BIGBANG ကတော့ နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူခဲ့ပြန်ပါပြီ 😇
Unicode
ယောကျာ်းလေးပရိသတ်ရော မိန်းကလေးပရိသတ်တွေပါ သဘောကျနှစ်သက်ကြတဲ့တောင်ကိုရီးယားကေပေါ့ပ် BIGBANG အဖွဲ့ကတော့ အောငြ်မင်မှုမှတ်တိုင်တစ်ခုထပ်ပြီးရခဲ့ပြန်ပါပြီ။ သူတို့ရဲ ့official YouTube channel ကနေ အဖွဲ့ဝင်ကြေးပေးသွင်းပြီးကြည့်ရှုကြသူပရိသတ် ၁ဝသန်းတောင်ရရှိခဲ့ပါပြီတဲ့ 😮
စက်တင်ဘာလ ၁ဝရက်နေ့မှာပဲ BIGBANG ရဲ ့YouTube channel ဟာ ပရိသတ်၁ဝသန်းပြည့်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုး ငွေကြေးလည်းပုံမှန်ရနေပြီး ပရိသတ်အားပေးမှုလည်းအခိုင်အမာရနေတဲ့ Channel တွေကို YouTube ကလည်း အမြဲတမ်းစောင့်ကြည့်သိရှိနေတာဖြစ်ရာ ပရိသတ်တွေအပေါ်လွှမ်းမိုးနိုင်လွန်းတဲ့သူတို့ရဲ ့Channel ကို Diamond Creator Award (Diamond Play Button )ဆုပေးအပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ် 😎
ဒီလိုမျိုး Youtube ကနေချီးမြှင့်တဲ့ဆုရရှိတာဟာ ကေပေါ့ပ်လောကမှာ သူတို့က သုံးကြိမ်မြောက်အဆိုတော်အဖွဲ့ဖြစ်ပါတယ်။ပထမနှစ်ကြိမ်အသိအမှတ်ပြုခံရတာကတော့ BLACKPINK နဲ့ BTS အဖွဲ့ပါပဲ။BIGBANG အဖွဲ့ဟာ ဒီလိုအောင်မြင်မှုတွေအပြင် နိုင်ငံတကာပရိသတ်တွေလည်းအခိုင်အမာရထားတယ်ဆိုတာ ကြည့်ရှုသူ သန်း ၁ဝဝကျော်တဲ့ သီချင်းဗီဒီယိုတွေနဲ့သက်သေပြခဲ့တာပဲဖြစ်ပါတယ်။
သူတို့ရဲ ့“Fantastic Baby” သီချင်းဗီဒီယိုဟာကြည့်ရှုသူပရိသတ် သန်း ၃၅ဝကျော်ရရှိခဲ့ပြီး “Bang Bang Bang” သီချင်းဗီဒီယိုဟာလည်းသန်း ၃ဝဝနီးပါးပရိသတ်ကြည့်ရှုမှုရရှိခဲ့တာဖြစ်ပါတယ်။G-Dragon ရဲ ့ “Who You?” သီချင်းဟာလည်း သန်း ၁ဝဝနီးပါးပရိသတ်ကြည့်ရှုမှုရှိခဲ့ပြီး သူတို့ရဲ့ဗီဒီယိုအတော််များများဟာ အောင်မြင်မှုကိုယ်စီရခဲ့တယ်လို့ပဲပြောရမှာပါပဲ။
G-Dragon ၊ T.O.P ၊ Taeyang ၊ Daesung ၊ Seungri စတဲ့အဖွဲ့ဝင်ငါးယောက်နဲ့ဖွဲ့စည်းထားတဲ့ BIGBANG အဖွဲ့ဟာ ဒီနှစ်ထဲမှာဆိုရင်အနုပညာသက်တမ်း ၁၂ နှစ်ပြည့်နှစ်ပတ်လည်ကျင်းပခဲ့ပြီး အဖွဲ့ဝင်လေးယောက်ကတော့ လက်ရှိစစ်မှုထမ်းဆောင်နေဆဲဖြစ်ပါတယ်။အငယ်ဆုံးအဖွဲ့ဝင် Seungri ကတော့ တစ်ကိုယ်တော်အခွေနဲ့ အဖွဲ့လိုက်ဖျော်ဖြေပွဲတွေကျင်းပနိုင်ဖို့ တက်တက်ကြွကြွလှုပ်ရှားပေးလျက်ရှိတယ်လို့သိရပါတယ်။
Congratulations to BIGBANG on the amazing achievement!
410 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.