အခ်ိန္ၾကာလာတာနဲ႔အမ်ွ အခ်စ္ဆုိတာရုိးအီသြားတတ္သလား??💕

ဒီေမးခြန္းက ခ်စ္ေရးခ်စ္ရာနဲ႔ပတ္သက္လာရင္ အားလံုးလုိလုိေမးခ်င္ေနၾကတဲ႔ေမးခြန္းတစ္ခုျဖစ္မယ္ထင္ပါရဲ႔။ဘာလုိ႔လဲဆုိေတာ့ ဒီေန႔လုိ အင္တာနက္ေခတ္ၾကီးထဲမွာ ကုိယ္ေတြျမင္ေတြ႔ေနရတဲ႔စံုတြဲေတာ္ေတာ္မ်ားမ်ားဟာ ခ်စ္သူျဖစ္စကေတာ့ အမ်ားအားက်ေလာက္ေအာင္ရုိမန္တစ္ဆန္ခဲ႔ၾကျပီး အခ်ိန္ကာလတစ္ခုအေရာက္မွာ ႏွစ္ေယာက္သားျပတ္စဲသြားၾကတာခ်ည္းပါပဲ။

ဒီလုိဆုိ ကုိယ္တုိ႔ေတြ ေမးခြန္းထုတ္မိၾကမယ္။အစကေတာ့ အသက္ေလာက္ခ်စ္တယ္။မခြဲႏုိင္ေအာင္ခ်စ္တယ္၊လံုး၀မခြဲဘူးဆုိျပီးေျပာခဲ႔ၾကတာ ေနာက္ေတာ့ ဒီစကားေတြ ဘယ္ေရာက္သြားလဲ၊တစ္ေယာက္နဲ႔တစ္ေယာက္ မခ်စ္ေတာ့ဘူးလား၊တစ္ေယာက္ကုိတစ္ေယာက္ခ်စ္ရတာရုိးသြားလို႔ေနာက္တစ္ေယာက္ကုိေျပာင္းခ်စ္လုိက္တာလား စသျဖင့္ေပါ့။အဲ႔ဒီလုိ ကုိယ္ေတြမ်က္စိေရွ႔မွာ အရမ္းခ်စ္ၾကတဲ႔ခ်စ္သူေတြဟာလည္းသူစိမ္းျပင္ျပင္ျဖစ္သြားခဲ႔လို႔ အခ်စ္ဆုိတာတကယ္ရွိပါ့မလား၊အခ်စ္ဆုိတာ ေျပာင္းလဲတတ္လားဆုိတဲ႔သံသယေတြျဖစ္လာျပီး အခ်စ္ကုိယံုဖုိ႔ေၾကာက္တတ္လာၾကတာပါ။

ဒီေတာ့ အခ်ိန္ေတြၾကာလာတာနဲ႔အမ်ွ အခ်စ္ဆုိတာရုိးအီသြားတတ္လားဆုိတဲ႔ေမးခြန္းကုိေျဖရမယ္ဆုိရင္ True love never gets old လုိ႔ပဲေျဖရမွာပါပဲ။အခ်စ္စစ္ဆုိတာ ဘယ္ေတာ့မွရုိးအီသြားတာ၊ေဟာင္းႏြမ္းသြားတာမ်ိဳးမရွိပါဘူး။အခ်ိန္ၾကာလာတာနဲ႔အမ်ွ ရုိးအီသြားမယ္။ေျပာင္းလဲသြားမယ္ဆုိရင္ အဲ႔ဒါက အခ်စ္စစ္မဟုတ္လို႔ပါပဲ။တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ၾကလို႔ ခ်စ္သူေတြျဖစ္တယ္ဆုိရံုနဲ႔ အခ်ိန္ေတြအၾကာၾကီးျမဲခဲ႔တယ္ဆုိတာနဲ႔ အခ်စ္စစ္မဟုတ္ေသးပါဘူး။အခ်စ္စစ္ဆုိတာ ကိုယ့္ခ်စ္သူကုိ ခ်စ္တဲ႔အေၾကာင္း အခ်ိန္ကာလနဲ႔အမ်ွ သက္ေသျပရတာမ်ိဳးပဲျဖစ္ပါတယ္။

အခ်စ္စစ္ဆုိတာ ဘယ္ေတာ့မွရိုးအီမသြားသလို အခ်ိန္ၾကာလာတာနဲ႔အမ်ွ ပိုုျပီးတုိးတဲ႔အခ်စ္ေတြ၊ပုိျပီးတုိးတဲ႔နားလည္မႈေတြပဲရွိလာတာပါ။ဒါေၾကာင့္မို႔လို႔ အခုကုိယ့္လက္ထဲမွာရွိေနတဲ႔အခ်စ္ေရးနဲ႔ပတ္သက္လုိ႔ ၾကိဳတင္ေတြးပူမေနပါနဲ႔။ခ်စ္သူကုိခ်စ္ပါ။ဒါေပမဲ႔ ကုိယ့္ဘ၀တုိးတက္ေရးအတြက္လည္းမေမ့ပါနဲ႔။အခ်စ္ကုိမ်က္စိစံုမွိတ္ယံုျပီး သူနဲ႔သာဆုိရင္…ဆုိတဲ႔အေတြးေတြက Kid ေတြရဲ႔အေတြးပါပဲေနာ္။

မိုက္ရူးရဲဆန္ဆန္ခ်စ္တာထက္ အခ်စ္ေရးကုိ ႏူးႏူးညံ႔ညံ႔ကုိင္တြယ္ထိန္းသိမ္းတတ္ဖုိ႔လိုပါတယ္။ကိုယ္တတ္ႏုိင္သေလာက္ခ်စ္မယ္။သူခ်စ္ေပးသေလာက္လက္ခံမယ္။အေပးအယူသာ မ်ွတမယ္ဆုိရင္ ႏွစ္ေယာက္တစ္ဘ၀ျဖစ္မွာပါပဲ။ ေကာက္ရုိးမီးလုိဟုန္းခနဲထေတာက္ျပီးအရွိန္ျပင္းေသြးပူတဲ႔အခ်စ္ထက္ နည္းနည္းခ်င္းစီခ်စ္ျပီး တျဖည္းျဖည္းခ်င္းနားလည္မႈတည္ေဆာက္ကာ အခ်ိန္ေတြအၾကာၾကီးခ်စ္သြားႏုိင္တဲ႔အခ်စ္မ်ိဳးကသာ အခ်စ္စစ္ဆုိတဲ႔လမ္းေၾကာင္းကုိဦးတည္သြားေစမွာပါ 🌸

ဆံုးရွံဳးလိုက္ရတဲ႔အခ်စ္အတုေတြအတြက္ ေၾကကြဲမေနပါနဲ႔။အခ်စ္စစ္ကို မေတြ႔လိုက္မွာစုိးလို႔ပါ💕

Unicode

ဒီမေးခွန်းက ချစ်ရေးချစ်ရာနဲ့ပတ်သက်လာရင် အားလုံးလိုလိုမေးချင်နေကြတဲ့မေးခွန်းတစ်ခုဖြစ်မယ်ထင်ပါရဲ့။ဘာလို့လဲဆိုတော့ ဒီနေ့လို အင်တာနက်ခေတ်ကြီးထဲမှာ ကိုယ်တွေမြင်တွေ့နေရတဲ့စုံတွဲတော်တော်များများဟာ ချစ်သူဖြစ်စကတော့ အများအားကျလောက်အောင်ရိုမန်တစ်ဆန်ခဲ့ကြပြီး အချိန်ကာလတစ်ခုအရောက်မှာ နှစ်ယောက်သားပြတ်စဲသွားကြတာချည်းပါပဲ။

ဒီလိုဆို ကိုယ်တို့တွေ မေးခွန်းထုတ်မိကြမယ်။အစကတော့ အသက်လောက်ချစ်တယ်။မခွဲနိုင်အောင်ချစ်တယ်၊လုံးဝမခွဲဘူးဆိုပြီးပြောခဲ့ကြတာ နောက်တော့ ဒီစကားတွေ ဘယ်ရောက်သွားလဲ၊တစ်ယောက်နဲ့တစ်ယောက် မချစ်တော့ဘူးလား၊တစ်ယောက်ကိုတစ်ယောက်ချစ်ရတာရိုးသွားလို့နောက်တစ်ယောက်ကိုပြောင်းချစ်လိုက်တာလား စသဖြင့်ပေါ့။အဲ့ဒီလို ကိုယ်တွေမျက်စိရှေ့မှာ အရမ်းချစ်ကြတဲ့ချစ်သူတွေဟာလည်းသူစိမ်းပြင်ပြင်ဖြစ်သွားခဲ့လို့ အချစ်ဆိုတာတကယ်ရှိပါ့မလား၊အချစ်ဆိုတာ ပြောင်းလဲတတ်လားဆိုတဲ့သံသယတွေဖြစ်လာပြီး အချစ်ကိုယုံဖို့ကြောက်တတ်လာကြတာပါ။

ဒီတော့ အချိန်တွေကြာလာတာနဲ့အမျှ အချစ်ဆိုတာရိုးအီသွားတတ်လားဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင် True love never gets old လို့ပဲဖြေရမှာပါပဲ။အချစ်စစ်ဆိုတာ ဘယ်တော့မှရိုးအီသွားတာ၊ဟောင်းနွမ်းသွားတာမျိုးမရှိပါဘူး။အချိန်ကြာလာတာနဲ့အမျှ ရိုးအီသွားမယ်။ပြောင်းလဲသွားမယ်ဆိုရင် အဲ့ဒါက အချစ်စစ်မဟုတ်လို့ပါပဲ။တစ်ယောက်နဲ့တစ်ယောက်ချစ်ကြလို့ ချစ်သူတွေဖြစ်တယ်ဆိုရုံနဲ့ အချိန်တွေအကြာကြီးမြဲခဲ့တယ်ဆိုတာနဲ့ အချစ်စစ်မဟုတ်သေးပါဘူး။အချစ်စစ်ဆိုတာ ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း အချိန်ကာလနဲ့အမျှ သက်သေပြရတာမျိုးပဲဖြစ်ပါတယ်။

အချစ်စစ်ဆိုတာ ဘယ်တော့မှရိုးအီမသွားသလို အချိန်ကြာလာတာနဲ့အမျှ ပိုုပြီးတိုးတဲ့အချစ်တွေ၊ပိုပြီးတိုးတဲ့နားလည်မှုတွေပဲရှိလာတာပါ။ဒါကြောင့်မို့လို့ အခုကိုယ့်လက်ထဲမှာရှိနေတဲ့အချစ်ရေးနဲ့ပတ်သက်လို့ ကြိုတင်တွေးပူမနေပါနဲ့။ချစ်သူကိုချစ်ပါ။ဒါပေမဲ့ ကိုယ့်ဘဝတိုးတက်ရေးအတွက်လည်းမမေ့ပါနဲ့။အချစ်ကိုမျက်စိစုံမှိတ်ယုံပြီး သူနဲ့သာဆိုရင်…ဆိုတဲ့အတွေးတွေက Kid တွေရဲ့အတွေးပါပဲနော်။

မိုက်ရူးရဲဆန်ဆန်ချစ်တာထက် အချစ်ရေးကို နူးနူးညံ့ညံ့ကိုင်တွယ်ထိန်းသိမ်းတတ်ဖို့လိုပါတယ်။ကိုယ်တတ်နိုင်သလောက်ချစ်မယ်။သူချစ်ပေးသလောက်လက်ခံမယ်။အပေးအယူသာ မျှတမယ်ဆိုရင် နှစ်ယောက်တစ်ဘဝဖြစ်မှာပါပဲ။ ကောက်ရိုးမီးလိုဟုန်းခနဲထတောက်ပြီးအရှိန်ပြင်းသွေးပူတဲ့အချစ်ထက် နည်းနည်းချင်းစီချစ်ပြီး တဖြည်းဖြည်းချင်းနားလည်မှုတည်ဆောက်ကာ အချိန်တွေအကြာကြီးချစ်သွားနိုင်တဲ့အချစ်မျိုးကသာ အချစ်စစ်ဆိုတဲ့လမ်းကြောင်းကိုဦးတည်သွားစေမှာပါ

ဆုံးရှုံးလိုက်ရတဲ့အချစ်အတုတွေအတွက် ကြေကွဲမနေပါနဲ့။အချစ်စစ်ကို မတွေ့လိုက်မှာစိုးလို့ပါ 💕

945 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.