မိန်းကလေးတစ်ယောက်ကို စိုက်ကြည့်ခြင်းဟာ ရိုင်းပြတဲ့ အပြုအမူလား ?

ကိုယ်မသိတဲ့ မိန်းကလေးတစ်ယောက်ကို အချိန်အကြာကြီး စိုက်ကြည့်နေခြင်းဟာ ရိုင်းပျတဲ့ အပြုမူ
ဖြစ်စေသလားဆိုတော့ မိန်းကလေးအများစုရဲ့အဖြေကတော့ ” အဆင်မပြေဘူး။ စိတ်ရှုပ်စရာကောင်းတဲ့ အပြုမူတစ်ခု ” လို့ စစ်တမ်းအရ တွေ့ရပါတယ်။

Related image

ကြည့်တယ်ဆိုတဲ့ နေရာမှာလည်း ကိုယ့်မျက်လုံးရဲ့အကြည့်ပုံစံက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အမှတ်မထင်ကြည့်မိလိုက်တာမျိုးနဲ့ သေချာ မိန်းကလေးတစ်ယောက်ကို ခေါင်းအစ ခြေအဆုံး လိုက်ကြည့်တာမျိုးက မတူပါဘူး။ စားမလို ဝါးမလို ၊ တဏှာမကင်းတဲ့ အကြည့်မျိုးတွေနဲ့ မိန်းကလေးတစ်ယောက်ကို ကြည့်တာဟာ ရိုင်းပါတယ်။ ကိုယ်နဲ့ရင်းနှီးတဲ့ မိန်းကလေးပဲဖြစ်ဖြစ် ၊ တစ်ခါမှ မသိဖူးခဲ့တဲ့ မိန်းကလေးအပေါ်ပဲ ဖြစ်ဖြစ်ဒီလို မပြုမူသင့်ပါဘူး။ ❌

Related image

အကြည့်ခံရတဲ့ မိန်းကလေးအနေနဲ့လည်း အနေရခက်စေပြီး သူမစိတ်ကိုရှုပ်ထွေးစေပါတယ်။
တစ်ခုတော့ ရှိတာပေါ့။ နှစ်ဦးနှစ်ဖက် စိတ်ဝင်စားကြောင်းပြတဲ့ အကြည့်မျိုးနဲ့ မတူဘူးနော်။ ကိုယ်ကြည့်နေတဲ့ တစ်ဖက်မိန်းကလေးက အလိုမတူဘူးဆိုရင် ဆက်မကြည့်ပါနဲ့။ ကိုယ့်အကြည့်ကြောင့် တစ်ဖက်သား သက်တောင့်သက်သာမရှိတာမျိုး မဖြစ်ပါစေနဲ့။ တကယ်လို့ ဒီမိန်းကလေးကိုမှ မကြည့်မရမနေနိုင်ဖြစ်နေရင် အဝေးတစ်နေရာကပဲ လှမ်းကြည့်ပါ။ ဒါမှမဟုတ်လည်း နေကာမျက်မှန်တပ်ထားပေါ့။

ကြည့်ချင်သပါ့ဆို စက္ကန့်ပိုင်းလောက်ပဲ ကြည့်ပါ။ eye contact လောက်က ကိစ္စမရှိပါဘူး။ သူမလည်း မင်းအကြည့်ကို မလွှဲနိုင်လောက်ဘူးဆိုတဲ့ အတွေးနဲ့ စိုက်ကြည့်မိတဲ့ အမှားမျိုးမလုပ်မိပါစေနဲ့။
မင်းကြည့်နေတာ သူမြင်ချင်မြင်လိမ့်မယ်။ ဒါပေမယ့် သူမလည်း မင်းကိုစိတ်ဝင်စားတယ်ဆိုရင်
အကြည့်တွေကနေ စကားပြောသွားပါလိမ့်မယ်။

ကိုယ့်ရဲ့ဘာရယ်မဟုတ်တဲ့ အကြည့်တွေကြောင့် stalker တစ်ယောက်လို့တော့ အထင်မခံရပါစေနဲ့။ အကောင်းဆုံးကတော့ ကိုယ့်အထာနဲ့ ကိုယ်နေ။ ဒီလိုမိန်ကလေးတွေကို လိုက်ကြည့်နေခြင်းဟာ
မင်းရဲ့ Impression ကိုလည်း ကျစေပါတယ်။ ဒါကြောင့် ကိုယ်ဟာ ကောင်မလေးတွေမြင်ရင် စိုက်ပြီး ကြည့်မိနေလား .. ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ပါ။ ပြီးရင်တော့ ဒီအကျင့်ကြီးကို ပြင်လိုက်တော့နော်။

257 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.