Lego ကစားစရာအရုပ်တုံးတွေချည်းအသုံးပြုပြီး တကယ်မောင်းနှင်နိုင်တဲ့ ကားတစ်စီးဖန်တီး

fullsize-lego-car-06.jpg

ရိုးမေးနီးယားလူမျိုးအင်ဂျင်နီယာတစ်ယောက်ဟာ အရုပ်ဆက်တဲ့ကစားစရာအတုံး ၅၀၀၀၀၀ (ငါးသိန်း) ကို အသုံးပြုပြီး တကယ်မောင်းနှင်နိုင်တဲ့ ကားတစ်စီးကို တီထွင် နိုင်ခဲ့ပါတယ်။ သူ့ ရဲ့တစ်နာရီ ၁၂ မိုင်အထိ မောင်းနှင်နိုင်တဲ့ကားရဲ့ အင်ဂျင်တွေကော ပစ်စတင်တွေပါ အရုပ်အတုံးတွေနဲ့ ပြုလုပ်ထားတာပါ။ သြစကြေးလျလူမျိုး ကန်ထရိုက်တာ စတိဗ် ဆမ်မာတီနို ဟာ အင်ဂျင်နီယာ ရာအူးလ် ကို အင်တာနက်ကနေ ခင်မင်ခဲ့ပြီး ဒီကစားစရာအတုံးတွေနဲ့ တကယ့်ကားတစ်စီးပြုလုပ်မယ့် အိုင်ဒီယာကို နှစ်ဦးသားစီစဉ်ခဲ့ကြပါတယ်။

ဆမ်မာတီနိုက BBC သတင်းဌာနကိုပြောကြားခဲ့ရာမှာ သူဟာ ကားရူးသွပ်သူမဟုတ်သလို ဒီ လီဂို ကစားစရာအရုပ်ဆက်အတုံးတွေကို ရူးသွပ်သူလည်း မဟုတ်ပါဘူးတဲ့။ သူဟာ နည်းပညာကို အရမ်းရူးသွပ်တဲ့လူတစ်ယောက်သာဖြစ်ပြီး လူတွေကို သူ့ ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပုံဖော်ပြချင်လို့ အခုအစီအစဉ်ကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော် ဒီ အရမ်းတော်တဲ့ ရိုမေးနီးယန်း အင်ဂျင်နီယာနဲ့ တွေ့ ခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီစိတ်ကူးကို အတူရရှိခဲ့ပြီး အကောင်အထည်ဖော်ဖို့ ငွေကြေးမလုံလောက်ဖြစ်နေခဲ့ ရတယ်။ ဒါနဲ့ ကျွန်တော်လည်း ဒေါ်လာ ၅၀၀ ကနေ ၁၀၀၀ ကြား ရင်းနှီးမတည်ပေးနိုင်မယ့်လူတွေကို လိုက်ရှာရတယ်။” လို့ ဆမ်မာတီနိုက ပြန်ပြောပြပါတယ်။

သူတို့ နှစ်ဦးဟာ ရှစ်လကျော်အချိန်ယူ ၊ ငွေကုန်ကြေးကျခံပြီး နောက်မှာတော့ ဒီ ကားကို ရိုမေးနီးယားမှာ ပြုလုပ်ပြီးစီးခဲ့ပါတယ်။ ပြီးတော့ အော့ဇီ ကို သဘောင်္နဲ့ သယ်ယူပြီး တခြားလိုအပ်တဲ့အစိတ်အပိုင်တစ်ချို့ ကို ပြန်လည်တပ်ဆင်ခဲ့တယ်။
“ ဒီကားကို ကျွန်တော်တို့ မဲလ်ဘုန်းမြို့ ဆင်ခြေဖုံးလမ်းတွေမှာ မောင်းနှင်စမ်းသပ်ခဲ့တယ်။ ကစားစရာအရုပ်တုံးတွေနဲ့ လုပ်တာဆိုတော့ အင်ဂျင်က ကျိုးပဲ့လွယ်တယ်လေ။ နောက်ထပ် ကျွန်တော်တို့ ထိတ်လန့် နေခဲ့တာက ဒီ လီဂိုအရုပ်ကား ထပေါက်ကွဲပြီး လမ်းသွားလမ်းလာလူတွေကို ထိခိုက်မိကုန်မှာ ကိုပေါ့။ ဒီလီဂိုအရုပ်တွေကို တပ်ဆင်တာကိုက လေးပတ်ကြာမြင့် ခဲ့တယ်လေ။ ကျွန်တော့်လက်တွေ အခုထိ နာကျင်နေတုန်းပဲ ။” လို့ ဆမ်မာတီနိုက ပြောကြားခဲ့ပါတယ်။

ဒီ ကားကို လီဂို အရုပ်တုံးတွေနဲ့ ချည်းပြုလုပ်ခဲ့တာဖြစ်ပြီး လေအားသုံးအင်ဂျင်လေးခု နဲ့ ပစ်စတင် ၂၅၆ ခု လုံးကိုပါ လီဂို အရုပ်တွေနဲ့ လုပ်ခဲ့တာပါ။ ဒီကားကို စမ်းသပ်မောင်းနှင်တာ အောင်မြင်ခဲ့ပြီး တစ်နာရီကို ၁၂ မိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။

Ref: mirror.co.uk

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.