဲ႔သူေတြရွိရင္ အေမြအျဖစ္ မ်ိဳးဆက္တစ္ဆက္ကေနတစ္ဆက္ အေမြလြႊဲေပးတာပါ။တစ္ခ်ိဳ႔ကေတာ့ ပါးႏွစ္ဖက္လံုးမွာ ပါးခ်ိဳင့္ေလးေတြပါၾကတယ္။တစ္ခ်ိဳ႔ကေတာ့တစ္ဖက္ပဲ ပါးခ်ိဳင့္ပါတယ္။ပါးခ်ိဳင့္တစ္ခုပဲပါတာက ပုိျပီးရွားပါးပါတယ္။ကုိယ့္မိဘႏွစ္ပါးထဲက တစ္ေယာက္မွာပဲ ပါးခ်ိဳင့္ပါမယ္ဆုိရင္ ကုိယ့္မွာ ပါးခ်ိဳင့္ပါလာဖုိ႔ ၅၀ရာခုိင္ႏႈန္းရွိျပီး မိဘႏွစ္ပါးလံုးမွာ ပါးခိ်ဳင့္ပါတယ္ဆုိရင္ေတာ့ ကုိယ့္မွာလည္းပါးခိ်ဳင့္ပါလာဖုိ႔ ၅၀ရာခိုင္ႏႈန္းထက္မက ပိုမ်ားပါတယ္။

ဒီလုိပါးခ်ိဳင့္ေလးေတြပါတာနဲ႔ပတ္သက္လုိ႔ တစ္ခ်ိဳ႔က ျပံဳးလုိက္တဲ႔အခါ ပါးခ်ိဳင့္ေလးေပၚေနရင္ ကံေကာင္းတယ္လုိ႔ေျပာၾကျပီး ျပံဳးတဲ႔အခ်ိန္မွာေရာစကားေျပာတဲ႔အခ်ိန္မွာပါ ပါးခ်ိဳင့္ရာေပၚေနရင္ကံမေကာင္းဘူးဆုိျပီးေျပာၾကပါတယ္။ဘယ္လုိပဲျဖစ္ျဖစ္ တစ္ခုကေတာ့ေသခ်ာပါတယ္။ပါးခ်ိဳင့္ေလးေတြကကုိယ့္ကုိပိုျပီးလွပေစတယ္မဟုတ္လား။ျပံဳးလိုက္ရင္ခ်စ္စရာေကာင္းေနျပီး မ်က္ႏွာေလးက တစ္ျခားသူေတြထက္ပုိျပီးေပၚလြင္ေနေစပါတယ္။ယူတုိ႔သတိထားမိမယ္ဆုိရင္ ေဟာလိ၀ုဒ္အႏုပညာရွင္ ၆၀ရာခိုင္ႏႈန္းေလာက္က ပါးခ်ိဳင့္ေလးေတြပါၾကတာေတြ႔မွာပါ။တကယ္လုိ႔ ယူတုိ႔မွာပါးခ်ိဳင့္ေလးပါတယ္ဆုိရင္ ဂုဏ္ယူလိုက္ပါ။မပါဘူးဆုိလည္းကိစၥမရွိပါဘူးေန္ာ Just Keep Smiling ပါ။ပါးခ်ိဳင့္ပါပါ မပါပါ ျပံဳးလိုက္ရင္ကုိခ်စ္ဖုိ႔ေကာင္းၾကတာ ကုိယ္တုိ႔မိန္းကေလးေတြပါပဲ 🤭

ဒါေပမဲ႔ တကယ့္တကယ္သိပၸံနည္းက်ေျပာရမယ္ဆုိရင္ ပါးခ်ိဳင့္ေလးေတြက မ်က္ႏွာၾကြက္သားအစိတ္အပိုင္းခ်ိဳ႔ယြင္းခ်က္ေၾကာင့္ပါပဲတဲ႔။ပံုမွန္ဆုိရင္တစ္စုတစ္စည္းတည္းျဖစ္ေနရမယ့္ၾကြက္သားထဲက ခြဲထြက္လာတဲ႔ၾကြက္သားအစိတ္အပိုင္းတစ္ခုဟာ ပါးမွာ အခ်ိဳင့္ေလးျဖစ္သြားေစတာပါ။ျပံဳးလုိက္တဲ႔အခါ ခြဲထြက္ေနတဲ႔ၾကြက္သားက အေရျပားကုိဆြဲလုိက္သလိုုျဖစ္သြားျပီး ပါးခ်ိဳင့္ေလးေပၚလာ
ေစတာပဲျဖစ္ပါတယ္။ဒါေပမဲ႔လည္း ပါးခ်ိဳင့္ဆုိတာ အလွအပနဲ႔ခ်စ္စရာေကာင္းျခင္းရဲ႔ အမွတ္အသားတစ္ခုျဖစ္ေနတုန္းပါပဲ။

ၾကြက္သားခ်ိဳ႔ယြင္းခ်က္ေၾကာင့္ဆုိေတာ့အႏၱရာယ္ရွိလားေမးရင္ အႏၱရာယ္မရွိပါဘူး။ခြဲစိတ္ျပဳျပင္ထားတာမဟုတ္ပဲ ေမြးရာပါ ပါးခ်ိဳင့္ေလးေတြက ေသခ်ာေပါက္ကုိ အလွအပသေကၤတတစ္ခုပါ။ျပီးေတာ့ က်န္းမာေရးနဲ႔ပတ္သက္လို႔သတိလည္းေပးႏုိင္ပါေသးတယ္။မ်က္ႏွာမွာ မလိုအပ္တဲ႔အဆီေတြ
အရမ္းမ်ားေနရင္ပါးခ်ိဳင့္ေလးေတြေပၚလာတတ္ပါတယ္တဲ႔။ကုိယ့္မွာအရင္ကပါးခ်ိဳင့္မရွိေပမဲ႔ရုတ္တရက္ၾကီးပါးခ်ိဳင့္ေပၚလာတယ္ဆုိတာ မလိုအပ္တဲ႔အဆီေတြမ်က္ႏွာမွာစုေနလုိ႔ပါ။

တစ္ခ်ိဳ႔ဆုိရင္ပါးခ်ိဳင့္ေလးေတြလိုခ်င္လို႔ ခြဲစိတ္ျပဳျပင္ၾကတာပါ။ဒါေၾကာင့္ ျပဳျပင္မထားရပါပဲ သင့္မွာ ပါးခ်ိဳင့္လွလွေလးေတြရွိေနမယ္ဆုိရင္ ခ်စ္စဖြယ္အျပံဳးေလးေတြမၾကာခဏျပံဳးေပးဖုိ႔မေမ့နဲ႔ေနာ္ 😍

Unicode

Trend ပရိသတ်တွေထဲမှာ ပါးချိုင့်ပါတဲ့သူလေးတွေများရှိလား?အခု ပါးချိုင့်လေးတွေပါတာ ဘာလို့လဲဆိုတဲ့အကြောင်းကို ဗဟုသုတအနေနဲ့ပြန်ပြီးပြောပြ မျှဝေသွားမှာဖြစ်လို့ ကိုယ့်မှာ ပါးချိုင့်လေးပါနေတယ်ဆို သိထားသင့်တယ်နော် 😉

ပထမဆုံးပြောချင်တာကတော့ ပါးချိုင့်လေးတွေက အမွေရတာပါတဲ့။ကိုယ့်ရဲ့အစဉ်အဆက်မျိုးရိုးထဲမှာ ပါးချိုင့်ပါတဲ့သူတွေရှိရင် အမွေအဖြစ် မျိုးဆက်တစ်ဆက်ကနေတစ်ဆက် အမွေလွွှဲပေးတာပါ။တစ်ချို့ကတော့ ပါးနှစ်ဖက်လုံးမှာ ပါးချိုင့်လေးတွေပါကြတယ်။တစ်ချို့ကတော့တစ်ဖက်ပဲ ပါးချိုင့်ပါတယ်။ပါးချိုင့်တစ်ခုပဲပါတာက ပိုပြီးရှားပါးပါတယ်။ကိုယ့်မိဘနှစ်ပါးထဲက တစ်ယောက်မှာပဲ ပါးချိုင့်ပါမယ်ဆိုရင် ကိုယ့်မှာ ပါးချိုင့်ပါလာဖို့ ၅ဝရာခိုင်နှုန်းရှိပြီး မိဘနှစ်ပါးလုံးမှာ ပါးချိုင့်ပါတယ်ဆိုရင်တော့ ကိုယ့်မှာလည်းပါးချိုင့်ပါလာဖို့ ၅ဝရာခိုင်နှုန်းထက်မက ပိုများပါတယ်။

ဒီလိုပါးချိုင့်လေးတွေပါတာနဲ့ပတ်သက်လို့ တစ်ချို့က ပြုံးလိုက်တဲ့အခါ ပါးချိုင့်လေးပေါ်နေရင် ကံကောင်းတယ်လို့ပြောကြပြီး ပြုံးတဲ့အချိန်မှာရောစကားပြောတဲ့အချိန်မှာပါ ပါးချိုင့်ရာပေါ်နေရင်ကံမကောင်းဘူးဆိုပြီးပြောကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုကတော့သေချာပါတယ်။ပါးချိုင့်လေးတွေကကိုယ့်ကိုပိုပြီးလှပစေတယ်မဟုတ်လား။ပြုံးလိုက်ရင်ချစ်စရာကောင်းနေပြီး မျက်နှာလေးက တစ်ခြားသူတွေထက်ပိုပြီးပေါ်လွင်နေစေပါတယ်။ယူတို့သတိထားမိမယ်ဆိုရင် ဟောလိဝုဒ်အနုပညာရှင် ၆ဝရာခိုင်နှုန်းလောက်က ပါးချိုင့်လေးတွေပါကြတာတွေ့မှာပါ။တကယ်လို့ ယူတို့မှာပါးချိုင့်လေးပါတယ်ဆိုရင် ဂုဏ်ယူလိုက်ပါ။မပါဘူးဆိုလည်းကိစ္စမရှိပါဘူးနေ်ာ Just Keep Smiling ပါ။ပါးချိုင့်ပါပါ မပါပါ ပြုံးလိုက်ရင်ကိုချစ်ဖို့ကောင်းကြတာ ကိုယ်တွေမိန်းကလေးတွေပါပဲ 🤭

ဒါပေမဲ့ တကယ့်တကယ်သိပ္ပံနည်းကျပြောရမယ်ဆိုရင် ပါးချိုင့်လေးတွေက မျက်နှာကြွက်သားအစိတ်အပိုင်းချို့ယွင်းချက်ကြောင့်ပါပဲတဲ့။ပုံမှန်ဆိုရင်တစ်စုတစ်စည်းတည်းဖြစ်နေရမယ့်ကြွက်သားထဲက ခွဲထွက်လာတဲ့ကြွက်သားအစိတ်အပိုင်းတစ်ခုဟာ ပါးမှာ အချိုင့်လေးဖြစ်သွားစေတာပါ။ပြုံးလိုက်တဲ့အခါ ခွဲထွက်နေတဲ့ကြွက်သားက အရေပြားကိုဆွဲလိုက်သလိုုဖြစ်သွားပြီး ပါးချိုင့်လေးပေါ်လာ
စေတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း ပါးချိုင့်ဆိုတာ အလှအပနဲ့ချစ်စရာကောင်းခြင်းရဲ့ အမှတ်အသားတစ်ခုဖြစ်နေတုန်းပါပဲ။

ကြွက်သားချို့ယွင်းချက်ကြောင့်ဆိုတော့အန္တရာယ်ရှိလားမေးရင် အန္တရာယ်မရှိပါဘူး။ခွဲစိတ်ပြုပြင်ထားတာမဟုတ်ပဲ မွေးရာပါ ပါးချိုင့်လေးတွေက သေချာပေါက်ကို အလှအပသင်္ကေတတစ်ခုပါ။ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်လို့သတိလည်းပေးနိုင်ပါသေးတယ်။မျက်နှာမှာ မလိုအပ်တဲ့အဆီတွေ
အရမ်းများနေရင်ပါးချိုင့်လေးတွေပေါ်လာတတ်ပါတယ်တဲ့။ကိုယ့်မှာအရင်ကပါးချိုင့်မရှိပေမဲ့ရုတ်တရက်ကြီးပါးချိုင့်ပေါ်လာတယ်ဆိုတာ မလိုအပ်တဲ့အဆီတွေမျက်နှာမှာစုနေလို့ပါ။

တစ်ချို့ဆိုရင်ပါးချိုင့်လေးတွေလိုချင်လို့ ခွဲစိတ်ပြုပြင်ကြတာပါ။ဒါကြောင့် ပြုပြင်မထားရပါပဲ သင့်မှာ ပါးချိုင့်လှလှလေးတွေရှိနေမယ်ဆိုရင် ချစ်စဖွယ်အပြုံးလေးတွေမကြာခဏပြုံးပေးဖို့မမေ့နဲ့နော် 😍

673 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.